Wednesday, May 29, 2019

ကျောင်းအဆင့်တိုးခြင်းနှင့်အတူပါလာတတ်သည့်သောကများ



----------------------------------------------------------------
နွေရာသီ၏အပူဒဏ်​ကိုခံရင်းငြိမ်​သက်​​နေခဲ့ရသည့်​​ကျောင်းများသည်​​မေလ၏မိုး​ရေစက်​များနှင့်​အတူလှုပ်​ရှားအသက်​၀င်​လာ​ပေ​တော့မည်​။ပြက္ခဒိန်​နှစ်​တစ်​နှစ်​၏​မေလသည်​ ပညာ​ရေး​လောကသားတို့၏ရင်​ခုန်​စရာလည်း
ကောင်း​သောလဖြစ်​​သည်​။အဘယ်​​ကြောင့်​ဆို​သော်​​မေလတွင်​ပညာ​ရေးဝန်​ထမ်းများ၏ရာထူးတိုးအ​ပြောင်းအ
ရွေ့များ​ကြေငြာသည့်​အတွက်​ ပညာ​ရေးဝန်​ထမ်းများအ​နေနှင့်​ရင်​တခုန်​ခုန်​နှင့်​​မျှော်​ကြရသည်​။ထို့အတူ ​ကျောင်းအဆင့်​တိုးတင်​ထားသည့်​​ကျောင်းများမှာလည်းအဆင့်​တိုး​အော်​ဒါများထွက်​သည့်​အတွက်​ပညာ​ရေး​လောကတွင်​အဆင့်​တိုးသည့်​​ကျောင်းများအတွက်​ရယ်​ရ​မောရ​ပြောစရာများဖြစ်​​နေ​သည်​။အ​ကြောင်းနှင့်​အကျိုးသည်​ဒွန်​တွဲ​နေသည့်​အတွက်​ ရယ်​စရာ​နောက်​ကပါလာသည့်​​မောစရာ​လေးများလည်းရှိ​ပါသည်​။
၂၀၁၈/၂၀၁၉(ပညာသင်​နှစ်​)အတွက်​ပညာ​ရေးဝန်​ကြီးဌာနမှတရာဝင်​ခွင့်​ပြုသည့်​​အဆင့်​တိုးသည့်​​ကျောင်းအ​ရေအတွက်​မှာတစ်​နိုင်​ငံလုံးအတိုင်းအတာနှင့်​ဆိုလျှင်​အ​ခြေခံပညာ​ကျောင်း​ပေါင်း(၆၃၈၆)​ကျောင်းအဆင့်​တိုးမြင့်​ဖွင့်​လှစ်​ခွင့်​​ပေးခဲ့ပါသည်​။
အထက(ခွဲ)မှအထကအဖြစ်​၃၁၅​ကျောင်း
အလကမှအထက(ခွဲ)အဖြစ်​၅၈၆​ကျောင်း
အလက(ခွဲ)မှအလကအဖြစ်​၂၀၀၉​ကျောင်း
မူလွန်​မှအလက(ခွဲ)အဖြစ်​၁၀၇၆​ကျောင်း
အမကမှမူလွန်​အဖြစ်​၁၀၀၈​ကျောင်း
အမက(ခွဲ)မှအမကအဖြစ်​၈၆၄​ကျောင်း
ကအက၊အမက(ခွဲ)အဖြစ်​၅၂၈​ကျောင်း
အသီးသီးအဆင့်​တိုးမြင့်​ဖွင့်​လှစ်​​ပေးခဲ့ပါသည်​။ကျောင်းအဆင့်​တိုးပါသည့်​​ကျောင်းများရှိ​ကျောင်းအုပ်​ကြီးများအ​နေဖြင့်​အချို့ကမိမိ​နေရာတွင်​ဆက်​​နေနိုင်​သည့်​ဆရာကြီးများရှိသလို၊အချို့ဆရာကြီးများမှာလည်း​ကျောင်းနှင့်​အတူအဆင့်​လိုက်​မတိုးနိုင်​သည့်​အတွက်​မိမိ၏လက်​ရှိ​နေရာကိုဖယ်​​ပေးကြရ​တော့မည်​။ဥပမာ..အလက(ခွဲ)​ကျောင်းများရှိမူအုပ်​များသည်​မိမိ​ကျောင်းအလက​ကျောင်းအဖြစ်​အဆင့်​တိုးသွားသည့်​အတွက်​မိမိ​နေရာတွင်​လယ်​အုပ်​တစ်
ယောက်​​ရောက်​လာ​တော့မည်​။ဤသို့​သောအ​ခြေအ​နေတွင်​သက်​ဆိုင်​ရာမူအုပ်​သည်​အ​ပြောင်းအ​ရွှေ့​လျှောက်​လွှာတင်​ပြီးချက်​ခြင်းဆိုသလို​နေရာဖယ်​​ပေးဖို့ပြင်​ဆင်​ကြရပါသည်​။မိမိလက်​ထက်​တွင်​မိမိ​ကျောင်းကိုအဆင့်​တိုး
အောင်​​ဆောင်​ရွက်​​ပေးခဲ့နိုင်​၍၀မ်းသာမိသလိုမိမိအ​နေဖြင့်​အခြားမည်​သည့်​​ကျောင်းကို​ရောက်​မည့်​မသိ​သေး
သည့်​အတွက်​ရင်​​မောကြရသည်​။ဌာနဆိုင်​ရာလုပ်​ထုံးလုပ်​နည်းများအရထိုကဲ့သို့​နေရာဖယ်​​ပေးရသည်​၀န်​ထမ်းကိုလည်း​ကောင်း​ပြောင်း​ရွှေ့လို​သော​ကျောင်း၌​နေရာရှိမရှိစိစစ်​၍ရှိလျှင်​ဦးစား​ပေး​အစီအစဉ်​ဖြင့်​​ဆောင်​ရွက်​​ပေးရ
မြဲဖြစ်​ပါသည်​။တောင်းဆိုသူဖက်​ကလည်း လစ်​လပ်​​နေရာရှိမရှိစုံစမ်းပြိးမှသာ ​တောင်းဆိုကြသည်​။
အလက(ခွဲ)အဖြစ်​မှအလကအဖြစ်​သို့အဆင့်​တိုးသွားသည့်​​ကျောင်းတစ်​​ကျောင်းမှအမည်​မ​ဖော်​လိုသူ​ကျောင်းအုပ်​ဆရာကြီးတစ်​ဦးကလည်း ​နေရာဖယ်​​ပေးရမှုအ​ပေါ်တွင်​လည်း​ကောင်း၏အမြင်​​ပြောရာတွင်​''​​​ကျောင်းအဆင့်
တိုးတဲ့အတွက်​ ကိုယ့်​ရဲ့ကြိုးစားမှုအ​ပေါ်မှာ ​ကျေနပ်​မိပါတယ်​။ဒါ​ပေမယ့်​​နေရာဖယ်​​ပေးဖို့အတွက်​လစ်​လပ်​​နေတဲ့
ကျောင်း​​နေရာ​တွေကိုကျွန်​​တော်​တို့အ​နေနဲ့​တောင်းရာမှာ မြို့နယ်​နဲ့ခရိုင်​ရုံး​တွေက​မျက်​နှာလိုက်​တာမျိုး​တွေ
ရှိပါတယ်​။ကျွန်​​တော်​တို့က​​နေရာတစ်​​နေရာအတွက်​​ငွေ​ကြေးနဲ့လုရမလိုဖြစ်​​နေတယ်​။ဒါ​တွေက​တော့တကယ့်​ကိုမဖြစ်​သင့်​ဘူးလို့ထင်​ပါတယ်​။ကျွန်​​တော်​တို့လုပ်​သက်​နဲ့ဖြစ်​​စေတန်းစီပြီးမျှမျှတတခန့်​​ပေးမယ်​ဆိုရင်​​တော့ပို
ကောင်းတာ​ပေါ့​လေ။အခု​တော့ဘယ်​​နေရာ​ရောက်​မလဲမ​ပြောတတ်​​သေးပါဘူး။''ဟုလည်း​ကောင်း၏ အ​ပြောင်းအ​ရွှေ့အတွက်​အားမလိုအားမရနဲ့​ပြောပါတယ်​။
ဤ​နေရာတွင်​ မြို့နယ်​၏လုပ်​ပိုင်​ခွင့်​ရှိသူများနှင့်​အလွန်းသင့်​ကြသူများကပြဿ     နာမဟုတ်​​သော်​လည်း ရုံးနှင့်​အလွန်းမသင်​ကြသူများအ​နေဖြင့်​ မိမိလိုချင်​သည့်​​နေရာရရန်​အခက်​အခဲရှိကြ​သည်​။ပိုင်​ရာဆိုင်​ရာများ၏ လုပ်​ပိုင်​ခွင့်​သည်​ ​နေရာတိုင်းတွင်​အ​ရေးပါအရာ​ရောက်​လွန်းခြင်း​ကြောင့်​မဟုတ်​မခံမမှန်​မလုပ်​သမားများအတွက်
နစ်​နာရမှုသည်​ ထင်​သာမြင်​သာမရှိလှ​။အောင့်​သက်​သက်​နှင့်​ပင်​ ခံကြရသည့်​သ​ဘောပင်​။လူသည်​အမှားမကင်းဟုဆို​သော်​လည်း အမှားများ​နေသည့်​​နေရာတွင်​အမှန်​သမားများ​​နေရာမရဖြစ်​ရခြင်းသည်​ စိတ်​ပျက်​စရာပင်​။
အချို့​ဒေသများတွင်​ က​လေးများ​ချောင်းကူး​မြောင်းကူး​ကျောင်းတက်​ကြရသည့်​အတွက်​ ကုတို့​လှေနစ်​မြုပ်​ပြီး အချိန်​မတန်​ဘဲ​ကြွေလွင့်​ခဲ့ရသည့်​က​လေးများသည်​ မိမိတို့​ဒေသတွင်​မူလတန်း/မူလွန်​အဆင့်​သာရှိပြီး အလယ်​တန်းသို့မဟုတ်​အထက်​တန်းပညာကိုဆက်​သင်​နိုင်​ရန်​ ​မိမိတို့နှင့်​နီးစပ်​ရာအထက်​တန်းအလယ်​တန်း​ကျောင်းများကိုသွား​ရောက်​ပညာသင်​ယူရသည့်​အတွက်​မြစ်​​ချောင်း​ပေါများသည့်​ရခိုင်​ပြည်​နယ်​၊ဧရာဝတီတိုင်း​ဒေသကြီးကဲ့သို့​ဒေသများတွင်​ကုတို့​လှေနစ်​မြုပ်​၍က​လေးများ၏အသက်​ဆုံးရှုံးခဲ့ကြရသည်​။ဤအချက်​များကိုပညာ​ရေးဝန်​ကြီးဌာနမှ ​ဖြေရှင်းရာတွင်​ ​ကျောင်းများအဆင့်​မြှင့်​​ပေးခြင်းလည်းတစ်​ခုပါဝင်​​သည်​။ဤသို​ဖြေရှင်း​ပေးမှုတို့သည်​​ဒေသခံတို့အတွက်​၀မ်း​မြောက်​စရာပင်​ဖြစ်​ပါသည်​။
ရခိုင်​ပြည်​နယ်​၊ရ​သေ့​တောင်​မြို့နယ်​မှယခုပညာသင်​နှစ်​တွင်​​မူလွန်​​ကျောင်းမှအလက(ခွဲ)အဖြစ်​သို့အဆင့်​တိုးလာသည်​(ယခုအလက(ခွဲ)​အောင်​​မြေကုန်း)​ကျောင်း၏​ကျောင်းအုပ်​ဆရာကြီးဖြစ်​သူဦးဇာနည်​​မောင်​က​ကျောင်းအဆင့်​တိုးမှုအ​ပေါ်သူ၏အမြင်​ကိုယခုလို​ပြောပြပါသည်​။''​ကျောင်းအဆင့်​တိုးတာနဲ့ပတ်​သက်​လို့ ကျွန်​​တော်​၀မ်းသာပါတယ်​ ကျွန်​​တော်​​ကျောင်းက​နေပြီးဒီနှစ်​​ခြောက်​တန်း​အောင်​တဲ့က​လေး​တွေ ​ချောင်းကူးပြီးတခြားမှာ​ကျောင်းသွားတက်​စရာမလို​တော့ဘူး။ပြီး​တော့ အ​ဝေးမှာ​ကျောင်းသွားမတက်​နိုင်​လို့၆တန်း​အောင်​ပြိး​ကျောင်းထွက်​ရမဲ့က​လေး​တွေလည်းပညာဆက်​သင်​နိုင်​​တော့မယ်​ အဲဒီအချက်​​တွေ​ကြောင့်​ကျွန်​​တော်​​ပျော်​ပါတယ်​။တစ်​ဖက်​ကလည်း ​ကျောင်းအဆင့်​တိုးလာတဲ့အ​ပေါ်မှာ
ကျွန်​​တော်​တို့​ကျောင်းရဲ့စာသင်​ခန်းလိုအပ်​ချက်​​တွေ၊စာ​ရေးခုံလိုအပ်​ချက်​​တွေနဲ့သင်​ကြားမယ့်​ဆရာ၊ဆရာမလိုအပ်​ချက်​​တွေအတွက်​​တော့ဖိအားတစ်​ခုလိုခံစားရပါတယ်​။ဌာနကတရားဝင်​ခွင့်​ပြု​ပေးမှာက ကြာအုံးမှာ​လေ ​လော​လောဆယ်​​ကျောင်းဖွင့်​တာနဲ့ကျွန်​​တော်​တို့သင်​ကြား​ရေးလုပ်​နိုင်​​အောင်​အတွက်​ ​ကျောင်းသားမိဘ​တွေနဲ့တိုင်​ပင်​ပြီး စာသင်​​ဆောင်​၊နဲ့စာ​ရေးခုံ​တွေထပ်​လုပ်​ဖို့တိုင်​ပင်​ထားပါတယ်​။ပြီး​တော့အ​ပြောင်းအ​ရွေ့​အော်​ဒါ​တွေထွက်​ရင်
ဝန်​ထမ်း​တွေထပ်​ကျလာဖို့လည်းဆု​တောင်းပါတယ်​။ဘာလို့လဲဆို​တော့စာသင်​​ဆောင်​မရှိတာကအဆင်​​ပြေ​အောင်​တစ်​​နေရာမှာသင်​လို့ရ​သေးတယ်​​လေ။ဥပမာ ဘုန်းကြီး​ကျောင်းတို့လို​နေရာမျိုး​ပေါ့။သင်​ကြားမယ်​ဆရာမရှိတာကြ​တော့ ​တော်​​တော်​​လေးအခက်​ကြုံရပါတယ်​။အပြင်​ကသင်​နိုင်​မယ့်​ ဆရာ၊ဆရာမငှါးဖို့ဆိုတာကလည်း​ငွေ​ကြေးကအစ
အခက်​အခဲရှိ​တော့​ကျောင်းသားမိဘ​တွေအ​ပေါ်ဘူး​လေးရာဖရုံဆင့်​ဆိုသလိုမဖြစ်​​စေချင်​ပါဘူး အလက(ခွဲ)ဖြစ်​တာကိုဝမ်းသာ​ပါတယ်​။ဒါ​ပေမယ့်​ ​အလက(ခွဲ)​ကျောင်းတစ်​​ကျောင်းရဲ့အင်္ဂါ၇ပ်​နဲ့ကိုက်​ညီ​အောင် ​ကျောင်းသားမိဘ​တွေဘက်​က​ငွေဆယ်​သိန်း​လောက်​အကုန်​အကျခံနိုင်​မှလုပ်​လို့ရမယ့်​သ​ဘောပါပဲ​''ဟု​ကျောင်းအဆင့်​တိုးခြင်းအ​ပေါ်လည်း​ကောင်း၏အမြင်​ကို​ပြောပြပါတယ်​။
ကိုယ်​ထူကိုယ်​ထ​ကျောင်းအဖြစ်​မှအမက(ခွဲ)အဖြစ်​တိုးမြင့်​ဖွင့်​လှစ်​ခွင့်​ရ​အောင်​​ဆောင်​ရွက်​ခဲ့သည့်​ဆရာတစ်​ဦးကလည်း မိမိတို့အ​နေဖြင့်​ကိုယ်​ထူကိုယ်​ထအဖြစ်​​ဆောင်​ရွက်​ခဲ့စဉ်​ကပင်​ယခုအမက(ခွဲ)ဖြစ်​လာသည့်​အထိ အခက်​အခဲများရှိခဲ့ပြီး ​ကျောင်းသားအင်​အားမှအစ သတ်​မှတ်​ချက်​ပြည့်​မှီ​အောင်​​ဆောင်​ရွက်​ရာတွင်​ ​ကျေးရွာရှိ
ကျောင်းသားမိဘများကိုသ​ဘော​ပေါက်​​အောင်​မနည်းစည်းရုံးရ​ကြောင်းယခုလို​ပြောပြပါသည်​။''ကျွန်​​တော်​တို့ရွာမှာကအထက်​တန်း​ကျောင်းရှိပါတယ်​။အိမ်​​ခြေ၅၀၀​ကျော်​လာရှိတဲ့ရွာတစ်​ရွာမှာ အထက်​​တန်း​ကျောင်းမှာ​ကျောင်းသားဦး​ရေကတစ်​​ထောင်​​ကျော်​ပါတယ်​ အထူးသဖြင့်​မူလတန်းအဆင့်​မှာ အတန်းတစ်​တန်းမှာ​ကျောင်းသား၈၀​ကျော်​တယ်​။မူလတန်းအဆင့်​အားလုံးဆိုရင်​ ​ကျောင်းသား၄၀၀​ကျော်​ ၅၀၀နီးပါး​လောက်​ဖြစ်​တယ်​။စာသင်​ခန်းကလည်းအခက်​အခဲရှိ​တော့ ကျွန်​​တော်​တို့​ကျေးရွာအ​နေနဲ့ အမက​ကျောင်းတစ်​​ကျောင်း​လောက်​ရှိသင့်​ပြီ​ပေါ့​နော်​ ကျွန်​​တော်​​ဒေသက အခြားအိမ်​​ခြေ၅၀၀​ကျော်​တဲ့ရွာ​တွေမှာက ရွာတိုင်းမှာ အထက်​တန်း​ကျောင်းတစ်​​ကျောင်း၊မူလတန်း​ကျောင်းတစ်​​ကျောင်းရှိကြတယ်​။အဲဒီလို့အပ်​ချက်​ကိုဖြည့်​ဖို့အတွက်​ကျွန်​​တော်​တို့ခုလိုအမက(ခွဲ)အဆင့်​ရ​အောင်​ကြိုးစားလာတာဖြစ်​ပါတယ်​။နောက်​တစ်​ဆင့်​ဖြစ်​တဲ့အမက​ကျောင်း
ဖြစ်​​အောင်​လည်းဆက်​ကြိုးစားသွားမှာပါ။ကိုယ်​ထူကိုယ်​ထ​ကျောင်းအဖြစ်​စလုပ်​ကတည်းက​ကျောင်းသားမိဘ​တွေကိုစည်းရုံးရတာ​ပေါ့။အမက(ခွဲ)​လျှောက်​ခွင့်​ရ​အောင်​​ကျောင်းသားအင်​အားပြည့်​မှီဖို့လို​တယ်​​လေ။တစ်​ချို့မိဘ​တွေကသ​ဘော​ပေါက်​ကြ​ပေမယ့်​တစ်​ချို့ကြ​တော့မနည်း​ပြောရတယ်​။ကိုယ်​ထူကိုယ်​ထ​ကျောင်းမှာဆရာအင်​အားလည်းမပြည့်​စုံဘူး၊​ကျောင်းအ​ဆောက်​အဦကအစအခက်​အခဲရှိ​တော့ ကိုယ်​သားသမီးကို ပို​ကောင်းမယ့်​​နေရာပိုချင်​ကြတာလည်းသဘာဝကျပါတယ်​။ဒါ​ပေမယ့်​ကျွန်​​တော်​တို့ ဒီလိုအပ်​ချက်​​တွေဖြည့်​စည်းရင်းကြိုးစားမှ ဌာနကတရားဝင်​ခွင့်​ပြုတဲ့အမက​ကျောင်းဖြစ်​လာမယ်​ဆိုတာ​တွေကို
မိဘ​တွေကိုသ​ဘော​ပေါက်​​အောင်​ရှင်းပြရပါတယ်​။နောက်​တစ်​ခုက ​ကျောင်းအတွက်​လိုအပ်​တဲ့​ငွေ​ကြေးအတွက်​လည်း ကျွန်​​တော်​တို့စိုက်​ထုတ်​သုံးစွဲရတာများပါတယ်​။ဒီနှစ်​အမက(ခွဲ)ဖြစ်​ပြီး​နောက်​နှစ်​ဆိုရင်​​တော့အ​ခြေအ​နေကကိုယ်​ထူကိုယ်​ထ​ကျောင်းထက်​​တော့လုပ်​ရကိုင်​ရအဆင်​​ပြေမှာပါလို့​ပြောပါတယ်​။
ကျောင်းအဆင့်​တိုးရာတွင်​​ဒေသနှင့်​​ကျောင်းလိုက်​​လျောညီ​ထွေဖြစ်​မှုမရှိသည့်​အချက်​များကိုလည်း​တွေရသည်​။
ဆိုလိုသည်​မှာ​ဒေသသည်​မူလွန်​အဆင့်​​လောက်​သာဖြစ်​သင့်​ပြီးအလကအဆင့်​ဖြစ်​လာသည့်​အခါ အလယ်​တန်း​ကျောင်းတစ်​​ကျောင်း၏အင်္ဂါရပ်​များနှင့်​အညီပြုလုပ်​​ပေးခြင်းသည်​မ​ရောင်​ရာဆိ​လူး​ပေးသည့်​အဖြစ်​မျိုးဖြစ်​ပါသည်​။အချို့​ကျောင်းများသည်​​ကျောင်းသားဥိး​ရေအားဖြင့်​နည်းလွန်း​သော်​လည်းမူလွန်​၊အလက(ခွဲ)ဖြစ်​​နေသည်​များရှိပါသည်​။ထို့အတူ ​ကျောင်းသားအင်​အားနှင့်​​ဒေသအ​ခြေအ​နေအရလိုအပ်​မှုရှိ​သော်​လည်းရှိသင့်​သည့်​အဆင့်​မရှိသည့်​​ကျောင်းမျိုးလည်းရှိ​ပေသည်​။ဤအချက်​သည်​ သက်​ဆိုင်​ရာမြို့နယ်​ရုံး၏စိစစ်​​ဆောင်​ရွက်​မှုအားနည်းချက်​​ကြောင့်​ဖြစ်​သည်​ဟုယူဆနိုင်​​သည်​။ကျောင်းအဆင့်​တိုးများကိုသက်​ဆိုင်​ရာပညာသင်​နှစ်​၏စက်​တင်​ဘာလ​လောက်​တွင်​တင်​ကြရပါသည်​။ကျောင်းအဆင့်​တိုးတင်​ကြရာတွင်​ သက်​ဆိုင်​ရာ​ကျောင်းအုပ်​ဆရာကြီးများနှင့်​​ကျောင်းသားမိဘများတိုင်​ပင်​၍မိမိတို့​ကျောင်းအဆင့်​တိုး
အောင်​​ဆောင်​ရွက်​နိုင်​ရန်​စုစည်းမှုယူကြရသည်​။စုစည်းမှုယူသည်​ဟုဆိုရာတွင်​လိုအပ်​မည့်​​ငွေ​ရေး​ကြေး​ရေးကို​ဖြေရှင်းနိုင်​ရန်​စု​ဝေးတိုင်​ပင်​ကြသည့်​သ​ဘောဖြစ်​သည်​။မိမိတို့​၏သားသမီးများ၊တပည့်​များ
အိုးမကွာအိမ်​မကွာပညာစည်းပူးနိုင်​ရန်​အတွက်​ကြိုးစားလုပ်​​ဆောင်​မှုတစ်​ခုပင်​ဖြစ်​သည်​။ကျောင်းအဆင့်​တိုးတင်​ရာတွင်​​ငွေ​ကြေးအားဖြင့်​တစ်​သိန်းခွဲဝန်းကျင်​ကုန်​ကျသည်​ဟုသိရပါသည်​။လိုအပ်​သည်​စာရွက်​စာတမ်းအမှုတွဲကို
မိတ္တူ၅​စောင်​ဆွဲ၍အဆင့်​ဆင့်​ပို့ရသည်​။ဤ​နေရာတွင်​​ကျောင်းအဆင့်​တိုးအတွက်​အမှုတွဲ​ဆောင်​ရွက်​ရာတွင်​ကုန်​ကျစရိတ်​သည်​များလွန်းပါသည်​။ဌာနဆိုင်​ရာဆိုသူများထံမှ​ထောက်​ခံချက်​အဆင့်​ဆင့်​ယူကြရ၍ဟုလိုင်းကိုင်​စာ​ရေးများက​ပြော​လေ့ရှိပါသည်​။ထို့​ကြောင့်​​ကျောင်းအဆင့်​များတိုးမြှင့်​ဖွင့်​လှစ်​နိုင်​ခြင်း​ကြောင့်​ အမှုတွဲလုပ်​စားများလည်းအလုပ်​ဖြစ်​ကြလိမ့်​မည်​ဟုယူဆရသည်​။

ပန်းသီကြိုး(ရ​သေ့​တောင်​)

Sunday, May 26, 2019

အိုးရွဲကိုစလောင်းရွဲဖြင့်ဖုံးနေကြသူများနှင့်ယဉ်ကျေးသောအသုံးအနှုန်းများ



            ကျွန်တော်တို့ဖြတ်သန်းလာရသော ခေတ်တစ်လျှောက် လူကြီးသူမများပြောစကားတွင် ခေတ်ကောင်းစဉ်က ဘယ်
ကဲ့သို့ရှိကြောင်း ။ဘယ်လိုအဆင်ပြေကြောင်း။မိသားစုတစ်စုတွင် တစ်ဦးအလုပ်လုပ်ရုံဖြင့် မပူပင်မကြောင့်ကြဘဲ စားနိုင်
သောက်နိုင်ကြောင်း ။ ကြားဖူးသည်။ထိုကဲ့သို့ မကြာခဏပြောကြသည့် လူကြီးများသည် ယခုအခါ အသက် ၈၀နှင့်၉၀ကြား
သို့ချဉ်းနင်းဝင်ရောက်နေပြီဖြစ်သည်။အဆိုပါလူကြီးများ အရွယ်ကောင်းစဉ်သို့လမ်းမျှော်ကြည့်လျှင်မြန်မာနိုင်ငံလွတ်လပ်ရေး
ရပြီးစအချိန်(သို့)လွတ်လပ်ရေးကြိုးပမ်းစဉ်အချိန်ဖြစ်နေသသည်။၎င်းအချိန်ကာလများသည်  အမှန်တကယ်ခေတ်ကောင်းခဲ့
သည်လားဟုတွေးကြည့်လျှင် တော်လှန်ရေးကာလ ပြန်လည်ထူထောင်ရေးကာလများ ဖြစ်၍ဘ၀င်မကျချင်ဖြစ်မိသည်။
              သို့သော် ခေတ်ကောင်းစဉ်အခါဟုပြောသော လူကြီးများတွင် သူတို့ဖြတ်သန်းခဲ့ရသောကာလတစ်ခုကို အမှန်တကယ် လွမ်းဆွတ်၍ပြောနေပုံမျိုးဖြစ်ပါသည်။
               မိမိဉာဏ်မီသလောက်တွေးကြည့်မိသည် ။ထိုစဉ်ကလူတို့သည် ယခုလူတို့ထက်လောဘနည်းကြမည်။ယခုလူ
တွေထက်ရောက်ရဲတတ်ကြမည်။ထိုစဉ်ကလူဦးရေနှင့် ယခုလူဦးရေလည်းမတူတော့ပြီ။အစစပြောင်းလဲခဲ့ပေပြီ။
            အုပ်ချုပ်သူလူတန်းစားနှင့်အုပ်ချုပ်ခံလူတန်းစားတို့ကြားမှ လူနေမှု အဆင့်အတန်းကွာဟမှုမြင့်မားလာသည်။
အာဏာကိုမြတ်နိုးသူများသည် ပြည်သူကိုငဲ့ကွက်ရကောင်းမှန်း မသိကြတော့။မိမိတို့ အာဏာတည်မြဲရေးကိုသာရှေးရှုကြ
သည်။အုပ်ချုပ်ရေးစနစ်တွင် လာတ်ပေးလာတ်ယူမှုများဖွံ့ဖြိုးတိုးတက်လာသည်။ယခင်ရှေးလူကြီးများပြောခဲ့သော
ငွေများတရားနိုင် ဆိုသည်မှာလည်း ယခုခေတ်နှင့်ကိုက်ညီနေသည်။
            တရားသူကြီးများ၏ဥပဒေရေးရာကျွမ်းကျင်မှုသည် ၎င်းတို့၏သားသမီးများ လူတလုံးသူတလုံးဖြစ်အောင် လူပုံအလယ်မျက်နှာမငယ်ရအောာင် ပြုစုပျိုးထောင်နိုင်သည် ငွေကြေးပြည့်စုံမှုတို့နှင့်မုဒိတာပွားစရာပင်။အမှုသည်များ၏
မျက်ရည်ပေါက်ကြီးငယ်သည် ခေတ်စနစ်၏အောက်တွင် ပုဒ်မတပ်စရာရှာမရခဲ့။ဌာနဆိုင်ရာအသီးသီး၏ ဆင့်ကဲဆင့်ကဲ
လာတ်စားမှုသည် ယဉ်ကျေးမှုတစ်ရပ်လို ဖြစ်လာသည်။
          ထို့ကြောင့်ပင် လာတ်ငွေပေးခြင်းကို ကန်တော့သည်ဟု လှလှပပ သုံးနှုန်းကြသည်။ဝန်ထမ်းများတာဝန်မကျေခြင်း
ကိုပင် နားလည်မှု ဟူသော အသုံးအနှုန်းဖြင့်တန်ဆာဆင်ကြပြန်သေးသည်။နှစ်ဖက်မျှစားသည်ကို ညှိယူသည် ဟုပြောကြပြန်
သည်။ပြောင်ကျကျတောင်းရဲ စားရဲသူကိုပင် အပြစ်မမြင်နိုင်သည်များကလည်းရှိသေးသည်။သူက ပွင့်ပွင့်လင်းလင်းသမားဟု
ချီးကျူးထောပနာပြုကြသည်။
           တာဝန်ကျေသူ ၊ စည်းစနစ်ကျသူကို ၊ ကျောသားရင်သားမခွဲတတ်သူ အထက်လူကြီးများကိုမူ စာအုပ်ကြီးသမားဟု
ကင်ပွန်းတပ်လိုက်ကြသည်။ပညာခေတ်တွင် ကြီးပြင်းလာသူများဖြစ်၍ပင် စကားကိုလှအောင်သုံးတတ်ကြသည်လားမသိ။သူ့
ဟာနှင့်သူတော့ အဆင်ပြေနေကြသည်။ခေါင်းပုံဖြတ်အမြတ်ကြီးစားရန် လိုင်စင်ဟု သတ်မှတ်ကြပြန်သည်။လုပ်ပိုင်ခွင့်ရဖို့
လိုင်စင်ယူကြပြီး ထိုလိုင်စင် လုပ်ပိုင်ခွင့်သက်တမ်းတစ်လျှောက် အရိုးခံသမားတို့မြေဇာပင်ဖြစ်ကြရသည်။သဘာဝသယံဇာ
တများကို အထိမ်းအကွပ်မဲ့ထုတ်ယူမှုကို ဖွံ့ဖြိုးရေးဟုခေါင်းစဉ်တပ်ကြပြန်သည်။အမှန်တကယ် ပြည်သူလူထုခံစားလာရသည်
မှာ ရာသီဥတု ဖောက်ပြန်လာမှုသာဖြစ်နေသည်။
         ခေတ်ဆိုးစနစ်ဆိုးများအောက်တွင် အိုးရွဲ့ကိုစလောင်းရွှဲ့ဖြင့်ဖုံးနေကြရင်း နေသာနေကြသော ခေတ်၏သားကောင်
များသည်ယဉ်ကျေးကြသည်။အမှန်ကိုအမှန်မြင်၍ တော်လှန်ကြသူများသည် ဖမ်းဆီးထိမ်းသိမ်းခံကြရသည်။လူကြီးသူမတို့
ပြောကြသော ခေတ်ကောင်းစဉ်အချိန်ကိုမမီလိုက်ခြင်းသည် ၀ဋ်ကြွေးဟုပင်ဆိုရမည်လား….

 ပန်းသီကြိုး(ရသေ့တောင်)

မြို့နယ်ပရေးမှူးုံးများ၏ုံရိပ်ကျဆင်းရခြနောက်ကွယ်



မြို့နယ်​တစ်​ခု၏ပညာ​ရေးလုပ်​ငန်းတိုးတက်​မှု၊ဆုတ်​ယုတ်​မှုသည်​ယင်းမြို့နယ်​ရှိပညာ​ရေးမှူးရုံးများ၏လုပ်​ကိုင်​​ဆောင်​ရွက်​မှုအ​ပေါ်မှုတည်ပါတယ်​။
ပြီး​တော့အဆိုးအ​ကောင်းအတက်​အကျကိုဖြစ်​​ပေါ်​​စေပါတယ်​။အိမ်​တစ်​အိမ်​မှာအိမ်​​ထောင်​ဦးစီး၏အခန်းကဏ္ဍဟာ
အ​ရေးကြီး​သလို​မြို့နယ်​တစ်​ခုရဲ့
ပညာ​ရေးကိုကြပ်​မတ်​​ဆောင်​ရွက်​ရ​​တဲ့မြို့နယ်​ပညာ​ရေးမှူးရုံးများရဲ့အခန်းကဏ္ဍဟာလည်း
ပညာ​ရေးဖြစ်​စဉ်​​မှာချန်​လှပ်​ထားလို့မရ​အောင်​အ​ရေးကြီးပါ​တယ်​။မြို့နယ်​တစ်​ခုရဲ့ပညာ​ရေးအတက်​အကျကိုအ​ခြေခံပညာ​ကျောင်း
တွေရဲ့အောင်​ချက်​ရာနှုန်းကိုအ​ခြေခံပြီးတိုင်းတာ​လေ့ရှိပါတယ်​။ဒီအချက်​​ဟာမှန်​သင့်​သ​လောက်​မှန်​​ပါ​တယ်​။သို့​သော်​ မြို့နယ်
တစ်​ခုလုံးရဲ့ပညာ​ရေးအတက်​အကျဟူသည်​အ​ခြေခံပညာ​ကျောင်း​တွေအ​ပေါ်မှာ​သာတည်​မှီ​နေသည်​မဟုတ်​ပဲ ပညာ​ရေးဖြစ်​စဉ်​တစ်​ခု
လုံးမှာပါဝင်​လှုပ်​ရှားကြရသည့်​မြို့နယ်​ပညာ​ရေးမှူးများ၊ထက်​လယ်​မူ​ကျောင်းအုပ်​ကြီးများ၊ဒုတိယမြို့နယ်​ပညာ​ရေးမှူးများ၊လက်
ထောက်​မြို့နယ်​ပညာ​ရေးမှူးများ၊အ​ခြေခံပညာ​ကျောင်း​တွေမှာတာဝန်​ထမ်း​ဆောင်​​​နေကြသည့်​ဆရာ/မများ၊မြို့နယ်​ပညာ​ရေးမှူးရုံးမှစာ​ရေးများ၊ထက်​လယ်​မူ​ကျောင်းမှစာ​ရေးများအစရှိသည်​ဖြင့်​မြို့နယ်​တွင်းရှိပညာ​ရေးဝန်​ထမ်းများအားလုံးနှင့်​​ကျောင်းသားမိဘများ
ကျောင်းသား​/သူများအားလုံးမှာတာဝန်​အသီးသီးရှိကြပါတယ်​။
သို့ရာတွင်​မြို့နယ်​ရဲ့ပညာ​ရေးလုပ်​ငန်းစဉ်​အားလုံးကိုစီမံကြီးကြပ်​အုပ်​ချုပ်​ရတဲ့​မြို့နယ်​ပညာ​ရေးမှူးရုံးဟာ​မိမိမြို့နယ်​တွင်းရှိ
ပညာ​ရေးဖြစ်​စဉ်​မှာပါဝင်​မည့်​သူများအားလုံးကိုကြီးကြပ်​လမ်းညွှန်​မှု​​ပေးရ​တာကြောင့်​အဆိုပါမြို့နယ်​ရဲ့ပညာ​ရေးအဆိုးအ​ကောင်း
အတက်​အကျဟာ​မြို့နယ်​ပညာ​ရေးမှူးရုံးနှင့်​တိုက်​ရိုက်​သက်​ဆိုင်​​နေပါ​တယ်​။ဒါ့ကြောင့်​မြို့နယ်​ပညာ​ရေးမှူးရဲ့စီမံခန့်​ခွဲမှုဟာယင်းမြို့နယ်​ရဲ့ပညာ​ရေးအတွက်​အလွန်​အ​ရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်​​နေပါတယ်​။မြို့နယ်​ပညာ​​ရေးမှူးဟာ​မိမိရုံးရှိပညာ​ရေးဝန်​ထမ်း​တွေကိုစီမံခန့်​ခွဲရာမှာတိကျ​ ခိုင်​မာ ပြတ်​သား​တဲ့ စီမံမှုရှိဖို့လိုအပ်​ပါ​တယ်​။မြို့နယ်​ပညာ​ရေးမှူးရုံးဝန်​ထမ်းအားလုံး ညီညီညွတ်​ညွတ်​ပူး​ပေါင်း​ဆောင်​ရွက်​နိုင်​မှသာမိမိမြို့နယ်​ရဲ့ပညာ​ရေးဟာလည်းတိုးတက်​​ကောင်းမွန်​လာမှာဖြစ်​ပါတယ်​။
ယခုအခါ​မြို့နယ်​ပညာ​ရေးမှူးရုံးအချို့ရဲ့ပုံရိပ်​ဟာပညာ​ရေးဝန်​ထမ်း​တွေကြားမှာသာမကအခြားဌာနဆိုင်​ရာများကြားတွင်​လည်းကျဆင်းလျက်​ရှိသည်​။မြို့နယ်​ပညာ​ရေးမှူးရုံးဟုဆိုလိုက်​လျှင်​ ပညာ​ရေးဝန်​ထမ်းများကအမြင်​မရှင်းကြ​ပေ။ဘာကြောင့်​အမြင်​မရှင်း​ရသလဲဟုဆိုလျှင်​ လာတ်​စားမှု၊လစာ​ငွေဖြတ်​​တောက်​ခံရမှု၊ဌာနမှချ​ပေးသည့်​​ငွေများအပြည့်​အဝမရရှိမှု၊မြို့နယ်​ပညာ​ရေးမှူးရုံးဝန်​ထမ်းများစကား​ပြော​မောက်​မာမှု၊လုပ်​ပိုင်​ခွင့်​ရှိသူတစ်​စု၏​ဗိုလ်​ကျစိုးမိုးမှု၊ကတိပျက်​မှု၊အစရှိသည်​ဖြင့်​အမှု​ပေါင်းစုံသည်​မြို့နယ်​ပညာ​ရေးမှူးရုံးများရဲ့ပုံရိပ်​ကိုကျဆင်း​​ပြီးပညာ​ရေးဝန်​ထမ်း​တွေကြားမှာအမြင်​မကြည်​တာ​တွေဖြစ်​လာရပါတယ်​။။အရင်းစစ်​လျှင်​အမြစ်​​​မြေကဆို​သလိုဒီကိစ္စ​တွေအားလုံး​ဟာမြို့နယ်​ပညာ​ရေးမှူးဧ့စီမံအုပ်​ချုပ်​မှု​အောက်​မာဖြစ်​​နီ​ရေအတွက်​မြို့နယ်​ပညာ​ရေးမှူးသည်​အဓိကတာဝန်​ရှိသူဖြစ်​ပါ​ရေ။
မြို့နယ်​ပညာ​ရေးမှူးအချို့​ရဲ့မိမိရာထူး​နေရာနှင့်​တာဝန်​ကို​မကျွမ်းကျင်​ခြင်း တနည်း​ပြောရလျှင်​ လုပ်​ငန်းမကျွမ်းကျင်​ခြင်း​ဟာ
စီမံအုပ်​ချုပ်​မှုကိုများစွာထိခိုက်​​​စေတဲ့အတွက်​ရုံးကိုမထိန်းနိုင်​ခြင်း(သို့မဟုတ်​)ပညာ​ရေးလုပ်​ငန်းများကိုခုတုံးလုပ်​လျှက်​မိမိအကျိုးစီးပွားကိုသာကြည့်​ခြင်း စတာ​တွေ​ကြောင့်​ရုံးရဲ့ပုံရိပ်​ကျဆင်း​​စေတဲ့အချက်​​တွေကိုမထိန်းနိုင်​ခြင်းဖြစ်​ပါ​တယ်​။လုပ်​ငန်းမကျွမ်းကျင်​ဟုဆိုရာ၌မြို့နယ်​ပညာ​ရေးမှူးတစ်​ဦးဟာအထက်​တန်း​ကျောင်းအုပ်​ဘဝမှမြို့နယ်​မှူးအဖြစ်​ရာထူးတိုးလာသူဖြစ်​ပါက​ကျောင်းလုပ်​ငန်းနှင့်​ရုံးလုပ်​ငန်းတို့ရဲ့ကွဲပြား
မှုကိုနားမ​လည်​တဲ့အတွက်​ရုံးမာ​နှစ်​​ပေါင်းများစွာကျင်​လည်​​နေကြတဲ့​စာ​ရေး​တွေရဲ့ချယ်​လှယ်​မှုကိုခံရခြင်းဖြစ်​ပါ​တယ်​။မြို့နယ်​ပညာ​ရေးမှူးရုံးများရှိစာ​ရေးအများစုဟာရုံးမှာအထိုင်​ကျ​နေသူများဖြစ်​ကြ​ပါတယ်​။မည်​သည့်​စာရင်းဇယားမဆိုဘယ်​အနားမှာထား​တယ်​ဘယ်​ဘီဒိုမှာရှာလို့ရနိုင်​​တယ်​ဆိုတာ​တွေကိုစာ​ရေး​တွေပဲသိကြပါတယ်​။မြို့နယ်​ပညာ​ရေးမှူးဆိုသူဟာဆိုင်​​ရောင်း​လေ့​ရောင်းထမရှိတဲ့ဆိုင်​ရှင်​နန့်​တူပါ​တယ်​။ဘယ်​ပစ္စည်းဘယ်​နားရှိမှန်းမသိ၊ဘယ်​ပစ္စည်းဘယ်​​ဈေးမှန်းမသိနဲ့ဟိုလူ့​မေးရ​ဒီလူ့​မေးရနဲ့လုပ်​ရကိုင်​ရအဆင်​မ​ပြေဖြစ်​တတ်​​​တဲ့သဘောမျိုးဖြစ်​ပါ​တယ်​။
ဒီလိုနဲ့ရုံးထိုင်​စာ​ရေး​တွေရဲ့လက်​​အောက်​ကိုကျ​ရောက်​သွားပါတယ်​။စာ​ရေး​တွေကလည်းငါမပါ​ရင်​မပြီးဘူးဆို​​တဲ့အချိုးနဲ့မြို့နယ်​မှူးကိုကူညီရမယ့်​အစားရုံးဂုဏ်​​မောက်​ကြတဲ့အခါ မြို့နယ်​ပညာ​ရေးမှူး​​ဟာအထက်​ကညွှန်​ကြားချက်​​တွေကိုအချိန်​မီ​ဆောင်​ရွက်​နိုင်​​ဖို့နဲ့အထုမခံရ​ဖို့အတွက်​စာ​ရေး​တွေကိုမျက်​နှာချို​​သွေးရတဲ့အ
ဖြစ်​ကိုရောက်​ရ​ပါ​တော့တယ်​။မျက်​နှာချို​​သွေးရင်းလုပ်​ငန်းအချိန်​မီပြီးစီ​ရေးအတွက်​စာ​ရေးဆီမှာတပည့်​ခံ
ရတဲ့အခြေအ​နေကို​ရောက်​သွားပါ​တယ်​။မြို့နယ်​ရဲ့ပညာ​ရေးအကြီးအကဲဖြစ်​သူက​ ရုံးထိုင်​စာ​ရေး​တွေရဲ့
ချယ်​လှယ်​ခြင်းခံရ​တဲ့အဓိကအ​ကြောင်းတရား​ဟာယင်းပုဂ္ဂိုလ်​ရဲ့လုပ်​ငန်းကျွမ်းကျင်​မှု၊စီမံခန့်​ခွဲမှုအရည်​​အ​သွေးညံ့ဖျင်းခြင်း​အ​ပေါ်မှာမှု​တည်​​​နေပါတယ်​။


လုပ်​သက်​ကြီးလို့မြို့နယ်​ပညာ​ရေးမှူးဖြစ်​လာသူ​တွေဟာ သက်​ပြည့်​ပင်​စင်​ယူဖို့​နီးလာတာနဲ့အမျှ
ငွေမျက်​နှာတစ်​ခုတည်းအ​ပေါ်မှာအာရုံထားပြီးမိမိပုံရိပ်​ကျဆင်းမည့်​အ​ရေး၊မြို့နယ်​ရဲ့ပညာ​ရေးကျဆင်းမှုအ​ရေးတို့အ​ပေါ်မှာ​အ​လေးမထား​တဲ့အဖြစ်​​တွေလည်းမြင်​​လာရပါ​တယ်​။ငွေမျက်​နှာတစ်​ခုကိုသာကြည့်​လာ​တဲ့အတွက်​ ဌာနကချ​ပေး​တဲ့ငွေ​တွေကိုစာ​ရေး​တွေနဲ့ပေါင်းပြီးပုံစံအမျိုးမျိုးနဲ့မိမိအိတ်​ထဲထည့်​နိုင်​ဖို့ကိုသာအာရုံစိုက်​လာပါ​တယ်​။စာ​ရေဆိုသူ​တွေကလည်းနည်းမျိုးစုံကိုသုံးပြီးမြို့နယ်​ပညာ​ရေးမှူးကို​ငွေစား​ပေါက်​​တွေဖန်​တီး​ပေးရင်းစာ​ရေး​တွေနဲ့မြို့နယ်​ပညာ​ရေးမှူး​တွေဟာအကျိုးတူးပူး​ပေါင်း​ဆောင်​ရွက်​ရင်းတစ်​ဖက်​တည်းဖြစ်​သွားပါ​တော့တယ်​။ဌာနကဖြန့်​​ဝေတဲ့​ကျောင်းသုံးစာအုပ်​ကအစ ​ကျောင်းအဆင့်​တိုးကိစ္စ၊​ကျောင်းအ​ဆောက်​အဥိ​ကိစ္စ၊​ကျောင်းအိမ်​သာ၊​ကျောင်းဝင်​လမ်း

ရုံးလုပ်​ငန်းသ​ဘောအရခွဲထားသည့်​ဌာနစိတ်​အားလုံးနှင့်​သက်​ဆိုင်​သည့်​​ငွေ​ကြေးသုံးစွဲမှုကို စာ​ရေးကြီးဆိုသူနှင့်​ညှိ၍ချုပ်​ကိုင်​ထားကြသည့်​အခါ တစ်​ရုံးတည်းသားချင်းမသင့်​မတင့်​ဖြစ်​လာခြင်းဖြင့်​ရုံးတွင်းစည်းလုံမှုကိုမတည်​​ဆောက်​နိုင်​သည့်​အခါမြို့နယ်​တွင်းရှိအ​ခြေခံပညာ​ကျောင်းများသည်​ ​မြေဇာပင်​ဖြစ်​ကြရပါတယ်​။နိုင်​ငံဝန်​ထမ်းချင်းတူပါလျက်​ အခွင့်​ထူးခံလူတန်းစားများ​မွေးဖွားလာခြင်းသည်​လည်း​ငွေကြိုက်​​သောဝန်​ထမ်းအချို့​ကြောင့်​ပဲ​ဖြစ်​ပါတယ်​​။မြို့နယ်​တစ်​ခု၏ပညာ​ရေးကိုဦး​ဆောင်​စီမံ​နေရသည့်​မြို့နယ်​ပညာ​ရေးမှူးရုံးများ၏ပုံရိပ်​ဟာဒီလိုနဲ့​ကျဆင်းလာပါတယ်​။ရုံးတွင်းစည်းလုံးညီညွတ်​မှုကိုပင်​မတည်​​ဆောက်​နိုင်​​တဲ့မြို့နယ်​ပညာ​ရေးမှူးများလက်​​အောက်​မှာ​မြို့နယ်​တစ်​ခုလုံး၏ပညာ​ရေးဟာအကျဘက်​သို့ဦးတည်​သွားပါ​တော့တယ်​။စာ​ရေး​တွေဟာမြို့နယ်​ပညာ​ရေးမှူးကိုစား​ပေါက်​​တွေဖန်​တီး​ပေးလိုက်​တဲ့အခါမြို့နယ်​ပညာ​ရေးမှူး​တွေနဲ့စာ​ရေး​တွေဟာအကျိုးတူ​ပူး​ပေါင်းပြီးတစ်​ဖက်​တည်းဖြစ်​သွားပါ​တော့တယ်​။အဲ့ဒီကစပြီး မြို့နယ်​မှာရှိတဲ့ပညာ​ရေးဝန်​ထမ်း​တွေကိုဖိနှိပ်​မှု​တွေစလာပါ​တော့တယ်​။စာ​ရေး​တွေကလည်းရုံးကိစ္စနဲ့လာကြတဲ့ဆရာ၊ဆရာမ​တွေကို​ဟောက်​စားလုပ်​ပါ​တော့တယ်​။အကျယ်​အကျယ်​ပြန်​မ​ပြောချင်​ကြတဲ့ဆရာ၊ဆရာမ​တွေဟာ​အောင့်​သက်​သက့်​နဲ့ပဲငြိမ်​ခံကြရပါတယ်​။
ပြန်​​ပြောတဲ့ဆရာ၊ဆရာမ​တွေအ​ပေါ်အ​တေးအမှတ်​ထားပြီးလုပ်​ငန်းပိုင်းဆိုင်​ရာကိစ္စ​တွေမှာအမှားတစ်​ခုဖြစ်​တာနဲ့ဝိုင်း​ထောင်းလိုက်​မယ်​ဆိုပြီးမျက်​နှာ​ပေးနဲ့​စောင့်​ကြည့်​​နေတတ်​ပါတယ်​။နိုင်​ငံ​တော်​ကအခမဲ့ပညာ​ရေးစနစ်​ကိုအ​ကောင်​အထည်​​ဖော်​တယ်​။မြို့နယ်​ရုံး​တွေက
ကျောင်းလုပ်​ငန်းသုံးပစ္စည်းဖြန့်​​ဝေဖို့တာဝန်​ယူထားတဲ့ဆရာ​တွေကပစ္စည်း​တွေဖြန့်​​ဝေရာမှာစရိတ်​​တောင်းတယ်​။ဒီပစ္စည်း​တွေကမြို့နယ်​ကို​ရောက်​ဖို့ဘယ်​​လောက်​ကုန်​ထားတယ်​ မထုတ်​ချင်​​နေဆိုပြီးပါဝါပြတယ်​။တကယ်​ဆို​ကျောင်းသုံးပုံနှိပ်​စာအုပ်​ပဲဖြစ်​ဖြစ်​၊တခြား​ထောက်​ပံ့​ပေးတဲ့ဘယ်​ပစ္စည်းမဆိုသယ်​ယူစရိတ်​ကိုဌာနကိုတင်​​တောင်းလို့ရပါတယ်​။အစိုးရဌာနဆိုင်​ရာအလုပ်​သ​ဘောအရ​ငွေဟာကြန့်​ကြာ​နေတတ်​တာကလွဲရင်​မိမိတို့ပစ္စည်းသယ်​ယူလို့ကုန်​ကျထားတဲ့စရိတ်​အမှန်​ကို​တော့ပြန်​ရတာပါပဲ။ဒါ​ပေမယ့်​​အောက်​​ခြေမှာဒီလို​တွေဖြစ်​​နေတာကို ဘယ်​​ကျောင်​ဆရာ၊ဆရာမကမှ​စောဒကတက်​တာမျိုးမရှိပါဘူး။ပြေလည်​ရာ​ပြေလည်​​ကြောင်း ​ပေးစရာရှိတာ​ပေးလိုက်​ကြတာပါပဲ။
ဆရာ၊ဆရာမ​တွေဘက်​ကဒီကိစ္စ​တွေ​မ​ပြောကြတာကပုဂ္ဂိုလ်​​ရေးအဆင်​မ​ပြေမှု​တွေဖြစ်​လာမှာမလိုလားတာ​တွေလည်းပါပါတယ်​။တစ်​ချို့ဆရာ၊ဆရာမ​တွေကလည်းကိုယ်​တိုင်​ကမမှန်​ကန်​နိုင်​တဲ့အတွက်​ ရုံးကလုပ်​သမျှ ငြိမ်​ခံ​နေတာ​တွေလည်းရှိပါတယ်​။

ဒါ​တွေဟာမြို့နယ်​ရုံး​တွေကဆရာ၊ဆရာမ​တွေရဲ့အားနည်းချက်​ကိုအခွင့်​​ကောင်းယူပြီးကိုယ်​ကျိုးရှာ​နေတာဖြစ်​ပါတယ်​။တကယ်​ဆိုမိမိလက်​​အောက်​က၀န်​ထမ်း​တွေတာဝန်​​ကျေပွန်​ဖို့၊စာရိတ္တ​ကောင်းဖို့မြို့နယ်​ရုံး​တွေဟာကြပ်​ကြပ်​မတ်​မတ်​​ဆောင်​ရွက်​သင့်​ပါတယ်​။ဒါ​ပေမယ့်
ရုံးလို့ဆိုလိုက်​တာနဲ့နှာ​ခေါင်းရှုံ့ချင်​စရာ​ကောင်း​နေတဲ့ယဉ်​​ကျေးမှုမျိုးနဲ့ကျွန်​​တော်​တို့​ရှေ့ဆက်​​နေကြမယ်​ဆိုရင်​ တကယ်​တမ်းနစ်​နာကြရမယ့်​သူ​တွေဟာမျိုးဆက်​သစ်​လူငယ်​​လေး​တွေသာဖြစ်​ပါတယ်​။နိုင်​ငံတစ်​နိုင်​ငံကိုတည်​​ဆောက်​ဖို့အရည်​အ​သွေးပြည့်​ဝတဲ့နိုင်​ငံသား​တွေဖြစ်​လာဖို့လိုအပ်​ပါတယ်​။နိုင်​ငံရဲ့အနာဂတ်​ကိုတည်​​ဆောက်​ကြမယ်​လူသားအရင်းအမြစ်​ကိုပြုစုပျိုး​ထောင်​ရာဌာနမှာဒီလိုဆက်​ဖြစ်​​နေမယ်​ဆိုရင်​ ဆရာ၊ဆရာမဆိုတာဟာအနန္တဂိုဏ်းဝင်​​တွေမဟုတ်​​တော့ဘဲသမိုင်းတရားခံ​တွေသာဖြစ်​လာပါလိမ့်​မယ်​။
ပညာ​ရေးဟာတာဝန်​​ကျေပွန်​စွာထမ်း​ဆောင်​​နေရုံရဲ့ပြည့်​စုံတဲ့သ​ဘောမဟုတ်​​ပါဘူး။တာဝန်​သိစိတ်​၊တာဝန်​ယူလိုစိတ်​၊တာဝန်​ခံလိုစိတ်​ကိုအရင်းတည်​ပြီးစေတနာထား​ဆောင်​ရွက်​မှသာပညာ​ရေးရဲ့အစိပ္ပါယ်​ဟာ​လည်းပြည့်​စုံ​မှာဖြစ်​ပါတယ်​။
နိုင်​ငံဝန်​ထမ်းများဟာ​လူသားများဖြစ်​ပါတယ်​​။လူဟာလိုအပ်​ချက်​အများဆုံးသတ္တဝါများဖြစ်​ပါတယ်​​။ဒါ့​ကြောင့်​လူတိုင်းဟာ​လိုအပ်​ချက်​​တွေရှိ​နေကြမှာဖြစ်​ပါတယ်​​။နိုင်​ငံတစ်​နိုင်​ငံ၏အနာဂတ်​ကိုပုံ​ဖော်​ထုဆစ်​​နေကြတဲ့​ပညာ​ရေးဝန်​ထမ်း​တွေအ​နေနဲ့မိမိတို့ရဲ့လိုအင်​ကိုဖြည့်​ဆည်းရင်း တိုင်းပြည်​၏အနာဂတ်​မျိုးဆက်​သစ်​များအ​ပေါ်လျစ်​လျူ ရှုခဲ့ခြင်းဟာ​ တိုင်းပြည်​ကိုလျစ်​လျူ ရှုရာ​ရောက်​ပါတယ်​​။ပညာ​ရေးဖြင့်​​ခေတ်​မီနိုင်​ငံ​တော်​ကြီးတည်​​ဆောက်​နိုင်​ရန်​အတွက်​ ပညာ​ရေးဝန်​ထမ်းများ
ရဲ့တာဝန်​သိမှု၊တာဝန်​​ကျေပွန်​မှု၊တာဝန်​ယူမှုဟာအ​ရေးကြီး​ပါတယ်​​။ဒါ့​ကြောင့်​မြိုနယ်​ပညာ​ရေ​ရေးမှူးရုံး​တွေဟာအ​ခြေခံပညာ​ကျောင်းများမှာ​တာဝန်​ထမ်း​ဆောင်​​နေကြတဲ့ဆရာ/မများ၏ယုံကြည်​အားထားရ​တဲ့မြို့နယ်​ပညာ​ရေးမှူးများ၊မြို့နယ်​ပညာ​ရေးမှူးရုံးများနည်းပါး​နေသည်​နှင့်​အမျှ
ပညာ​ရေးရဲ့အဓိပ္ပါယ်​ဖွင့်​ဆိုချက်​နှင့်​ပညာ​ရေး​မျှော်​မှန်းချက်​များဟာ​ကိန်းဂဏန်းတန်​ဖိုးအရမြင့်​တက်​​နေနိုင်​​သော်​လည်း
အရည်​အ​သွေးပြည်​ဝ​တဲ့၊အစဉ်​​လေ့လာသင်​ယူ​နေ​တဲ့လူ​ဘောင်​အဖွဲ့အစည်းဖြစ်​နိုင်​ရန်​မှာကား​ရွှေပြည်​​တော်​​မျှော်​တိုင်း​ဝေ​နေအုန်းမည်​သာဖြစ်ပါ​ကြောင်း​ရေးသားတင်​ပြအပ်​ပါသည်​။
ပန်းသီကြိုး(ရ​သေ့​တောင်​)

Monday, May 20, 2019

ျွတာတာအသည်းကါဲခဲ့သည်


မျှော်​လင့်​ထားသမျှတို့ပျက်​စီးဆုံးရှုံးသွား​သောအခါ ဖြစ်​​ပေါ်လာ​သောခံစာမှုသည်​ ​ဆောက်​တည်​ရာမဲ့လှ၏။
အ​တွေးတို့ဖြင့်​တည်​​ဆောက်​ခဲ့ရသမျှသည်​ စကားလုံးအနည်းငယ်​မျှနှင့်​ တည်​​ဆောက်​ထားသမျှတို့ကို ပျက်​စီး
အောင်​ဤမျှအစွမ်းထက်​လိမ့်​မည်​ဟု အနည်းငယ်​မျှပင်​​တွေးမကြည်​ဖူး​ပေ။ရင်​တစ်​ခုလုံး​နောက်​ကျိရှုပ်​​ထွေးပြီး
ဦးတည်​ရာမဲ့လှမ်း​လျှောက်​လာမိသမျှ ​ခေါင်းငိုက်​စိုက်​ကျလျက်​။"ကျွန်​မတို့နှစ်​​ယောက်​ရဲ့ဇာတ်​လမ်းကို ဒီမှာပဲရပ်​လိုက်​ကြရ​အောင်​"တဲ့​လေ။မကြားချင်​ချင်​ပါဘူးဆိုမှ နားထဲမှာပဲ့တင်​ထပ်​မျှအပြန်​ပြန်​ကြား​ယောင်​​နေမိတာ
ကလည်းကိုယ့်​ကိုကိုယ်​​ဒေါသဖြစ်​မိသည်​။ကိုယ်​လိုချင်​တာကလွဲပြီး ကျန်​တာဘာမှဂရုမစိုက်​တတ်​တဲ့သတ္တဝါထဲ
မှာမိန်းမဆိုတာထိပ်​ဆုံးကပါ​နေလိမ့်​မယ်​။ဟုတ်​တယ်​။မိန်းမ​တွေအားလုံးဒီသ​ဘောချည်းပဲဟု နာနာကျည်းကျည်း
သတ်​မှတ်​ပစ်​လိုက်​သည်​။ဆုံးရှုံးလိုက်​ရတာထက်​မတန်​မရာ​ပေးမိတဲ့ကိုယ့်​အချစ်​​တွေကိုယူကျူံးမရအဖြစ်​ဆုံး။
                                                    •••••••••••••••••••••

ချို င့်​ခွက်​​တွေထ​နေတဲ့လမ်းက မိုးဦးကျဆို​တော့ရွှံ​ဗွက်​ ​ရေစက်​​တွေနဲ့​ရော​နေသည်​။ရုတ်​တရက်​ရွာချလိုက်​သည့်​မိုးကကျွန်​​တော်​ထက်​ပို၍ဝမ်းနည်းပြ​နေသ​ယောင်​။နောက်​ကျိရှုပ်​​ထွေး​နေသမျှ ဖွင့်​ချခွင့်​ရဖို့ သူငယ်​ချင်း
တစ်​​ယောက်​​လောက်​ယခုအချိန်​​ဘေးနားမှာရှိလျှင်​ ​ကောင်းမည်​ဟု​တွေးမိသည်​။သို့​သော်​မရှိ။
"ကလင်​...ကလင်​...ကလင်​"
ဘဲလ်​တီးသံကြားလို့လှည့်​ကြည့်​မိ​တော့ ဆိုက်​ကားသမားကလမ်းမဖယ်​ရ​ကောင်းလားလို့​ငေါက်​သည်​။
အသည်းကွဲလို့စိတ်​ညစ်​ရသည့်​အထဲဆိုက်​ကားသမား​ငေါက်​တာခံရသည်​။ဘာမှပြန်​မ​ပြောဖြစ်​ခဲ့။သ​င်္ဘောဆိပ်​ခံတံတားဘက်​ထွက်​လာပြီး မိုး​ရေထဲမှာ ​ခြေပစ်​လက်​ပစ်​ထိုင်​ချလိုက်​မိသည်​။ဆိပ်​ခံတံတားလက်​ရမ်းကိုမှီရင်း မျက်​စိမှိတ်​ရင်း​ခေါင်း​မော့ထားလိုက်​မိသည်​။ကျွန်​​တော့်​အ​တွေးတို့ကအတိတ်​ဆီသို့..........။
 ••••••••••••••••••••••••••••••

သီတင်းကျွတ်​​ကျောင်းပိတ်​ရက်​ပြီးလို့ ကျွန်​​တော်​တာဝန်​ကျရာ​ကျောင်းကိုပြန်​လာတဲ့ လမ်းခုလတ်​တစ်​​နေရာ။ကျွန်​​တော်​တာဝန်​ကျရာရွာကိုသွားရာမှာလမ်းမှာညအိပ်​ရပ်​နားရမယ့်​ရွာကို​ပြေးဆွဲ​နေတဲ့လိုင်းစက်​​လှေ
ပေါ်မှာသူ့ကိုစ​တွေ့ခဲ့တာ​ပေါ့။ကျွန်​​တော်​တို့​ဒေသက​ရေလမ်းခရီးကိုအဓိကထားရတဲ့​ဒေသဆို​တော့ တစ်​​နေရာကတစ်​​နေရာသွားဖို့အတွက်​စက်​​လှေတို့ သမ္ဗာန်​တို့ကို့အားကိုး​နေရတာပါ။
မိုးစက်​​တို့သည်​ပြင်းထန်​ခြင်းမရှိ​ပေမယ့်​ ပုံမှန်​​တော့ကျဆင်း​နေသည်​။ဂျင်းရှပ်​ခပ်​ပါးပါးတစ်​ထည်​ဝတ်​ပြီး ထီးတစ်​လက်​နှင့်​ စက်​​လှေ​ပေါ်သို့ အလျင်​စလိုတက်​လာသည့်​သူ့အမူအယာသည်​ ချက်​ခြင်းပင်​အိမ်​ပြန်​​ရောက်​ချင်​​နေသည့်​က​လေးငယ်​တစ်​ဦးလိုပင်​။ ဖတ်​လက်​စစာအုပ်​ထဲစိတ်​မ​ရောက်​နိုင်​ဘဲ သူ့ကို့​စောင်းငဲ့ကြည့်​​နေမိသူက
ကျွန်​​တော်​။ကျွန်​​တော်​ရင်​သည်​ လှိုင်းပုတ်​၍လူးလွန့်​​နေသည့်​စက်​​လှေ​လိုပင်​ လှိုက်​၍ခုန်​​နေမိသည်​။
"ဒီက အစ်​ကို...ဟိုဘက်​နည်းနည်း​လောက်​​ရွှေ့ပါလား"
ဒီ​ကောင်​မ​လေးကအာသွက်​လျှာသွက်​က​လေးပါလားဟု​တွေးရင်းကျွန်​​တော်​တစ်​ဖက်​သို့အနည်းငယ်​​ရွှေ့​ပေး
လိုက်​သည်​။ပြီး​တော့စိတ်​မဝင်​စားနိုင်​သည့်​စာမျက်​နှာများကိုဖတ်​ရင်း ဖတ်​သာဖတ်​ပြီးဘာမျှပြန်​မမှတ်​မိပဲဖြစ်​​နေ
သော်​လည်းစာမျက်​နှာများ​ပေါ်မှကျွန်​​တော်​အကြည့်​တို့မခွာဖြစ်​ခဲ့။ဂျင်းရှပ်​ပိုင်​ရှင်​​လေးက​တော့အခြားခရီးသည်​များ
နှင့်​စကား​တွေ​ဖောင်​ဖွဲ့လို​နေသည်​။ ရွာကလူ​တွေအ​ကြောင်း၊အ​ဆောင်​ကလူ​တွေအ​ကြောင်း အ​ကြောင်း​ရေ​တော်​​တော်​များများပါသည်​။
"ဒုန်း....ဒုန်း...ဒုန်း...ဒုန်း"
စက်​​လှေစက်​နိုးလိုက်​သံ​ကြောင့်​ကျွန်​​တော်​ရုတ်​တရက်​လန့်​သွားမိသည်​။ဂျင်းရှပ်​ပိုင်​ရှင်​​လေးကိုငဲ့ကြည့်​မိ​တော့ပြုံးစိစိနှင့်​ကျွန်​​တော်​အဖြစ်​ကိုကြည့်​ပြီးရယ်​​နေသည်​။ကျွန်​​တော်​အကြည့်​တို့ကိုစာမျက်​နှာများ​ပေါ်သို့ကျွန်​​တော်
ပြန်​ဆွဲယူလိုက်​သည်​။စက်​​လှေစထွက်​လို့မြစ်​ဝ​ရောက်​တယ်​ဆိုရင်​ပဲ ​လေနဲ့မိုးနဲ့ပြိုင်​တူလာပါ​တော့သည်​။စက်​​လှေ
ခမျာဦး​မော့လိုက်​ဖင်​​ထောင်​လိုက်​နှင့်​ထွန့်​ထွန့်​လူးလျက်​....။ခုနားကစကား​တွေ​ဖောင်​ဖွဲ့​ပြော​နေသည်​ဂျင်းရှပ်​ပိုင်​ရှင်​က​လေးက​တော့ ပါးစပ်​ကပွစိပွစိနှင့်​သတိရသမျှ ရွတ်​​နေတယ်​ထင်​ပါရဲ့။ကျွန်​​တော်​နှင့်​သူမျက်​လုံးခြင်းဆုံ​တော့ ကျွန်​​တော်​သူကိုကြည့်​ပြီးပြုံးစိစိလုပ်​​နေသည်​ကိုသတိထားမိသွားပြီးနူတ်​ခမ်းကိုမဲ့လျှက်​တစ်​ဖက်​သို့လှည့်​သွားသည်​။
••••••••••••••••••••°°•••

"ဒီ​ကျောင်းကဆရာ/မ​တွေနဲ့မိတ်​ဆက်​​ပေးရဦးမယ်​"
"ဒီဆရာမက ကျွန်​​တော်​တို့​ကျောင်းကိုအသစ်​​ရောက်​လာတဲ့မူလတန်းပြဆရာမ​ဒေါ်ထားထားညို ပါ"
ကျောင်းအုပ်​ဆရာကြီးကမိတ်​ဆက်​​ပေးမှသူနာမည်​ကိုအတိအကျသိလိုက်​ရ​သည်​။ကျွန်​​တော်​​ကျောင်းထဲဝင်​လာ
စဉ်​ကတည်းကသူနှင့်​အကြည့်​ခြင်းဆုံပြီးသား။ကျောင်းဝတ်​စုံဝတ်​မထား၍သာအခြားကိစ္စတစ်​ခုနှင့်​လာသည်​ဟုထင်​မိခဲ့​သေးသည်​။ဘာမှ​တော့မ​မေးမိခဲ့။သူ့​ဘေးမှာအမျိုးသမီးအသက်​ခပ်​ကြီးကြီးတစ်​​ယောက်​လည်းထိုင်​​နေ
သေးသည်​။
"ဒီဆရာက ဆရာဦး​အောင်​ကြည်​တဲ့ အလယ်​တန်းပြ​ပေါ့ ဒီ​ကျောင်းမှာ​တော့လုပ်​သက်​အကြီးဆုံးပဲ ဒီတစ်​​ကျောင်း
တည်းမှာကို ၁၉​နှစ်​​လောက်​ရှိပြီ"
"ဟုတ်​ကဲ့ပါဆရာ...​တွေရတာဝမ်းသာပါတယ်​"
"ကျွန်​မကိုလည်း လုပ်​ငန်းပိုင်းဆိုင်​ရာကအစ အစစအရာရာ ဆုံးမညွှန်​ကြားပါရှင့်​"
စကား​တော်​​တော်​သွက်​သည်​ကိုစက်​​လှေ​ပေါ်မှာ​​တွေ့ကတည်းကသိပြီးသား​မို့သိပ်​မထူး​ပေမယ်​ ယဉ်​ယဉ်​​ကျေး​ကျေးနှိမ့်​နှိမ်​ချချ​ပြောဆိုတတ်​ပုံကို​တော့ကျွန်​​တော်​သ​ဘောကျမိသည်​။ဆရာကြီးကဆက်​၍ဝန်​ထမ်းတစ်​ဦး
ချင်းမိတ်​ဆက်​​ပေးသည်​။
"ဒီဆရာနာမည်​က ဆရာစံ​ရွှေတဲ့ "
"ကျွန်​​တော်​တို့​ကျောင်းကဆရာ/မအားလုံးက​တော့ဆရာစံဘုလို့ချစ်​စနိုး​ခေါ်ကြတယ်
အ​ကြောင်းရင်းကို​တော့ဆရာမ​နောက်​​တော့သိပါလိမ့်​မယ်​"
ဆရာကြီးကကျွန်​​တော်​အလှည့်​တွင်​ပြုံးစိစိလုပ်​၍ပြည့်​ပြည့်​စုံစုံမိတ်​ဆက်​​ပေးသည်​။ဘာပဲုဖစ်​ဖြစ်​ဝန်​ထမ်းများအား
လုံးကိုညီအစ်​ကို​မောင်​နှမရင်းချာလိုသ​ဘောထားပြီးရင်းရင်းနှီးနှီးဆက်​ဆံတတ်​သည်​ဆရာကြီးကို​တော့ကျွန်​​တော်​တိုအားလုံးကချစ်​ကြပါသည်​။
"ဟုတ်​ကဲ့..​တွေ့ရတာဝမ်းသာပါတယ်​ရှင့်​"
"အလုပ်​စဝင်​တဲ့​နေမှာ ​အဖြူအစိမ်း​လေးဝတ်​လာသင့်​တယ်​​လေ ကျွန်​​တော်​အမြင်​​ပြောတာပါ"

ကျွန်​​တော့်​အ​ပြော​ကြောင့်​ဆရာမထားထားညို၏စင်​​ယော်​​တောင်​မျက်​ခုံး​လေးမြင့်​တက်​သွားသည်​။ဆရာမ
ထားထားညို၏အမူအယာကိုကြည့်​ပြီးကျွန်​​တော်​ ကြိတ်​ပြီးသ​ဘောကျမိသည်​။
"အဲဒါပဲဆရာမ....ဆရာစံဘုဆိုတာအဲလိုအ​ပြော​တွေ​ကြောင့်​တွင်​လာတာ​လေ ဒါ​ပေမယ့်​ ဆရာဘုက
သ​ဘော​တော့​ကောင်းပါတယ်​။လုပ်​ငန်းပိုင်းဆိုင်​ရာကျွမ်းကျင်​တယ်​။အားကိုးလည်းရတယ်​​လေ"
ရှည်​ရှည်​​ဝေး​ဝေးရှင်းပြချက်​များအပြီး ဆရာကြီးကဟူးကနဲ့မှုတ်​ထုတ်​လိုက်​​သော​လေနှင့်​အတူ ကျွန်​​တော်​ကိုကြည့်​ပြီး ​ခေါင်းကိုငဲ့​စောင်းပြသည်​။ကျွန်​​တော်​က​တော့ပြုံး​နေလိုက်​ရုံသာ။
•••••••••\\•••••••••••••••
"ဆရာစံ​ရွှေကစကား​ပြောရင်​ဂျစ်​ကန်​ကန်​နဲ့​နော်​"
"ဟုတ်​တယ်​...ဆရာမရဲ့ဒါကသူ့အကျင့်​ပဲ​လေ စကားကိုကပ်​​ပြောတဲ့​နေရာမှာနှစ်​​ယောက်​မရှိဘူး​လေ...
တကယ်​တမ်းကြ​တော့လည်း..သူ​ပြောတာ​တွေကအမှန်​​တွေပါပဲ...မှန်​လွန်းလို့ကိုဘုကလန့်​အဖြစ်​သတ်​မှတ်​တာ
ခံရတာ"
ဆရာမထားထားညို၏အ​မေးကိုဆရာမခင်​ခင်​​ကျော့က​ဖြေရှင်း​နေခြင်းဖြစ်​ပါသည်​။ကျွန်​​တော်​ကလည်းရှစ်​တန်းအခန်းဝင်​ရန်​ရှိသဖြင့်​အလာ အခန်း​ထောင့်​မှဆရာမနှစ်​ဦး၏အ​ပြောကိုကြားလိုက်​ရခြင်းဖြစ်​သည်​။
"ဘုကလန့်​တို့ဂွသမားတို့အ​ခေါ်ခံရတာစိတ်​ဆိုးစရာမရှိပါဘူး"
"ဘာ​ကြောင့်​လဲဆို​တော့ကမ္ဘာ​ကျော်​စာ​ရေးဆရာကြီး​ဂျော့ဘားနာဒ်​​ရှော့(George Betnard Shaw)က​ပြောဘူးတယ်​""​လောက၌ ယဉ်​​ကျေးမှုအမြဲရှိ​နေခြင်း၊တိုးတက်​မှုအစဉ်​ဖြစ်​​နေခြင်းတို့မှာသာမန်​လူတို့​ကြောင့်​မဟုတ်
ကမ္ဘာ​ပေါ်ရှိဂွသမားများ၏စွမ်းရည်​သတ္တိ​ကြောင့်​သာဖြစ်​သည်​"လိုဆိုခဲ့တယ်​။
ရုတ်​တရက်​ဝင်​​ပြောလိုက်​​သောကျွန်​​တော့်​အ​ပြော​ကြောင့်​ မလုံမလဲဖစ်​ကာအားနာ​နေ​သောမျက်​လုံးများနှင့်
ဆရာမထားထားညိုကကျွန်​​တော်​ကိုကြည့်​​နေသည်​။အတန်းဝင်​ရန်​ရှိ​နေသည့်​အတွက်​ ကျွန်​​တော်​ဘာမှဆက်​မ​ပြောဘဲရှစ်​တန်းခန်းရှိရာဘက်​သို့သာဆက်​လက်​ထွက်​ခွာခဲ့သည်​။
"ဆရာမရယ်​...ဆရာစံ​ရွှေကိုအားနာစရာကြီး​နော်​"
"ရပါတယ်​..ဆရာမရဲ့...ဆရာဘုကဂွကျ​ပေမယ့်​သ​ဘောထားကြီးတာကသူ့ရဲ့အားသာချက်​ပဲ​လေ။အခု
ကျွန်​မတို့နှစ်​​ယောက်​​ပြော​နေတာဆရာဘုကြားသွား​ပေမယ့်​သူဘာမှစိတ်​ထဲထားမှာမဟုတ်​ဘူး​လေ။ဒါလည်း
သူ့အကျင့်​ပဲ​လေ"
••••••••••••••••••\\•••••••••••••••••••
အချိန်​တို့သည်​ပုံမှန်​လည်​ပတ်​​နေကြအတိုင်းလည်​ပတ်​​နေကြသည့်​အ​လျောက်​ စာသင်​နှစ်​တစ်​နှစ်​သည်​လည်းတ​ဖြေး​ဖြေးကုန်​ဆုံးဖို့ပင်​နီးလာ​ပေပြီ။ထို့အတူ ကျွန်​​တော်​တို့​ကျောင်းမှဆရာ/မများမှာလည်းမိမိ​ဒေသရပ်​ရွာသို့
ပြန်​ရမည့်​ရက်​နီးလာ၍​နေ့ရက်​တို့သည်​ကုန်​ခဲလှသည်​ဟုပင်​ ​တွေး​ကောင်း​တွေး​နေကြ​ပေလိမ့်​မည်​။သို့​သော်
ထိုအထဲတွင်​ကျွန်​​တော်​မပါ​ပေ။ဘာ​ကြောင့်​လဲဟု​မေးလာလျှင်​လည်း​ဖြေစရာအ​ဖြေတို့ကတစ်​ခုမကအဆင်​သင့်
ရှိ​နေ​ပေသည်​။ကျွန်​​တော်​တွင်​မိဘနှစ်​ပါးမရှိကြ​တော့။အစ်​ကိုတစ်​​ယောက်​​တော့ရှိ​သေး၏ သို့​သော်​လည်းအ​ဝေး
မှာဖြစ်​သည်​။ရွာတွင်​အတူ​ပေါင်းသင်း​နေထိုင်​ကြ​သောသူငယ်​ချင်းများလည်းအိမ်​​ထောင်​ကျသူကကျ၊မ​လေးရှား၊
ထိုင်းစ​သောနိုင်​ငံများသို့​ငွေရှာသွားသူကသွားကြ​လေပြီ။ထို့​ကြောင့်​ပင်​ရွာကိုမပြန်​ချင်​ဖြစ်​​နေရသည့်​အထဲကျွန်​​တော်​ရင်​ထဲတွင်​ဆရာမထားထားညိုကိုချစ်​​နေမိပြီးသူနှင့်​​ဝေးရမည်​ကပင်​ရွာကိုပို၍မပြန်​ချင်​ဖြစ်​မိသည်​။
အတူလက်​တွဲလုပ်​ကိုင်​ရ​သောကာလတစ်​​လျှောက်​ဆရာမထားထားညိုနှင့်​လည်းပိုမိုရင်းနှီးခဲ့ရသည်​။ဆရာမ
ထားထားညိုသည်​ အခြားဆရာမတို့ကဲ့သို့ကျွန်​​တော့်​ကိုဆရာဘုဟုမ​ခေါ်ပါ။ဆရာစံဟု​ခေါ်သည်​။ကျွန်​​တော်​က
ဆရာမထားထားညိုဟုသာ​ခေါ်ခဲ့သည်​။ရင်​မှမရိုးသားမှုတို့ကိုလည်းဟန်​​ဆောင်​ထားခဲ့ရသည်​။ရင်းနှီးမှုရပြီးသား
တို့ကိုမဆုံးရှုံးချင်​၍ဖြစ်​ပါသည်​။ဟန်​​ဆောင်​ခြင်းကိုလူတိုင်းမကြိုက်​ကြ​သော်​လည်းလူတိုင်းသည်​ဟန်​​ဆောင်​တတ်
ကြစမြဲမို့ဆရာမထားထားညိုအ​ပေါ်ထားမိ​သော မိမိ၏အချစ်​စိတ်​တို့ကိုယ​နေထိဟန်​​ဆောင်​ထားခဲ့ရသည်​။လုပ်
ငန်းခွင်​တစ်​ခုတည်းတွင်​အတူလက်​တွဲလုပ်​လာရသည်​နှင့်​အမျှ ဆရာမထားထားညို၏နားလည်​တတ်​မှု၊သည်းခံမှု
သွက်​လက်​ချက်​ချာမှုတို့ကို ပို၍မြင်​လာရသည်​။စကား​ပြောရာတွင်​ရိုးသားသည်​။စိတ်​​ကောင်း​စေတနာ​ကောင်းရှိ
သည်​။ဤအချက်​များ​ကြောင့်​ပင်​ဆရာမထားထားညိုကိုပို၍ခင်​တွယ်​လာမိသည်​။ကျွန်​​တော်​၏ဘု​တော​သောအ​ပြောများကိုလည်း အပြုံးဖြင့်​တုန့်​ပြန်​​နား​ထောင်​တတ်​​လေသည်​။ကျွန်​​တော်​မကြိုက်​သည့်​အချက်​တစ်​ချက်​လည်းဆရာမထားထားညိုတွင်​ရှိ​သေးသည်​။

အ​သေးအဖွဲကိစ္စက​လေးကိုပင်​ နီးစပ်​ရာလူနှင့်​တိုင်​ပင်​ပြီးဆုံးဖြတ်​တတ်​​သေးသည်​။ကျွန်​​တော်​ကမူ ဆရာမ
ထားထားညို၏ဤအကျင့်​သည်​ လိုသည်​ထက်​မပိုသင့်​​ကြောင်း မိမိကိုယ်​မိမိယုံကြည်​မှုပိုမိုထားသင့်​​ကြောင်း
အချို့​နေရာများတွင်​မိမိ၏ဆုံးဖြတ်​ချက်​သည်​သာပို၍အ​ရေးပါ​ကြောင်း မကြာခဏဆိုသလို​ပြောဖြစ်​ခဲ့သည်​။
စာ​မေးပွဲစစစ်​​သော​နေ့တွင်​ဖြစ်​သည်​။နေ့လည်​အားလပ်​​နေ​သောအချိန်​၌ ဆရာ/မများအားလုံးစု​ဝေး၍စကားစမြည်​​ပြော​နေကြသည်​။ဆရာမထားထားညိုကစကားစသည်​။
"ဆရာစံ..."
ပြော...ဆိုသည့်​သ​ဘောဖြင့်​ကျွန်​​တော်​သူ့ကိုကြည့်​ဖြစ်​သည်​။
"ဆရာစံ...ရွာပြန်​ရင်​ကျွန်​မတို့ရွာကတစ်​ဆင့်​သွားရမှာ​နော်​"
ကျွန်​​တော်​​ခေါင်းညိတ်​ပြသည်​။ကျွန်​​တော်​ရွာပြန်​မည်​ဆိုလျှင်​ ဆရာမထားထားညိုတို့ရွာမှတစ်​ဆင့်​မြို့သို့စက်​​လှေ
စီးရမည်​ဖြစ်​ပြီးမြို့ကတစ်​ဆင့်​ကျွန်​​တော်​တိုရွာဘက်​သို့​ပြေးဆွဲသည့်​လိုင်းစက်​​လှေနှင့်​ဆက်​သွားရမည်​ဖြစ်​သည်​။
"ဒါဆို ကျွန်​မတို့အိမ်​မှာတည်း​ပေါ့ ​မောင်​​လေးလည်းရှိတယ်​​လေ...အားနာဖို့မလိုပါဘူး"
"​ကျေးဇူးအများကြီးတင်​ပါတယ်​ဆရာမထားထားညို"
"အားနာတယ်​လို့လည်း မဟုတ်​ပါဘူး ဒီ​ကျောင်းမှာတာဝန်​စကျကတည်းက ကျွန်​​တော်​အသွားအပြန်​တည်း​တဲ့အိမ်​ဆရာမတို့ရွာမှာရှိတယ်​​လေ...​ခေါက်​​ရေများလာ​တာနဲ့အမျှအိမ်​ရှင်​​တွေနဲ့လည်းပိုပြီးရင်းနှီး​နေပါပြီ...ပြီး​တော့
ကျွန်​​တော်​တည်းတဲ့အိမ်​ကက​လေး​တွေကလည်း ကျွန်​​တော်​ကိုခင်​​နေကြပြီ​လေ သူတို့ဆီမှာမတည်းရင်​စိတ်
ကောင်းကြမှာမဟုတ်​ဘူး။ပြီး​တော့ဒီနှစ်​​ကျောင်းပိတ်​ရင်​ကျွန်​​တော်​ပြန်​ဖြစ်​ချင်​မှပြန်​ဖြစ်​မှာပါ"
"ဆရာစံကကျွန်​မ​တို့ရွာကဘယ်​သူ့အိမ်​မှာတည်းတာလဲ"
"အ​မေကြီးအိတို့အိမ်​မှာပါ"
"​သြော်​...သိတယ်​ကျွန်​မတို့အိမ်​နဲ့လည်းသိပ်​မ​ဝေးဘူး ဆရာစံကျွန်​မတို့အိမ်​လာလည်​​လေ"
"​အောင်​မယ်​ ထားညိုကငါတို့ကျ​တော့အလည်​မ​ခေါ်ဘူး ဆရာစံဘုကိုချည်း​ခေါ်​နေတာပဲ"
ဆရာမခင်​ခင်​​ကျော့ကဝင်​​နောက်​သည်​။
"အဲလိုလည်းမဟုတ်​ပါဘူးမခင်​ရဲ့ ဆရာစံနဲ့ကလမ်းကလည်းကြုံ​နေ​တော့​လေ"
"ဟုတ်​ပါပြီထားညိုရယ်​ မခင်​က​နောက်​တာပါ"
ဟု​ပြောရင်းဆရာမခင်​ခင်​​ကျော့ကဆရာဦး​အောင်​ကြည်​​ခေါ်သဖြင့်​​နေရာမှထသွားသည်​။
ဆရာမထားထားညိုကကျွန်​​တော်​ကိုစူးစမ်း​သောအကြည့်​မျိုးနှင့်​လှမ်းကြည့်​​တော့ကျွန်​​တော်​နှင့်​မျက်​လုံးချင်းဆုံပြီး
မျက်​လွှာချသွားပြီးမှတဖန်​ပြန်​၍စကားစလာပြန်​သည်​။
"ဆရာစံနဲ့ကျွန်​မစက်​​လှေ​ပေါ်မှာပထမဆုံးဆုံဖူးတာဆရာစံမှတ်​မိလား"ဟုဆရာမထားထားညိုက​မေးသည်​။
"ဟုတ်​ကဲ့မှတ်​မိပါတယ်​"
"အဲဒီ​နေ့ကမြစ်​မှာလှိုင်း​တွေအရမ်းကြီးတယ်​​နော်​...ကျွန်​မအဲဒီ​နေ့က​တော်​​တော်​​ကြောက်​ခဲ့ရတယ်​"
"ဆရာမထားထားညိုကဘာကို​ကြောက်​တာလဲ"
"စက်​​လှေနစ်​သွားမှာကို​ပေါ့ လှိုင်းကအရမ်းကြီးတာ​ကိုး"
ဟင်း...ဟင်း....
"ဆရာစံကဘာရယ်​တာလဲ"
"မဟုတ်​ပါဘူး...အဲဒီ​နေ့ကဆရာမထားထားညို ပါးစပ်​ကပွစိပွစိနဲ့ဘုရားစာ​တွေရွတ်​​နေတာပြန်​မြင်​​ယောင်​မိလို့ပါ"
"အို...ဆရာစံကလဲ..​ကြောက်​လို့ရွတ်​တာ​ပေါ့"ဟုဆရာမထားထားညိုကနူတ်​ခမ်းကိုစူ၍​ပြောပါသည်​။ဤအမူအယာ​လေးများသည်​ပင်​ကျွန်​​တော်​ရင်​မှမြတ်​နိုးမှု​လေးများဖြစ်​​နေပါသည်​။
"​ကြောက်​တတ်​ရင်​နှစ်​ခါ​သေရတယ်​ ဆရာမထားထားညိုရဲ့...
သေရမှာကို​သေ​လောက်​​အောင်​​ကြောက်​​နေရတာကတစ်​ခါ တစ်​ကယ်​​သေတာကတစ်​ခါ​လေ"ဟုကျွန်​​တော်​ကဆို​တော့။
"ဒါဆိုအဲဒီ​နေ့က ဆရာစံကမ​ကြောက်​ဘူး​ပေါ့"ဟုမျက်​လုံးဝိုင်း​လေးများနှင့်​ကြည့်​ရင်း​မေးသည်​။
"မ​ကြောက်​ပါဘူး ​သေ​တော့လည်းကိုယ်​တစ်​​ယောက်​တည်းမှမဟုတ်​တာပဲ"ဟုကျွန်​​တော်​​ပြော​တော့
ဆရာမထားထားညိုကရယ်​သည်​။စာ​ဖြေခန်းဝင်​ရန်​သံ​ချောင်း​ခေါက်​သံကြားသဖြင့်​ကျွန်​​တော်​တို့နှစ်​ဦးလုံး
မိမိတို့တာဝန်​ကျရာစာ​ဖြေခန်းအသီးသီးသို့ထွက်​လာခဲ့ကြသည်​။


•••••••••••••••••••••••••\\••••••••••••••••••••••

တ​ပေါင်းလ၏သခွပ်​ပင်​ထက်​မှသခွပ်​ပွင့်​များကဲ့သို့အချိန်​တို့သည်​တ​ဖြေး​ဖြေး​ကြွေလွင့်​​နေ၏။နှစ်​နှစ်​ဆို​သောအချိန်​သည်​ နှစ်​ရက်​မျှ​လောက်​နှင့်​ကုန်​ဆုံးသွားသည်​ဟုထင်​မိ​သောကျွန်​​တော်​သည်​ ဆရာမထားထားညို၏ အချစ်​ကိုရရှိလိုက်​၍ဖြစ်​မည်​ထင်​သည်​။ထိုကာလများအတွင်းဆရာမထားထားညိုကကျွန်​​တော်​ကို "ကို"ဟု​ပြောင်း​ခေါ်ခဲ့သော်​လည်းကျွန်​​တော်​ကနဂို​ခေါ်မြဲအတိုင်း ဆရာမထားထားညိုဟူ၍သာ​ခေါ်ဆိုခဲ့သည်​။ကျွန်​​တော်​ဤသို့​ခေါ်
သည်​ကိုဆရာမထားထားညိုကသူစိမ်းဆန်​သည်​ဟုမကြာခဏ​ပြောတတ်​​သော်​လည်း"ဆရာမထားထားညိုဆိုတဲ့အ​ခေါ်အ​ဝေါ်ထဲမှာဘယ်​စကားလုံးကိုမှချန်​မထားချင်​လို့ပါ စကားလုံးတိုင်းကကျွန်​​တော်​အတွက်​အ​ရေးပါတယ်​​လေ"ဟုကျွန်​​တော်​​ပြော​သောအခါပြုံး​နေ​သောဆရာမထားထားညို၏မျက်​ဝန်းများသည်​​ကျေနပ်​ရိပ်​တို့ယှက်​သန်း​နေသည်​ဟုကျွန်​​တော်​ထင်​သည်​။ကျွန်​​တော်​ရင်​၌ ဆရာမထားထားညိုအ​ပေါ်ထား​သောချစ်​ခြင်း​မေတ္တာတို့သည်​လည်းခိုင်​မြဲတွယ်​ကပ်​လွန်းသည်​မှာမိမိဘာသာအသိဆုံး။နူတ်​မှတတွတ်​တွတ်​ ဖွင့်​ဟ​ပြောဆိုမှုမရှိ​သောမိမိဝသီအတိုင်းတဖွဖွမ​ပြောဖြစ်​​သော်​လည်းဆရာမထားထားညိုနားလည်​နိုင်​လိမ့်​မည်​ဟုကျွန်​​တော်​ယုံကြည်​သည်​။
မုတ်​သုန်​မိုးတို့သည်​ စတင်​ဝင်​​ရောက်​ခဲ့​လေပြီ။နွေရာသီ၏ညှင်းပမ်းနှိပ်​စက်​မှု​ကြောင့်​ပူ​လောင်​ဆူ​ဝေ​နေ​သော
ကမ္ဘာ​မြေကြီးမှ​မြေသင်းနံ့တို့သည်​မုတ်​သုန်​မိုးနှင့်​အတူ​လေ​ပြေတွင်​လွင့်​ပျံ့လာသည်​။စံပယ်​ဖူးတို့၏ရနံ့ထူးတို့က
လည်းအလွမ်းတို့ကိုအတိုးချ​နေသည့်​အလား။မေလကုန်​ခါနီး၍ဇွန်​လဆန်း​တော့မည်​ ​နွေ၏အပူရှိန်​​အောက်​၌
အိပ်​​မောကျ​နေခဲ့​သောစာင်​​ကျောင်းများမိုးစက်​တို့နှင့်​အတူစို​ပြေသစ်​လွင်​လာ​တော့မည်​။ရင်​မှအလွမ်းတို့သည်
ခိုနားရာရ​တော့မည်​ဆိုသည့်​အသိက ကျွန်​​တော်​ကိုလန်းဆန်းတက်​ကြွ​စေသည်​။လိုအပ်​သည့်​ပစ္စည်းပစ္စယများသိမ်းဆည်းရင်း မနက်ြ​ဖန်​ခရီးအတွက်​ပြင်​ဆင်​ရင်းကြည်​နူး​နေမိသည်​။ဒိုင်​ယာရီစာအုပ်​အတွင်းမျက်​နှာတွင်​ကပ်​ထားသည့်​ဆရာမထားထားညို၏ဓာတ်​ပုံ​ပေါ်မှအပြုံးကိုမျက်​​တောင်​မခက်​စိုက်​ကြည်းရင်း မနက်​ဖြန်​ဆို​သော​နေ့ရက်​သည်​​ဝေးလွန်းလှသည်​စုလည်းထင်​မိပြန်​သည်​။ညဉ့်​အ​တော်​နက်​သည်​အထိအိပ်​မ​ပျော်​ခဲ့။မိုးလင်းခါနီးမှမျက်​ဝန်းတို့သည်​အ​ညောင်းမိသည်​အလား​မှေးခနဲအိပ်​​ပျော်​သွားခဲ့သည်​။
••••••••••\\••••••••••••
ကျွန်​​တော်​အိပ်​ရာမှနိုး​သောအခါ မနက်​၇နာရီခွဲပြီဖြစ်​သည်​။အိပ်​ရာထဲမှရုတ်​တရက်​ထထိုင်​လိုက်​မိသည်​က
စက်​​လှေမီ​အောင်​ပြင်​စရာများရှိ​သေး၍ဖြစ်​သည်​။လုပ်​စရာရှိသည်​များခပ်​သွက်​သွက်​လုပ်​ရင်း ​ကျောင်းဖွင့်​ချိန်​တိုင်း
သွား​နေကျပုံစံဖြင့်​စက်​​လှေဆိပ်​ဆင်းခဲ့သည်​။ဒီ​ရေထရက်​ဖြစ်​၍​တော်​​သေးသည်​။ကျွန်​​တော်​တို့ရွာသည်​ဒီ​ရေထ
ရက်​ဆိုလျှင်​လိုင်းဆွဲသည့်​စက်​​လှေသည်​​ရေဆန်​တိုးရသည်​။ရေ​သေရက်​များမှသာလျှင်​အစုန်​လိုက်​ရသည့်
သ​ဘောရှိ၍ ​ရေထရက်​တွင်​စက်​​လှေသည်​အနည်းငယ်​​နောက်​ကျပြီးမှ​ရောက်​လာတတ်​သည်​။
မနက်​စာအဖြစ်​ ​ကော်​ဖီနှင့်​မုန့်​ကိုရွာစက်​​လှေဆိပ်​ကဆိုင်​တွင်​စားရင်း စက်​​လှေ​စောင့်​​နေလိုက်​သည်​။အ​တွေးတွင်​ဆရာမထားထားညို၏အပြုံးတို့သာ​နေရာယူလျက်​။
••••••••••••\\••••••••••
မြို့​ရောက်​​တော့ဆရာမထားထားညိုနှင့်​စက်​​လှေဆိပ်​မှာပင်​ဆုံဖြစ်​သည်​။အံ့သြဝမ်းသာဖြစ်​မိသည်​က ကျွန်​​တော်​။ရင်​နှင့်​အမျှလွမ်းရ​သောအလွမ်းတို့အတွက်​မထင်​မှတ်​​သောအချိန်​တွင်​ဆရာမထားထားညို၏မျက်​နှာကိုမြင်​ခွင့်​ရလိုက်​ခြင်းသည်​ကံထူး၍ပင်​ဖြစ်​လိမ့်​မည်​ဟုကျွန်​​တော်​ထင်​ခဲ့သည်​။သို​သော်​ကျွန်​​တော်​အထင်​သည်​ကြာရှည်​မခံ
လိုက်​​ပေ။
"ကို့..ကို​ပြောစရာရှိတယ်​"
ဆရာမထားထားညိုကကျွန်​​တော်​ကိုထိုသို့​ပြောရင်းအနီးရှိသစ်​ပင်​ရိပ်​သို့​လျှောက်​သွားသည်
။ဆရာမထားထားညိုခေါ်ရာ​နောက်​လိုက်​ရင်း ကျွန်​​တော်​ရင်​မှသိ​လို​ဇောသည်​ ​အောင်​စာရင်းကြည်​​နေ​သော ​ကျောင်းသားတစ်​ဦးကဲ့သို့ခံစား​နေရခြင်းကိုအံ့သြမိသည်​။ဆရာမထားထားညို၏မျက်​ဝန်းတို့သည်​ကျွန်​​တော်​နှင့်​အကြည့်​ခြင်းမဆုံဖူးသူတစ်​ဦးလိုပင်​။
"ကျွန်​မတို့နှစ်​​ယောက်​ရဲ့ဇာတ်​လမ်းကိုဒီမှာပဲရပ်​လိုက်​ကြရ​အောင်​"ဟု​ပြောပြီးဆရာမထားထားညိုသည်
ကျွန်​​တော့်​​ရှေ့မှ​ခြေလှမ်းမှန်​မှန်​ဖြင့်​ထွက်​ခွာသွားခဲ့သည်​။မ​မျှော်​လင့်​​သောစကားကိုမ​မျှော်​လင့်​ဘဲကြားလိုက်​ရ
ခြင်းသည်​သတင်းစာထဲမှအသိတစ်​​ယောက်​နာ​ရေး​ကြော်​ငြာဖတ်​မိသကဲ့သို့ ကျွန်​​တော်​ရင်​သည်​တဆတ်​ဆတ်
ခုန်​လျက်​။
•••••••••••••\\•••••••••••••
မိုး​ရေစက်​တို့သည်​ကျွန်​​တော်​မျက်​နှာ​ပေါ်သို့သက်​ဆင်းလျက်​။ဝသန်​ဦး၏မိုးစက်​ပွင့်​တို့သည်​ကား ရင်မှအပူကိုအေးချမ်း​စေရန်​မစွမ်းသာခဲ့​လေပြီ။ကျွန်​​တော်​မျက်​လုံးပြန်​ဖွင့်​လိုက်​မိချိန်​တွင်​ အသည်းကွဲခင်းကိုအဓိပ္ပါယ်​သတ်​မှတ်​ဖို့အ​ပြေးအလွှားအ​ဖြေရှာမိသည်​။သူငယ်​ချင်းတစ်​ဦးတစ်​​ယောက်​အနားမှာရှိလျှင်​​ကောင်းမည်​ သို့​သော်​ယခုမရှိ။အရက်​​သောက်​ချင်​စိတ်​​ပေါ်လာသည်​။ထိုင်​ရာမှထလိုက်​သည်​။သို့​သော်​ကျွန်​​တော့်ခြေလှမ်းတို့ကအရက်
ဆိုင်​ရှိရာသို့ဦးတည်​​နေခြင်းကားမဟုတ်​။နီးစပ်​ရာကွမ်းယာဆိုင်​ဝင်​ရင်းကွမ်း၂၀၀ဖိုးဝယ်​သည်​။ဆေးရွက်​ကြီးအ
များကြီးထည့်​ခိုင်းသည်​။ကွမ်းယာ​ရောင်း​သော​ကောင်​မ​လေးကကျွန်​​တော့်​ကိုမယုံသလိုကြည့်​​နေသည်​။ကွမ်းယာ
နေစဉ်​ပင်​တစ်​ယာ​တောင်းယူ၍ကျွန်​​တော်​ဝါးလိုက်​သည်​။ကွမ်းတံ​တွေးမ​ထွေးပဲအရည်​ကိုမျိုချလိုက်​သည်​။
ကွမ်းရည်​ကိုနှစ်​ခါမမျိုလိုက်​ရ။ကမ္ဘာကြီးချာချာလည်​​လေပြီ။ကျွန်​​တော်​ကိုယ်​မှ​ဇော​ချွေးများပြန်​လာသည်​။ဆရာမ
ထားထားညို၏စွန့်​ပစ်​ခြင်း​ခံရ​သော​ဝေဒနာထက်​ကွမ်းမူးခြင်း​ဝေဒနာကကျွန်​​တော်​အားနှိပ်​စက်​​လေပြီ။နီးစပ်​ရာ
သစ်​ပင်​​ခြေရင်းကိုမှီထိုင်​ရင်း ကျွန်​​တော်​၏အသဲကွဲုခင်းသည်​​ငွေကုန်​​ကြေးကျအလွန်​သက်​သာပြီး ကျွန်​​တော်​ပြန်​ခဲ့
သော​ဇော​ချွေးများနှင့်​​ရော​နှောထွက်​ခွာသွားသည်​။
•••••••••••••\\••••••••••••
နောက်​ပိုင်းကျွန်​​တော်​ကြားသိရသည်​မှာ
ဆရာမထားထားညိုသည်​ အိမ်​ကစီစဉ်​​သောနိုင်​ငံခြားပြန်​တစ်​ဦးနှင့်​ဧပြီလကုန်​ပိုင်း​လောက်​ကပင်​လက်​ထပ်​ခဲ့ခြင်းဖြစ်​​ကြောင်း၊ကျွန်​​တော်​နှင့်​ဆုံသည့်​​နေ့က ကျွန်​​တော်​ကိုလမ်းခွဲစကား​ပြောသည်​ကို သူ့အမျိုးသားကအခြားတစ်​​နေရာမှကြည့်​​နေ​ကြောင်း၊ကျွန်​​တော်​နှင့်​အ​ကြောင်းအားသူ့အမျိုးသားကိုပွင့်​ပွင့်​လင်းလင်း​ပြောပြီး၍ ထို့​​နေ့ကသူတို့နှစ်​ဦးကြားပြသာနာတစ်​စုံတစ်​ရာမရှိ​ကြောင်း။
••••••••••••••••••••\\•••••••••••••••••
ကျွန်​​တော်​အသဲကွဲသည့်​​နေ့ကရွာ​နေ​သောမိုးစက်​တို့သည်​ ယခုအခါ ​ငွေ့ရည်​ဖွဲ့​လေမည်​လား...
မိုးအဖြစ်​ရွာ​နေမည်​လား...
အခိုးအ​ငွေ့အဆင့်​မှာပင်​ရှိ​နေမည်​လား...မ​ပြောတတ်​​ပေ။
ယခုအခါဇွန်​လဆန်းတိုင်းမိုးရွာလျှင်​ကျွန်​​တော့်​တပည့်​​လေးများကိုသတိရသကဲ့သို့ဆရာမထားထားညိုကိုလည်းသတိရသည့်​အခါများရှိသည်​။ကျွန်​​တော်​ကြာကြာအသဲမကွဲလိုက်​ရခြင်းသည်​အချစ်​စစ်​မမည်​၍​တော့မဟုတ်​​ပေ။ဘဝသည်​​ပြောင်းလဲခြင်းဟုဆိုပါလျှင်​ အရာရာသည်​​ပြောင်းလဲခဲ့​ပေမည်​။ကျွန်​​တော်​သည်​လည်း​ကောင်း....
ဆရာမထားထားညိုသည်​လည်း​ကောင်း.....
သတ္တဝါတိုင်းသည်​လည်း​ကောင်း......
အရာဝတ္ထုတိုင်းသည်​လည်း​ကောင်း....​ပြောင်းလဲ​နေမည်​သာဖြစ်​သည်​။
ပြောင်းလဲဖို့အတွက်​ အချိန်​တစ်​ခုသာလိုပါသည်​။

                                                                                                 ဇန်​လူ​နှောင်း

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ