Thursday, February 7, 2019

ဆောင်းရာသီဖက်ရှင်



******************
နှင်း​တွေရဲ့ကိုယ်​စား
မေတ္တာရိပ်​မှာ​အေးမြပါသမီး​လေး
အချိန်​ရှိသမျှ ဘ၀ဟာသက်​၀င်​လှပ​နေမှာပါပဲ
ဆောင်းရာသီဟာ​အေးမယ်​ဆိုရင်
အ​ဖေတို့​နွေး​နေမယ်
ဆောင်းရာသီဟာ​နွေး​နေမယ်​ဆိုရင်
အ​ဖေတို့​အေး​နေမယ်
ဆန့်​ကျင်​ဘက်​အရပ်​မှာမှ
မေတ္တာဆိုတာဓာတ်​ပြု တယ်
သဘာဝကိုဆန့်​ကျင်​ပစ်​ရတာလဲ
သဘာဝကျတာပဲမလား
နှင်း​တွေအရမ်းကျ​နေတဲ့အခါ
ဆောင်းရာသီရဲ့ဖက်​ရှင်​ဟာခပ်​ကြွားကြွား​ပေါ့
နှင်း​တွေရဲ့ကိုယ်​စား
မေတ္တာရိပ်​မှာ​အေးမြပါသမီး​လေး။
                    ပန်းသီကြိုး(ရ​သေ့​တောင်​)
                     ၃၁.၁၂.၂၀၁၈

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ