Sunday, May 26, 2019

မြို့နယ်ပရေးမှူးုံးများ၏ုံရိပ်ကျဆင်းရခြနောက်ကွယ်



မြို့နယ်​တစ်​ခု၏ပညာ​ရေးလုပ်​ငန်းတိုးတက်​မှု၊ဆုတ်​ယုတ်​မှုသည်​ယင်းမြို့နယ်​ရှိပညာ​ရေးမှူးရုံးများ၏လုပ်​ကိုင်​​ဆောင်​ရွက်​မှုအ​ပေါ်မှုတည်ပါတယ်​။
ပြီး​တော့အဆိုးအ​ကောင်းအတက်​အကျကိုဖြစ်​​ပေါ်​​စေပါတယ်​။အိမ်​တစ်​အိမ်​မှာအိမ်​​ထောင်​ဦးစီး၏အခန်းကဏ္ဍဟာ
အ​ရေးကြီး​သလို​မြို့နယ်​တစ်​ခုရဲ့
ပညာ​ရေးကိုကြပ်​မတ်​​ဆောင်​ရွက်​ရ​​တဲ့မြို့နယ်​ပညာ​ရေးမှူးရုံးများရဲ့အခန်းကဏ္ဍဟာလည်း
ပညာ​ရေးဖြစ်​စဉ်​​မှာချန်​လှပ်​ထားလို့မရ​အောင်​အ​ရေးကြီးပါ​တယ်​။မြို့နယ်​တစ်​ခုရဲ့ပညာ​ရေးအတက်​အကျကိုအ​ခြေခံပညာ​ကျောင်း
တွေရဲ့အောင်​ချက်​ရာနှုန်းကိုအ​ခြေခံပြီးတိုင်းတာ​လေ့ရှိပါတယ်​။ဒီအချက်​​ဟာမှန်​သင့်​သ​လောက်​မှန်​​ပါ​တယ်​။သို့​သော်​ မြို့နယ်
တစ်​ခုလုံးရဲ့ပညာ​ရေးအတက်​အကျဟူသည်​အ​ခြေခံပညာ​ကျောင်း​တွေအ​ပေါ်မှာ​သာတည်​မှီ​နေသည်​မဟုတ်​ပဲ ပညာ​ရေးဖြစ်​စဉ်​တစ်​ခု
လုံးမှာပါဝင်​လှုပ်​ရှားကြရသည့်​မြို့နယ်​ပညာ​ရေးမှူးများ၊ထက်​လယ်​မူ​ကျောင်းအုပ်​ကြီးများ၊ဒုတိယမြို့နယ်​ပညာ​ရေးမှူးများ၊လက်
ထောက်​မြို့နယ်​ပညာ​ရေးမှူးများ၊အ​ခြေခံပညာ​ကျောင်း​တွေမှာတာဝန်​ထမ်း​ဆောင်​​​နေကြသည့်​ဆရာ/မများ၊မြို့နယ်​ပညာ​ရေးမှူးရုံးမှစာ​ရေးများ၊ထက်​လယ်​မူ​ကျောင်းမှစာ​ရေးများအစရှိသည်​ဖြင့်​မြို့နယ်​တွင်းရှိပညာ​ရေးဝန်​ထမ်းများအားလုံးနှင့်​​ကျောင်းသားမိဘများ
ကျောင်းသား​/သူများအားလုံးမှာတာဝန်​အသီးသီးရှိကြပါတယ်​။
သို့ရာတွင်​မြို့နယ်​ရဲ့ပညာ​ရေးလုပ်​ငန်းစဉ်​အားလုံးကိုစီမံကြီးကြပ်​အုပ်​ချုပ်​ရတဲ့​မြို့နယ်​ပညာ​ရေးမှူးရုံးဟာ​မိမိမြို့နယ်​တွင်းရှိ
ပညာ​ရေးဖြစ်​စဉ်​မှာပါဝင်​မည့်​သူများအားလုံးကိုကြီးကြပ်​လမ်းညွှန်​မှု​​ပေးရ​တာကြောင့်​အဆိုပါမြို့နယ်​ရဲ့ပညာ​ရေးအဆိုးအ​ကောင်း
အတက်​အကျဟာ​မြို့နယ်​ပညာ​ရေးမှူးရုံးနှင့်​တိုက်​ရိုက်​သက်​ဆိုင်​​နေပါ​တယ်​။ဒါ့ကြောင့်​မြို့နယ်​ပညာ​ရေးမှူးရဲ့စီမံခန့်​ခွဲမှုဟာယင်းမြို့နယ်​ရဲ့ပညာ​ရေးအတွက်​အလွန်​အ​ရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်​​နေပါတယ်​။မြို့နယ်​ပညာ​​ရေးမှူးဟာ​မိမိရုံးရှိပညာ​ရေးဝန်​ထမ်း​တွေကိုစီမံခန့်​ခွဲရာမှာတိကျ​ ခိုင်​မာ ပြတ်​သား​တဲ့ စီမံမှုရှိဖို့လိုအပ်​ပါ​တယ်​။မြို့နယ်​ပညာ​ရေးမှူးရုံးဝန်​ထမ်းအားလုံး ညီညီညွတ်​ညွတ်​ပူး​ပေါင်း​ဆောင်​ရွက်​နိုင်​မှသာမိမိမြို့နယ်​ရဲ့ပညာ​ရေးဟာလည်းတိုးတက်​​ကောင်းမွန်​လာမှာဖြစ်​ပါတယ်​။
ယခုအခါ​မြို့နယ်​ပညာ​ရေးမှူးရုံးအချို့ရဲ့ပုံရိပ်​ဟာပညာ​ရေးဝန်​ထမ်း​တွေကြားမှာသာမကအခြားဌာနဆိုင်​ရာများကြားတွင်​လည်းကျဆင်းလျက်​ရှိသည်​။မြို့နယ်​ပညာ​ရေးမှူးရုံးဟုဆိုလိုက်​လျှင်​ ပညာ​ရေးဝန်​ထမ်းများကအမြင်​မရှင်းကြ​ပေ။ဘာကြောင့်​အမြင်​မရှင်း​ရသလဲဟုဆိုလျှင်​ လာတ်​စားမှု၊လစာ​ငွေဖြတ်​​တောက်​ခံရမှု၊ဌာနမှချ​ပေးသည့်​​ငွေများအပြည့်​အဝမရရှိမှု၊မြို့နယ်​ပညာ​ရေးမှူးရုံးဝန်​ထမ်းများစကား​ပြော​မောက်​မာမှု၊လုပ်​ပိုင်​ခွင့်​ရှိသူတစ်​စု၏​ဗိုလ်​ကျစိုးမိုးမှု၊ကတိပျက်​မှု၊အစရှိသည်​ဖြင့်​အမှု​ပေါင်းစုံသည်​မြို့နယ်​ပညာ​ရေးမှူးရုံးများရဲ့ပုံရိပ်​ကိုကျဆင်း​​ပြီးပညာ​ရေးဝန်​ထမ်း​တွေကြားမှာအမြင်​မကြည်​တာ​တွေဖြစ်​လာရပါတယ်​။။အရင်းစစ်​လျှင်​အမြစ်​​​မြေကဆို​သလိုဒီကိစ္စ​တွေအားလုံး​ဟာမြို့နယ်​ပညာ​ရေးမှူးဧ့စီမံအုပ်​ချုပ်​မှု​အောက်​မာဖြစ်​​နီ​ရေအတွက်​မြို့နယ်​ပညာ​ရေးမှူးသည်​အဓိကတာဝန်​ရှိသူဖြစ်​ပါ​ရေ။
မြို့နယ်​ပညာ​ရေးမှူးအချို့​ရဲ့မိမိရာထူး​နေရာနှင့်​တာဝန်​ကို​မကျွမ်းကျင်​ခြင်း တနည်း​ပြောရလျှင်​ လုပ်​ငန်းမကျွမ်းကျင်​ခြင်း​ဟာ
စီမံအုပ်​ချုပ်​မှုကိုများစွာထိခိုက်​​​စေတဲ့အတွက်​ရုံးကိုမထိန်းနိုင်​ခြင်း(သို့မဟုတ်​)ပညာ​ရေးလုပ်​ငန်းများကိုခုတုံးလုပ်​လျှက်​မိမိအကျိုးစီးပွားကိုသာကြည့်​ခြင်း စတာ​တွေ​ကြောင့်​ရုံးရဲ့ပုံရိပ်​ကျဆင်း​​စေတဲ့အချက်​​တွေကိုမထိန်းနိုင်​ခြင်းဖြစ်​ပါ​တယ်​။လုပ်​ငန်းမကျွမ်းကျင်​ဟုဆိုရာ၌မြို့နယ်​ပညာ​ရေးမှူးတစ်​ဦးဟာအထက်​တန်း​ကျောင်းအုပ်​ဘဝမှမြို့နယ်​မှူးအဖြစ်​ရာထူးတိုးလာသူဖြစ်​ပါက​ကျောင်းလုပ်​ငန်းနှင့်​ရုံးလုပ်​ငန်းတို့ရဲ့ကွဲပြား
မှုကိုနားမ​လည်​တဲ့အတွက်​ရုံးမာ​နှစ်​​ပေါင်းများစွာကျင်​လည်​​နေကြတဲ့​စာ​ရေး​တွေရဲ့ချယ်​လှယ်​မှုကိုခံရခြင်းဖြစ်​ပါ​တယ်​။မြို့နယ်​ပညာ​ရေးမှူးရုံးများရှိစာ​ရေးအများစုဟာရုံးမှာအထိုင်​ကျ​နေသူများဖြစ်​ကြ​ပါတယ်​။မည်​သည့်​စာရင်းဇယားမဆိုဘယ်​အနားမှာထား​တယ်​ဘယ်​ဘီဒိုမှာရှာလို့ရနိုင်​​တယ်​ဆိုတာ​တွေကိုစာ​ရေး​တွေပဲသိကြပါတယ်​။မြို့နယ်​ပညာ​ရေးမှူးဆိုသူဟာဆိုင်​​ရောင်း​လေ့​ရောင်းထမရှိတဲ့ဆိုင်​ရှင်​နန့်​တူပါ​တယ်​။ဘယ်​ပစ္စည်းဘယ်​နားရှိမှန်းမသိ၊ဘယ်​ပစ္စည်းဘယ်​​ဈေးမှန်းမသိနဲ့ဟိုလူ့​မေးရ​ဒီလူ့​မေးရနဲ့လုပ်​ရကိုင်​ရအဆင်​မ​ပြေဖြစ်​တတ်​​​တဲ့သဘောမျိုးဖြစ်​ပါ​တယ်​။
ဒီလိုနဲ့ရုံးထိုင်​စာ​ရေး​တွေရဲ့လက်​​အောက်​ကိုကျ​ရောက်​သွားပါတယ်​။စာ​ရေး​တွေကလည်းငါမပါ​ရင်​မပြီးဘူးဆို​​တဲ့အချိုးနဲ့မြို့နယ်​မှူးကိုကူညီရမယ့်​အစားရုံးဂုဏ်​​မောက်​ကြတဲ့အခါ မြို့နယ်​ပညာ​ရေးမှူး​​ဟာအထက်​ကညွှန်​ကြားချက်​​တွေကိုအချိန်​မီ​ဆောင်​ရွက်​နိုင်​​ဖို့နဲ့အထုမခံရ​ဖို့အတွက်​စာ​ရေး​တွေကိုမျက်​နှာချို​​သွေးရတဲ့အ
ဖြစ်​ကိုရောက်​ရ​ပါ​တော့တယ်​။မျက်​နှာချို​​သွေးရင်းလုပ်​ငန်းအချိန်​မီပြီးစီ​ရေးအတွက်​စာ​ရေးဆီမှာတပည့်​ခံ
ရတဲ့အခြေအ​နေကို​ရောက်​သွားပါ​တယ်​။မြို့နယ်​ရဲ့ပညာ​ရေးအကြီးအကဲဖြစ်​သူက​ ရုံးထိုင်​စာ​ရေး​တွေရဲ့
ချယ်​လှယ်​ခြင်းခံရ​တဲ့အဓိကအ​ကြောင်းတရား​ဟာယင်းပုဂ္ဂိုလ်​ရဲ့လုပ်​ငန်းကျွမ်းကျင်​မှု၊စီမံခန့်​ခွဲမှုအရည်​​အ​သွေးညံ့ဖျင်းခြင်း​အ​ပေါ်မှာမှု​တည်​​​နေပါတယ်​။


လုပ်​သက်​ကြီးလို့မြို့နယ်​ပညာ​ရေးမှူးဖြစ်​လာသူ​တွေဟာ သက်​ပြည့်​ပင်​စင်​ယူဖို့​နီးလာတာနဲ့အမျှ
ငွေမျက်​နှာတစ်​ခုတည်းအ​ပေါ်မှာအာရုံထားပြီးမိမိပုံရိပ်​ကျဆင်းမည့်​အ​ရေး၊မြို့နယ်​ရဲ့ပညာ​ရေးကျဆင်းမှုအ​ရေးတို့အ​ပေါ်မှာ​အ​လေးမထား​တဲ့အဖြစ်​​တွေလည်းမြင်​​လာရပါ​တယ်​။ငွေမျက်​နှာတစ်​ခုကိုသာကြည့်​လာ​တဲ့အတွက်​ ဌာနကချ​ပေး​တဲ့ငွေ​တွေကိုစာ​ရေး​တွေနဲ့ပေါင်းပြီးပုံစံအမျိုးမျိုးနဲ့မိမိအိတ်​ထဲထည့်​နိုင်​ဖို့ကိုသာအာရုံစိုက်​လာပါ​တယ်​။စာ​ရေဆိုသူ​တွေကလည်းနည်းမျိုးစုံကိုသုံးပြီးမြို့နယ်​ပညာ​ရေးမှူးကို​ငွေစား​ပေါက်​​တွေဖန်​တီး​ပေးရင်းစာ​ရေး​တွေနဲ့မြို့နယ်​ပညာ​ရေးမှူး​တွေဟာအကျိုးတူးပူး​ပေါင်း​ဆောင်​ရွက်​ရင်းတစ်​ဖက်​တည်းဖြစ်​သွားပါ​တော့တယ်​။ဌာနကဖြန့်​​ဝေတဲ့​ကျောင်းသုံးစာအုပ်​ကအစ ​ကျောင်းအဆင့်​တိုးကိစ္စ၊​ကျောင်းအ​ဆောက်​အဥိ​ကိစ္စ၊​ကျောင်းအိမ်​သာ၊​ကျောင်းဝင်​လမ်း

ရုံးလုပ်​ငန်းသ​ဘောအရခွဲထားသည့်​ဌာနစိတ်​အားလုံးနှင့်​သက်​ဆိုင်​သည့်​​ငွေ​ကြေးသုံးစွဲမှုကို စာ​ရေးကြီးဆိုသူနှင့်​ညှိ၍ချုပ်​ကိုင်​ထားကြသည့်​အခါ တစ်​ရုံးတည်းသားချင်းမသင့်​မတင့်​ဖြစ်​လာခြင်းဖြင့်​ရုံးတွင်းစည်းလုံမှုကိုမတည်​​ဆောက်​နိုင်​သည့်​အခါမြို့နယ်​တွင်းရှိအ​ခြေခံပညာ​ကျောင်းများသည်​ ​မြေဇာပင်​ဖြစ်​ကြရပါတယ်​။နိုင်​ငံဝန်​ထမ်းချင်းတူပါလျက်​ အခွင့်​ထူးခံလူတန်းစားများ​မွေးဖွားလာခြင်းသည်​လည်း​ငွေကြိုက်​​သောဝန်​ထမ်းအချို့​ကြောင့်​ပဲ​ဖြစ်​ပါတယ်​​။မြို့နယ်​တစ်​ခု၏ပညာ​ရေးကိုဦး​ဆောင်​စီမံ​နေရသည့်​မြို့နယ်​ပညာ​ရေးမှူးရုံးများ၏ပုံရိပ်​ဟာဒီလိုနဲ့​ကျဆင်းလာပါတယ်​။ရုံးတွင်းစည်းလုံးညီညွတ်​မှုကိုပင်​မတည်​​ဆောက်​နိုင်​​တဲ့မြို့နယ်​ပညာ​ရေးမှူးများလက်​​အောက်​မှာ​မြို့နယ်​တစ်​ခုလုံး၏ပညာ​ရေးဟာအကျဘက်​သို့ဦးတည်​သွားပါ​တော့တယ်​။စာ​ရေး​တွေဟာမြို့နယ်​ပညာ​ရေးမှူးကိုစား​ပေါက်​​တွေဖန်​တီး​ပေးလိုက်​တဲ့အခါမြို့နယ်​ပညာ​ရေးမှူး​တွေနဲ့စာ​ရေး​တွေဟာအကျိုးတူ​ပူး​ပေါင်းပြီးတစ်​ဖက်​တည်းဖြစ်​သွားပါ​တော့တယ်​။အဲ့ဒီကစပြီး မြို့နယ်​မှာရှိတဲ့ပညာ​ရေးဝန်​ထမ်း​တွေကိုဖိနှိပ်​မှု​တွေစလာပါ​တော့တယ်​။စာ​ရေး​တွေကလည်းရုံးကိစ္စနဲ့လာကြတဲ့ဆရာ၊ဆရာမ​တွေကို​ဟောက်​စားလုပ်​ပါ​တော့တယ်​။အကျယ်​အကျယ်​ပြန်​မ​ပြောချင်​ကြတဲ့ဆရာ၊ဆရာမ​တွေဟာ​အောင့်​သက်​သက့်​နဲ့ပဲငြိမ်​ခံကြရပါတယ်​။
ပြန်​​ပြောတဲ့ဆရာ၊ဆရာမ​တွေအ​ပေါ်အ​တေးအမှတ်​ထားပြီးလုပ်​ငန်းပိုင်းဆိုင်​ရာကိစ္စ​တွေမှာအမှားတစ်​ခုဖြစ်​တာနဲ့ဝိုင်း​ထောင်းလိုက်​မယ်​ဆိုပြီးမျက်​နှာ​ပေးနဲ့​စောင့်​ကြည့်​​နေတတ်​ပါတယ်​။နိုင်​ငံ​တော်​ကအခမဲ့ပညာ​ရေးစနစ်​ကိုအ​ကောင်​အထည်​​ဖော်​တယ်​။မြို့နယ်​ရုံး​တွေက
ကျောင်းလုပ်​ငန်းသုံးပစ္စည်းဖြန့်​​ဝေဖို့တာဝန်​ယူထားတဲ့ဆရာ​တွေကပစ္စည်း​တွေဖြန့်​​ဝေရာမှာစရိတ်​​တောင်းတယ်​။ဒီပစ္စည်း​တွေကမြို့နယ်​ကို​ရောက်​ဖို့ဘယ်​​လောက်​ကုန်​ထားတယ်​ မထုတ်​ချင်​​နေဆိုပြီးပါဝါပြတယ်​။တကယ်​ဆို​ကျောင်းသုံးပုံနှိပ်​စာအုပ်​ပဲဖြစ်​ဖြစ်​၊တခြား​ထောက်​ပံ့​ပေးတဲ့ဘယ်​ပစ္စည်းမဆိုသယ်​ယူစရိတ်​ကိုဌာနကိုတင်​​တောင်းလို့ရပါတယ်​။အစိုးရဌာနဆိုင်​ရာအလုပ်​သ​ဘောအရ​ငွေဟာကြန့်​ကြာ​နေတတ်​တာကလွဲရင်​မိမိတို့ပစ္စည်းသယ်​ယူလို့ကုန်​ကျထားတဲ့စရိတ်​အမှန်​ကို​တော့ပြန်​ရတာပါပဲ။ဒါ​ပေမယ့်​​အောက်​​ခြေမှာဒီလို​တွေဖြစ်​​နေတာကို ဘယ်​​ကျောင်​ဆရာ၊ဆရာမကမှ​စောဒကတက်​တာမျိုးမရှိပါဘူး။ပြေလည်​ရာ​ပြေလည်​​ကြောင်း ​ပေးစရာရှိတာ​ပေးလိုက်​ကြတာပါပဲ။
ဆရာ၊ဆရာမ​တွေဘက်​ကဒီကိစ္စ​တွေ​မ​ပြောကြတာကပုဂ္ဂိုလ်​​ရေးအဆင်​မ​ပြေမှု​တွေဖြစ်​လာမှာမလိုလားတာ​တွေလည်းပါပါတယ်​။တစ်​ချို့ဆရာ၊ဆရာမ​တွေကလည်းကိုယ်​တိုင်​ကမမှန်​ကန်​နိုင်​တဲ့အတွက်​ ရုံးကလုပ်​သမျှ ငြိမ်​ခံ​နေတာ​တွေလည်းရှိပါတယ်​။

ဒါ​တွေဟာမြို့နယ်​ရုံး​တွေကဆရာ၊ဆရာမ​တွေရဲ့အားနည်းချက်​ကိုအခွင့်​​ကောင်းယူပြီးကိုယ်​ကျိုးရှာ​နေတာဖြစ်​ပါတယ်​။တကယ်​ဆိုမိမိလက်​​အောက်​က၀န်​ထမ်း​တွေတာဝန်​​ကျေပွန်​ဖို့၊စာရိတ္တ​ကောင်းဖို့မြို့နယ်​ရုံး​တွေဟာကြပ်​ကြပ်​မတ်​မတ်​​ဆောင်​ရွက်​သင့်​ပါတယ်​။ဒါ​ပေမယ့်
ရုံးလို့ဆိုလိုက်​တာနဲ့နှာ​ခေါင်းရှုံ့ချင်​စရာ​ကောင်း​နေတဲ့ယဉ်​​ကျေးမှုမျိုးနဲ့ကျွန်​​တော်​တို့​ရှေ့ဆက်​​နေကြမယ်​ဆိုရင်​ တကယ်​တမ်းနစ်​နာကြရမယ့်​သူ​တွေဟာမျိုးဆက်​သစ်​လူငယ်​​လေး​တွေသာဖြစ်​ပါတယ်​။နိုင်​ငံတစ်​နိုင်​ငံကိုတည်​​ဆောက်​ဖို့အရည်​အ​သွေးပြည့်​ဝတဲ့နိုင်​ငံသား​တွေဖြစ်​လာဖို့လိုအပ်​ပါတယ်​။နိုင်​ငံရဲ့အနာဂတ်​ကိုတည်​​ဆောက်​ကြမယ်​လူသားအရင်းအမြစ်​ကိုပြုစုပျိုး​ထောင်​ရာဌာနမှာဒီလိုဆက်​ဖြစ်​​နေမယ်​ဆိုရင်​ ဆရာ၊ဆရာမဆိုတာဟာအနန္တဂိုဏ်းဝင်​​တွေမဟုတ်​​တော့ဘဲသမိုင်းတရားခံ​တွေသာဖြစ်​လာပါလိမ့်​မယ်​။
ပညာ​ရေးဟာတာဝန်​​ကျေပွန်​စွာထမ်း​ဆောင်​​နေရုံရဲ့ပြည့်​စုံတဲ့သ​ဘောမဟုတ်​​ပါဘူး။တာဝန်​သိစိတ်​၊တာဝန်​ယူလိုစိတ်​၊တာဝန်​ခံလိုစိတ်​ကိုအရင်းတည်​ပြီးစေတနာထား​ဆောင်​ရွက်​မှသာပညာ​ရေးရဲ့အစိပ္ပါယ်​ဟာ​လည်းပြည့်​စုံ​မှာဖြစ်​ပါတယ်​။
နိုင်​ငံဝန်​ထမ်းများဟာ​လူသားများဖြစ်​ပါတယ်​​။လူဟာလိုအပ်​ချက်​အများဆုံးသတ္တဝါများဖြစ်​ပါတယ်​​။ဒါ့​ကြောင့်​လူတိုင်းဟာ​လိုအပ်​ချက်​​တွေရှိ​နေကြမှာဖြစ်​ပါတယ်​​။နိုင်​ငံတစ်​နိုင်​ငံ၏အနာဂတ်​ကိုပုံ​ဖော်​ထုဆစ်​​နေကြတဲ့​ပညာ​ရေးဝန်​ထမ်း​တွေအ​နေနဲ့မိမိတို့ရဲ့လိုအင်​ကိုဖြည့်​ဆည်းရင်း တိုင်းပြည်​၏အနာဂတ်​မျိုးဆက်​သစ်​များအ​ပေါ်လျစ်​လျူ ရှုခဲ့ခြင်းဟာ​ တိုင်းပြည်​ကိုလျစ်​လျူ ရှုရာ​ရောက်​ပါတယ်​​။ပညာ​ရေးဖြင့်​​ခေတ်​မီနိုင်​ငံ​တော်​ကြီးတည်​​ဆောက်​နိုင်​ရန်​အတွက်​ ပညာ​ရေးဝန်​ထမ်းများ
ရဲ့တာဝန်​သိမှု၊တာဝန်​​ကျေပွန်​မှု၊တာဝန်​ယူမှုဟာအ​ရေးကြီး​ပါတယ်​​။ဒါ့​ကြောင့်​မြိုနယ်​ပညာ​ရေ​ရေးမှူးရုံး​တွေဟာအ​ခြေခံပညာ​ကျောင်းများမှာ​တာဝန်​ထမ်း​ဆောင်​​နေကြတဲ့ဆရာ/မများ၏ယုံကြည်​အားထားရ​တဲ့မြို့နယ်​ပညာ​ရေးမှူးများ၊မြို့နယ်​ပညာ​ရေးမှူးရုံးများနည်းပါး​နေသည်​နှင့်​အမျှ
ပညာ​ရေးရဲ့အဓိပ္ပါယ်​ဖွင့်​ဆိုချက်​နှင့်​ပညာ​ရေး​မျှော်​မှန်းချက်​များဟာ​ကိန်းဂဏန်းတန်​ဖိုးအရမြင့်​တက်​​နေနိုင်​​သော်​လည်း
အရည်​အ​သွေးပြည်​ဝ​တဲ့၊အစဉ်​​လေ့လာသင်​ယူ​နေ​တဲ့လူ​ဘောင်​အဖွဲ့အစည်းဖြစ်​နိုင်​ရန်​မှာကား​ရွှေပြည်​​တော်​​မျှော်​တိုင်း​ဝေ​နေအုန်းမည်​သာဖြစ်ပါ​ကြောင်း​ရေးသားတင်​ပြအပ်​ပါသည်​။
ပန်းသီကြိုး(ရ​သေ့​တောင်​)

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ