Sunday, May 26, 2019

အိုးရွဲကိုစလောင်းရွဲဖြင့်ဖုံးနေကြသူများနှင့်ယဉ်ကျေးသောအသုံးအနှုန်းများ



            ကျွန်တော်တို့ဖြတ်သန်းလာရသော ခေတ်တစ်လျှောက် လူကြီးသူမများပြောစကားတွင် ခေတ်ကောင်းစဉ်က ဘယ်
ကဲ့သို့ရှိကြောင်း ။ဘယ်လိုအဆင်ပြေကြောင်း။မိသားစုတစ်စုတွင် တစ်ဦးအလုပ်လုပ်ရုံဖြင့် မပူပင်မကြောင့်ကြဘဲ စားနိုင်
သောက်နိုင်ကြောင်း ။ ကြားဖူးသည်။ထိုကဲ့သို့ မကြာခဏပြောကြသည့် လူကြီးများသည် ယခုအခါ အသက် ၈၀နှင့်၉၀ကြား
သို့ချဉ်းနင်းဝင်ရောက်နေပြီဖြစ်သည်။အဆိုပါလူကြီးများ အရွယ်ကောင်းစဉ်သို့လမ်းမျှော်ကြည့်လျှင်မြန်မာနိုင်ငံလွတ်လပ်ရေး
ရပြီးစအချိန်(သို့)လွတ်လပ်ရေးကြိုးပမ်းစဉ်အချိန်ဖြစ်နေသသည်။၎င်းအချိန်ကာလများသည်  အမှန်တကယ်ခေတ်ကောင်းခဲ့
သည်လားဟုတွေးကြည့်လျှင် တော်လှန်ရေးကာလ ပြန်လည်ထူထောင်ရေးကာလများ ဖြစ်၍ဘ၀င်မကျချင်ဖြစ်မိသည်။
              သို့သော် ခေတ်ကောင်းစဉ်အခါဟုပြောသော လူကြီးများတွင် သူတို့ဖြတ်သန်းခဲ့ရသောကာလတစ်ခုကို အမှန်တကယ် လွမ်းဆွတ်၍ပြောနေပုံမျိုးဖြစ်ပါသည်။
               မိမိဉာဏ်မီသလောက်တွေးကြည့်မိသည် ။ထိုစဉ်ကလူတို့သည် ယခုလူတို့ထက်လောဘနည်းကြမည်။ယခုလူ
တွေထက်ရောက်ရဲတတ်ကြမည်။ထိုစဉ်ကလူဦးရေနှင့် ယခုလူဦးရေလည်းမတူတော့ပြီ။အစစပြောင်းလဲခဲ့ပေပြီ။
            အုပ်ချုပ်သူလူတန်းစားနှင့်အုပ်ချုပ်ခံလူတန်းစားတို့ကြားမှ လူနေမှု အဆင့်အတန်းကွာဟမှုမြင့်မားလာသည်။
အာဏာကိုမြတ်နိုးသူများသည် ပြည်သူကိုငဲ့ကွက်ရကောင်းမှန်း မသိကြတော့။မိမိတို့ အာဏာတည်မြဲရေးကိုသာရှေးရှုကြ
သည်။အုပ်ချုပ်ရေးစနစ်တွင် လာတ်ပေးလာတ်ယူမှုများဖွံ့ဖြိုးတိုးတက်လာသည်။ယခင်ရှေးလူကြီးများပြောခဲ့သော
ငွေများတရားနိုင် ဆိုသည်မှာလည်း ယခုခေတ်နှင့်ကိုက်ညီနေသည်။
            တရားသူကြီးများ၏ဥပဒေရေးရာကျွမ်းကျင်မှုသည် ၎င်းတို့၏သားသမီးများ လူတလုံးသူတလုံးဖြစ်အောင် လူပုံအလယ်မျက်နှာမငယ်ရအောာင် ပြုစုပျိုးထောင်နိုင်သည် ငွေကြေးပြည့်စုံမှုတို့နှင့်မုဒိတာပွားစရာပင်။အမှုသည်များ၏
မျက်ရည်ပေါက်ကြီးငယ်သည် ခေတ်စနစ်၏အောက်တွင် ပုဒ်မတပ်စရာရှာမရခဲ့။ဌာနဆိုင်ရာအသီးသီး၏ ဆင့်ကဲဆင့်ကဲ
လာတ်စားမှုသည် ယဉ်ကျေးမှုတစ်ရပ်လို ဖြစ်လာသည်။
          ထို့ကြောင့်ပင် လာတ်ငွေပေးခြင်းကို ကန်တော့သည်ဟု လှလှပပ သုံးနှုန်းကြသည်။ဝန်ထမ်းများတာဝန်မကျေခြင်း
ကိုပင် နားလည်မှု ဟူသော အသုံးအနှုန်းဖြင့်တန်ဆာဆင်ကြပြန်သေးသည်။နှစ်ဖက်မျှစားသည်ကို ညှိယူသည် ဟုပြောကြပြန်
သည်။ပြောင်ကျကျတောင်းရဲ စားရဲသူကိုပင် အပြစ်မမြင်နိုင်သည်များကလည်းရှိသေးသည်။သူက ပွင့်ပွင့်လင်းလင်းသမားဟု
ချီးကျူးထောပနာပြုကြသည်။
           တာဝန်ကျေသူ ၊ စည်းစနစ်ကျသူကို ၊ ကျောသားရင်သားမခွဲတတ်သူ အထက်လူကြီးများကိုမူ စာအုပ်ကြီးသမားဟု
ကင်ပွန်းတပ်လိုက်ကြသည်။ပညာခေတ်တွင် ကြီးပြင်းလာသူများဖြစ်၍ပင် စကားကိုလှအောင်သုံးတတ်ကြသည်လားမသိ။သူ့
ဟာနှင့်သူတော့ အဆင်ပြေနေကြသည်။ခေါင်းပုံဖြတ်အမြတ်ကြီးစားရန် လိုင်စင်ဟု သတ်မှတ်ကြပြန်သည်။လုပ်ပိုင်ခွင့်ရဖို့
လိုင်စင်ယူကြပြီး ထိုလိုင်စင် လုပ်ပိုင်ခွင့်သက်တမ်းတစ်လျှောက် အရိုးခံသမားတို့မြေဇာပင်ဖြစ်ကြရသည်။သဘာဝသယံဇာ
တများကို အထိမ်းအကွပ်မဲ့ထုတ်ယူမှုကို ဖွံ့ဖြိုးရေးဟုခေါင်းစဉ်တပ်ကြပြန်သည်။အမှန်တကယ် ပြည်သူလူထုခံစားလာရသည်
မှာ ရာသီဥတု ဖောက်ပြန်လာမှုသာဖြစ်နေသည်။
         ခေတ်ဆိုးစနစ်ဆိုးများအောက်တွင် အိုးရွဲ့ကိုစလောင်းရွှဲ့ဖြင့်ဖုံးနေကြရင်း နေသာနေကြသော ခေတ်၏သားကောင်
များသည်ယဉ်ကျေးကြသည်။အမှန်ကိုအမှန်မြင်၍ တော်လှန်ကြသူများသည် ဖမ်းဆီးထိမ်းသိမ်းခံကြရသည်။လူကြီးသူမတို့
ပြောကြသော ခေတ်ကောင်းစဉ်အချိန်ကိုမမီလိုက်ခြင်းသည် ၀ဋ်ကြွေးဟုပင်ဆိုရမည်လား….

 ပန်းသီကြိုး(ရသေ့တောင်)

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ