မြူနှင်းစက်တိ ဇာလောက်ဖုံးဖုံး
အမြင်အာရုံကို စုံလုံးကန်းလားအောင်
ဘ၀ကို ဇာနှစ်ခါရှုံးနီရဖိုလဲယေ…
အတိတ်ကိုတူးဖော်ဖို့ကြိုးစားတိုင်း
ခေါင်းခါးခြီလက် ဇာကကွက်နန့်
ငါရို့ကဗျာလွတ် ကကတ်ရဖို့လဲ
ခြီပြတ် လက်ပြတ်
ဦးခေါင်းပြတ်နီရေ အလှသက်သက်နန့်
သမိုင်းတိထက်မာ မျက်နှာငယ်ရတုန်းသိမ့်
မြောက်ဦးဆိုစွာ …ဘ၀တိထပ်ထပ်နန့််
အဆုံးသတ်မရရေ သက္ကရာဇ်တိထက်ကမြို့
ဒေမြို့ကို……..ကျောက်မာကပ်နိန်ရေ ရညှိတိပိုင်
ငါရို့ကပ်တွယ်နိန်ရေ။
လူ့သမိုင်းကြောင်းထက်ကိုတွယ်တက်လာရေ
စက်ဝန်းတိဘလောက်ထပ်နီယာလဲ
တိမ်မြုပ် ပျောက်ကွယ်ခြင်း နိယာမထဲ
မြောက်ဦး နင်ရေ ခြီတင်ခံလိုက်ရရေမြို့။
ခေတ်စနစ်တိအရ
ခေါင်းမမော့နိုင်ဆိုစွာမှားရေ
ဆင်သီကိုဆိတ်သရီနန့်ဖုံးလို့မရဆိုစွာ
ဖုံးဖို့ကြိုးစားသူတိ ရှိလို့လား
နောက်ပြန်လှည့်မရရေ အတိတ်ထဲမာ
ပြင်လို့မရရေ အမှန်တရားတိရှိရေ…
အသိအမှတ် ပြုခြင်း မပြုခြင်းထက်
တန်ဖိုးတစ်ခု၏အတိမ်အနက်ကို
တန်ဖိုးထားမှုနန့်ရာတိုင်းနိုင်ရေ။
ရှင်သန်ခြင်းဆိုစွာဘ၀ဆိုကေ
သီဆုံးခြင်းဆိုစွာလည်းဘ၀ဖြစ်တေ။
တည်ရှိခြင်းဆိုစွာ ခိုင်လုံမှုဆိုကေ
ပျောက်ကွယ်ခြင်းဆိုစွာလည်း ခိုင်လုံမှုဖြစ်တေ။
ထည်ဝါခြင်းဆိုစွာ ကြွယ်ဝမှုဆိုကေ
မှေးမှိန်ခြင်းစွာလည်း ကြွယ်ဝမှုဖြစ်တေ။
မြောက်ဦး နင်ရေ ရက္ခိတနှလုံးအိမ်ထဲက
သွီးကြောတစ်ပင်
ငါရို့ကတော့ခါ
ကျောက်သားတိထက်က ရညှိ
သယ်ယူလာရေသက္ကရာဇ်တိအတိုင်း
အနည်ထိုင်ပြလိုက်ရစွာကိုက
လှိုင်းမကြောက်ကြောင်း ပြရာရောက်ပါရေ။
ပန်းသီကြိုး(ရသေ့တောင်)
၁၅.၁၁.၂၀၁၈
No comments:
Post a Comment