----------------------------------------------------------------
နွေရာသီ၏အပူဒဏ်ကိုခံရင်းငြိမ်သက်နေခဲ့ရသည့်ကျောင်းများသည်မေလ၏မိုးရေစက်များနှင့်အတူလှုပ်ရှားအသက်ဝင်လာပေတော့မည်။ပြက္ခဒိန်နှစ်တစ်နှစ်၏မေလသည်
ပညာရေးလောကသားတို့၏ရင်ခုန်စရာလည်း
ကောင်းသောလဖြစ်သည်။အဘယ်ကြောင့်ဆိုသော်မေလတွင်ပညာရေးဝန်ထမ်းများ၏ရာထူးတိုးအပြောင်းအ
ရွေ့များကြေငြာသည့်အတွက်
ပညာရေးဝန်ထမ်းများအနေနှင့်ရင်တခုန်ခုန်နှင့်မျှော်ကြရသည်။ထို့အတူ ကျောင်းအဆင့်တိုးတင်ထားသည့်ကျောင်းများမှာလည်းအဆင့်တိုးအော်ဒါများထွက်သည့်အတွက်ပညာရေးလောကတွင်အဆင့်တိုးသည့်ကျောင်းများအတွက်ရယ်ရမောရပြောစရာများဖြစ်နေသည်။အကြောင်းနှင့်အကျိုးသည်ဒွန်တွဲနေသည့်အတွက်
ရယ်စရာနောက်ကပါလာသည့်မောစရာလေးများလည်းရှိပါသည်။
၂၀၁၈/၂၀၁၉(ပညာသင်နှစ်)အတွက်ပညာရေးဝန်ကြီးဌာနမှတရာဝင်ခွင့်ပြုသည့်အဆင့်တိုးသည့်ကျောင်းအရေအတွက်မှာတစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဆိုလျှင်အခြေခံပညာကျောင်းပေါင်း(၆၃၈၆)ကျောင်းအဆင့်တိုးမြင့်ဖွင့်လှစ်ခွင့်ပေးခဲ့ပါသည်။
အထက(ခွဲ)မှအထကအဖြစ်၃၁၅ကျောင်း
အလကမှအထက(ခွဲ)အဖြစ်၅၈၆ကျောင်း
အလက(ခွဲ)မှအလကအဖြစ်၂၀၀၉ကျောင်း
မူလွန်မှအလက(ခွဲ)အဖြစ်၁၀၇၆ကျောင်း
အမကမှမူလွန်အဖြစ်၁၀၀၈ကျောင်း
အမက(ခွဲ)မှအမကအဖြစ်၈၆၄ကျောင်း
ကအက၊အမက(ခွဲ)အဖြစ်၅၂၈ကျောင်း
အသီးသီးအဆင့်တိုးမြင့်ဖွင့်လှစ်ပေးခဲ့ပါသည်။ကျောင်းအဆင့်တိုးပါသည့်ကျောင်းများရှိကျောင်းအုပ်ကြီးများအနေဖြင့်အချို့ကမိမိနေရာတွင်ဆက်နေနိုင်သည့်ဆရာကြီးများရှိသလို၊အချို့ဆရာကြီးများမှာလည်းကျောင်းနှင့်အတူအဆင့်လိုက်မတိုးနိုင်သည့်အတွက်မိမိ၏လက်ရှိနေရာကိုဖယ်ပေးကြရတော့မည်။ဥပမာ..အလက(ခွဲ)ကျောင်းများရှိမူအုပ်များသည်မိမိကျောင်းအလကကျောင်းအဖြစ်အဆင့်တိုးသွားသည့်အတွက်မိမိနေရာတွင်လယ်အုပ်တစ်
ယောက်ရောက်လာတော့မည်။ဤသို့သောအခြေအနေတွင်သက်ဆိုင်ရာမူအုပ်သည်အပြောင်းအရွှေ့လျှောက်လွှာတင်ပြီးချက်ခြင်းဆိုသလိုနေရာဖယ်ပေးဖို့ပြင်ဆင်ကြရပါသည်။မိမိလက်ထက်တွင်မိမိကျောင်းကိုအဆင့်တိုး
အောင်ဆောင်ရွက်ပေးခဲ့နိုင်၍၀မ်းသာမိသလိုမိမိအနေဖြင့်အခြားမည်သည့်ကျောင်းကိုရောက်မည့်မသိသေး
သည့်အတွက်ရင်မောကြရသည်။ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများအရထိုကဲ့သို့နေရာဖယ်ပေးရသည်ဝန်ထမ်းကိုလည်းကောင်းပြောင်းရွှေ့လိုသောကျောင်း၌နေရာရှိမရှိစိစစ်၍ရှိလျှင်ဦးစားပေးအစီအစဉ်ဖြင့်ဆောင်ရွက်ပေးရ
မြဲဖြစ်ပါသည်။တောင်းဆိုသူဖက်ကလည်း
လစ်လပ်နေရာရှိမရှိစုံစမ်းပြိးမှသာ တောင်းဆိုကြသည်။
အလက(ခွဲ)အဖြစ်မှအလကအဖြစ်သို့အဆင့်တိုးသွားသည့်ကျောင်းတစ်ကျောင်းမှအမည်မဖော်လိုသူကျောင်းအုပ်ဆရာကြီးတစ်ဦးကလည်း
နေရာဖယ်ပေးရမှုအပေါ်တွင်လည်းကောင်း၏အမြင်ပြောရာတွင်''ကျောင်းအဆင့်
တိုးတဲ့အတွက်
ကိုယ့်ရဲ့ကြိုးစားမှုအပေါ်မှာ ကျေနပ်မိပါတယ်။ဒါပေမယ့်နေရာဖယ်ပေးဖို့အတွက်လစ်လပ်နေတဲ့
ကျောင်းနေရာတွေကိုကျွန်တော်တို့အနေနဲ့တောင်းရာမှာ
မြို့နယ်နဲ့ခရိုင်ရုံးတွေကမျက်နှာလိုက်တာမျိုးတွေ
ရှိပါတယ်။ကျွန်တော်တို့ကနေရာတစ်နေရာအတွက်ငွေကြေးနဲ့လုရမလိုဖြစ်နေတယ်။ဒါတွေကတော့တကယ့်ကိုမဖြစ်သင့်ဘူးလို့ထင်ပါတယ်။ကျွန်တော်တို့လုပ်သက်နဲ့ဖြစ်စေတန်းစီပြီးမျှမျှတတခန့်ပေးမယ်ဆိုရင်တော့ပို
ကောင်းတာပေါ့လေ။အခုတော့ဘယ်နေရာရောက်မလဲမပြောတတ်သေးပါဘူး။''ဟုလည်းကောင်း၏
အပြောင်းအရွှေ့အတွက်အားမလိုအားမရနဲ့ပြောပါတယ်။
ဤနေရာတွင်
မြို့နယ်၏လုပ်ပိုင်ခွင့်ရှိသူများနှင့်အလွန်းသင့်ကြသူများကပြဿ နာမဟုတ်သော်လည်း ရုံးနှင့်အလွန်းမသင်ကြသူများအနေဖြင့်
မိမိလိုချင်သည့်နေရာရရန်အခက်အခဲရှိကြသည်။ပိုင်ရာဆိုင်ရာများ၏ လုပ်ပိုင်ခွင့်သည်
နေရာတိုင်းတွင်အရေးပါအရာရောက်လွန်းခြင်းကြောင့်မဟုတ်မခံမမှန်မလုပ်သမားများအတွက်
နစ်နာရမှုသည်
ထင်သာမြင်သာမရှိလှ။အောင့်သက်သက်နှင့်ပင် ခံကြရသည့်သဘောပင်။လူသည်အမှားမကင်းဟုဆိုသော်လည်း
အမှားများနေသည့်နေရာတွင်အမှန်သမားများနေရာမရဖြစ်ရခြင်းသည် စိတ်ပျက်စရာပင်။
အချို့ဒေသများတွင်
ကလေးများချောင်းကူးမြောင်းကူးကျောင်းတက်ကြရသည့်အတွက် ကုတို့လှေနစ်မြုပ်ပြီး
အချိန်မတန်ဘဲကြွေလွင့်ခဲ့ရသည့်ကလေးများသည် မိမိတို့ဒေသတွင်မူလတန်း/မူလွန်အဆင့်သာရှိပြီး
အလယ်တန်းသို့မဟုတ်အထက်တန်းပညာကိုဆက်သင်နိုင်ရန် မိမိတို့နှင့်နီးစပ်ရာအထက်တန်းအလယ်တန်းကျောင်းများကိုသွားရောက်ပညာသင်ယူရသည့်အတွက်မြစ်ချောင်းပေါများသည့်ရခိုင်ပြည်နယ်၊ဧရာဝတီတိုင်းဒေသကြီးကဲ့သို့ဒေသများတွင်ကုတို့လှေနစ်မြုပ်၍ကလေးများ၏အသက်ဆုံးရှုံးခဲ့ကြရသည်။ဤအချက်များကိုပညာရေးဝန်ကြီးဌာနမှ
ဖြေရှင်းရာတွင် ကျောင်းများအဆင့်မြှင့်ပေးခြင်းလည်းတစ်ခုပါဝင်သည်။ဤသိုဖြေရှင်းပေးမှုတို့သည်ဒေသခံတို့အတွက်ဝမ်းမြောက်စရာပင်ဖြစ်ပါသည်။
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်မှယခုပညာသင်နှစ်တွင်မူလွန်ကျောင်းမှအလက(ခွဲ)အဖြစ်သို့အဆင့်တိုးလာသည်(ယခုအလက(ခွဲ)အောင်မြေကုန်း)ကျောင်း၏ကျောင်းအုပ်ဆရာကြီးဖြစ်သူဦးဇာနည်မောင်ကကျောင်းအဆင့်တိုးမှုအပေါ်သူ၏အမြင်ကိုယခုလိုပြောပြပါသည်။''ကျောင်းအဆင့်တိုးတာနဲ့ပတ်သက်လို့
ကျွန်တော်ဝမ်းသာပါတယ် ကျွန်တော်ကျောင်းကနေပြီးဒီနှစ်ခြောက်တန်းအောင်တဲ့ကလေးတွေ
ချောင်းကူးပြီးတခြားမှာကျောင်းသွားတက်စရာမလိုတော့ဘူး။ပြီးတော့ အဝေးမှာကျောင်းသွားမတက်နိုင်လို့၆တန်းအောင်ပြိးကျောင်းထွက်ရမဲ့ကလေးတွေလည်းပညာဆက်သင်နိုင်တော့မယ်
အဲဒီအချက်တွေကြောင့်ကျွန်တော်ပျော်ပါတယ်။တစ်ဖက်ကလည်း ကျောင်းအဆင့်တိုးလာတဲ့အပေါ်မှာ
ကျွန်တော်တို့ကျောင်းရဲ့စာသင်ခန်းလိုအပ်ချက်တွေ၊စာရေးခုံလိုအပ်ချက်တွေနဲ့သင်ကြားမယ့်ဆရာ၊ဆရာမလိုအပ်ချက်တွေအတွက်တော့ဖိအားတစ်ခုလိုခံစားရပါတယ်။ဌာနကတရားဝင်ခွင့်ပြုပေးမှာက
ကြာအုံးမှာလေ လောလောဆယ်ကျောင်းဖွင့်တာနဲ့ကျွန်တော်တို့သင်ကြားရေးလုပ်နိုင်အောင်အတွက်
ကျောင်းသားမိဘတွေနဲ့တိုင်ပင်ပြီး စာသင်ဆောင်၊နဲ့စာရေးခုံတွေထပ်လုပ်ဖို့တိုင်ပင်ထားပါတယ်။ပြီးတော့အပြောင်းအရွေ့အော်ဒါတွေထွက်ရင်
ဝန်ထမ်းတွေထပ်ကျလာဖို့လည်းဆုတောင်းပါတယ်။ဘာလို့လဲဆိုတော့စာသင်ဆောင်မရှိတာကအဆင်ပြေအောင်တစ်နေရာမှာသင်လို့ရသေးတယ်လေ။ဥပမာ
ဘုန်းကြီးကျောင်းတို့လိုနေရာမျိုးပေါ့။သင်ကြားမယ်ဆရာမရှိတာကြတော့ တော်တော်လေးအခက်ကြုံရပါတယ်။အပြင်ကသင်နိုင်မယ့်
ဆရာ၊ဆရာမငှါးဖို့ဆိုတာကလည်းငွေကြေးကအစ
အခက်အခဲရှိတော့ကျောင်းသားမိဘတွေအပေါ်ဘူးလေးရာဖရုံဆင့်ဆိုသလိုမဖြစ်စေချင်ပါဘူး
အလက(ခွဲ)ဖြစ်တာကိုဝမ်းသာပါတယ်။ဒါပေမယ့် အလက(ခွဲ)ကျောင်းတစ်ကျောင်းရဲ့အင်္ဂါ၇ပ်နဲ့ကိုက်ညီအောင်
ကျောင်းသားမိဘတွေဘက်ကငွေဆယ်သိန်းလောက်အကုန်အကျခံနိုင်မှလုပ်လို့ရမယ့်သဘောပါပဲ''ဟုကျောင်းအဆင့်တိုးခြင်းအပေါ်လည်းကောင်း၏အမြင်ကိုပြောပြပါတယ်။
ကိုယ်ထူကိုယ်ထကျောင်းအဖြစ်မှအမက(ခွဲ)အဖြစ်တိုးမြင့်ဖွင့်လှစ်ခွင့်ရအောင်ဆောင်ရွက်ခဲ့သည့်ဆရာတစ်ဦးကလည်း
မိမိတို့အနေဖြင့်ကိုယ်ထူကိုယ်ထအဖြစ်ဆောင်ရွက်ခဲ့စဉ်ကပင်ယခုအမက(ခွဲ)ဖြစ်လာသည့်အထိ
အခက်အခဲများရှိခဲ့ပြီး ကျောင်းသားအင်အားမှအစ သတ်မှတ်ချက်ပြည့်မှီအောင်ဆောင်ရွက်ရာတွင်
ကျေးရွာရှိ
ကျောင်းသားမိဘများကိုသဘောပေါက်အောင်မနည်းစည်းရုံးရကြောင်းယခုလိုပြောပြပါသည်။''ကျွန်တော်တို့ရွာမှာကအထက်တန်းကျောင်းရှိပါတယ်။အိမ်ခြေ၅၀၀ကျော်လာရှိတဲ့ရွာတစ်ရွာမှာ
အထက်တန်းကျောင်းမှာကျောင်းသားဦးရေကတစ်ထောင်ကျော်ပါတယ် အထူးသဖြင့်မူလတန်းအဆင့်မှာ
အတန်းတစ်တန်းမှာကျောင်းသား၈၀ကျော်တယ်။မူလတန်းအဆင့်အားလုံးဆိုရင် ကျောင်းသား၄၀၀ကျော်
၅၀၀နီးပါးလောက်ဖြစ်တယ်။စာသင်ခန်းကလည်းအခက်အခဲရှိတော့ ကျွန်တော်တို့ကျေးရွာအနေနဲ့
အမကကျောင်းတစ်ကျောင်းလောက်ရှိသင့်ပြီပေါ့နော် ကျွန်တော်ဒေသက အခြားအိမ်ခြေ၅၀၀ကျော်တဲ့ရွာတွေမှာက
ရွာတိုင်းမှာ အထက်တန်းကျောင်းတစ်ကျောင်း၊မူလတန်းကျောင်းတစ်ကျောင်းရှိကြတယ်။အဲဒီလို့အပ်ချက်ကိုဖြည့်ဖို့အတွက်ကျွန်တော်တို့ခုလိုအမက(ခွဲ)အဆင့်ရအောင်ကြိုးစားလာတာဖြစ်ပါတယ်။နောက်တစ်ဆင့်ဖြစ်တဲ့အမကကျောင်း
ဖြစ်အောင်လည်းဆက်ကြိုးစားသွားမှာပါ။ကိုယ်ထူကိုယ်ထကျောင်းအဖြစ်စလုပ်ကတည်းကကျောင်းသားမိဘတွေကိုစည်းရုံးရတာပေါ့။အမက(ခွဲ)လျှောက်ခွင့်ရအောင်ကျောင်းသားအင်အားပြည့်မှီဖို့လိုတယ်လေ။တစ်ချို့မိဘတွေကသဘောပေါက်ကြပေမယ့်တစ်ချို့ကြတော့မနည်းပြောရတယ်။ကိုယ်ထူကိုယ်ထကျောင်းမှာဆရာအင်အားလည်းမပြည့်စုံဘူး၊ကျောင်းအဆောက်အဦကအစအခက်အခဲရှိတော့
ကိုယ်သားသမီးကို ပိုကောင်းမယ့်နေရာပိုချင်ကြတာလည်းသဘာဝကျပါတယ်။ဒါပေမယ့်ကျွန်တော်တို့
ဒီလိုအပ်ချက်တွေဖြည့်စည်းရင်းကြိုးစားမှ ဌာနကတရားဝင်ခွင့်ပြုတဲ့အမကကျောင်းဖြစ်လာမယ်ဆိုတာတွေကို
မိဘတွေကိုသဘောပေါက်အောင်ရှင်းပြရပါတယ်။နောက်တစ်ခုက
ကျောင်းအတွက်လိုအပ်တဲ့ငွေကြေးအတွက်လည်း ကျွန်တော်တို့စိုက်ထုတ်သုံးစွဲရတာများပါတယ်။ဒီနှစ်အမက(ခွဲ)ဖြစ်ပြီးနောက်နှစ်ဆိုရင်တော့အခြေအနေကကိုယ်ထူကိုယ်ထကျောင်းထက်တော့လုပ်ရကိုင်ရအဆင်ပြေမှာပါလို့ပြောပါတယ်။
ကျောင်းအဆင့်တိုးရာတွင်ဒေသနှင့်ကျောင်းလိုက်လျောညီထွေဖြစ်မှုမရှိသည့်အချက်များကိုလည်းတွေရသည်။
ဆိုလိုသည်မှာဒေသသည်မူလွန်အဆင့်လောက်သာဖြစ်သင့်ပြီးအလကအဆင့်ဖြစ်လာသည့်အခါ
အလယ်တန်းကျောင်းတစ်ကျောင်း၏အင်္ဂါရပ်များနှင့်အညီပြုလုပ်ပေးခြင်းသည်မရောင်ရာဆိလူးပေးသည့်အဖြစ်မျိုးဖြစ်ပါသည်။အချို့ကျောင်းများသည်ကျောင်းသားဥိးရေအားဖြင့်နည်းလွန်းသော်လည်းမူလွန်၊အလက(ခွဲ)ဖြစ်နေသည်များရှိပါသည်။ထို့အတူ
ကျောင်းသားအင်အားနှင့်ဒေသအခြေအနေအရလိုအပ်မှုရှိသော်လည်းရှိသင့်သည့်အဆင့်မရှိသည့်ကျောင်းမျိုးလည်းရှိပေသည်။ဤအချက်သည်
သက်ဆိုင်ရာမြို့နယ်ရုံး၏စိစစ်ဆောင်ရွက်မှုအားနည်းချက်ကြောင့်ဖြစ်သည်ဟုယူဆနိုင်သည်။ကျောင်းအဆင့်တိုးများကိုသက်ဆိုင်ရာပညာသင်နှစ်၏စက်တင်ဘာလလောက်တွင်တင်ကြရပါသည်။ကျောင်းအဆင့်တိုးတင်ကြရာတွင်
သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးများနှင့်ကျောင်းသားမိဘများတိုင်ပင်၍မိမိတို့ကျောင်းအဆင့်တိုး
အောင်ဆောင်ရွက်နိုင်ရန်စုစည်းမှုယူကြရသည်။စုစည်းမှုယူသည်ဟုဆိုရာတွင်လိုအပ်မည့်ငွေရေးကြေးရေးကိုဖြေရှင်းနိုင်ရန်စုဝေးတိုင်ပင်ကြသည့်သဘောဖြစ်သည်။မိမိတို့၏သားသမီးများ၊တပည့်များ
အိုးမကွာအိမ်မကွာပညာစည်းပူးနိုင်ရန်အတွက်ကြိုးစားလုပ်ဆောင်မှုတစ်ခုပင်ဖြစ်သည်။ကျောင်းအဆင့်တိုးတင်ရာတွင်ငွေကြေးအားဖြင့်တစ်သိန်းခွဲဝန်းကျင်ကုန်ကျသည်ဟုသိရပါသည်။လိုအပ်သည်စာရွက်စာတမ်းအမှုတွဲကို
မိတ္တူ၅စောင်ဆွဲ၍အဆင့်ဆင့်ပို့ရသည်။ဤနေရာတွင်ကျောင်းအဆင့်တိုးအတွက်အမှုတွဲဆောင်ရွက်ရာတွင်ကုန်ကျစရိတ်သည်များလွန်းပါသည်။ဌာနဆိုင်ရာဆိုသူများထံမှထောက်ခံချက်အဆင့်ဆင့်ယူကြရ၍ဟုလိုင်းကိုင်စာရေးများကပြောလေ့ရှိပါသည်။ထို့ကြောင့်ကျောင်းအဆင့်များတိုးမြှင့်ဖွင့်လှစ်နိုင်ခြင်းကြောင့်
အမှုတွဲလုပ်စားများလည်းအလုပ်ဖြစ်ကြလိမ့်မည်ဟုယူဆရသည်။
ပန်းသီကြိုး(ရသေ့တောင်)
No comments:
Post a Comment