••••••••••••••••••••••••••••••••••••••
၂၀၁၈ဟာဇန်နဝါရီကိုလက်ထိုးအန်လိုက်ပုံများ
ရုပ်နဲ့နာမ်ခွဲဖို့ဥာဏ်ပါလာဖို့မလိုဘူး
Norincoကို
ခရက်တစ်ပေးဖို့မလိုဘူး
ဘယ်လောက်မိုက်တဲ့တရားလဲ
လက်ညိုးတစ်ချက်အလှုပ်မှာ
ငိုသံတွေဖုံးလွှမ်း
အေးစက်စက်နဖူးကို
တရားသဘောနဲ့ရှုဖို့
ဇန်နဝါရီဟာ နှင်းယောင်ဆောင်ခဲ့တာပေါ့။
ရုပ်နဲ့နာမ်ခွဲဖို့ဥာဏ်ပါလာဖို့မလိုဘူး
Norincoကို
ခရက်တစ်ပေးဖို့မလိုဘူး
ဘယ်လောက်မိုက်တဲ့တရားလဲ
လက်ညိုးတစ်ချက်အလှုပ်မှာ
ငိုသံတွေဖုံးလွှမ်း
အေးစက်စက်နဖူးကို
တရားသဘောနဲ့ရှုဖို့
ဇန်နဝါရီဟာ နှင်းယောင်ဆောင်ခဲ့တာပေါ့။
မိုးပြာရောင်အနားသတ်မျဉ်းတွေ
စပျစ်ဝိုင်သောက်ဖို့
ဇန်နဝါရီဟာသွေးဆာနေတဲ့
သွေးစုတ်ဖုတ်ကောင်လို
သားကောင်လိုက်ရင်း
ဆယ့်ခုနှစ်ရာစုနှောင်းပိုင်းက
လက်ကျန်မျိုးဆက်ကိုသွားတွေ့တယ်။
စပျစ်ဝိုင်သောက်ဖို့
ဇန်နဝါရီဟာသွေးဆာနေတဲ့
သွေးစုတ်ဖုတ်ကောင်လို
သားကောင်လိုက်ရင်း
ဆယ့်ခုနှစ်ရာစုနှောင်းပိုင်းက
လက်ကျန်မျိုးဆက်ကိုသွားတွေ့တယ်။
သစ္စာတရားကိုမုန်းတဲ့
အတိမာန နှလုံးသွေးတွေက
အရှင်သခင်တွေရင်ဘတ်မှာစီးဆင်း
ဖြုတ်ထုတ်သတ်သတင်းဟာ
ခေါင်းစီးပိုင်းမှာစတိုင်ကျကျပဲလေ
ဘာမှငြင်းလို့မရတဲ့တလင်းမှာ
အမှန်တရားကိုစာလုံးမှန်အောင်ပေါင်းသူတွေက
မညှက်ညှက်အောင်အနင်းခံရတယ်
ဇန်နဝါရီကတော့
တိုးတိုးတိတ်တိတ်တောင်လက်တို့ဖော်မရဘူး
ငါတို့မှာ နံရံတွေနဲ့ပြည့်လို့။
အတိမာန နှလုံးသွေးတွေက
အရှင်သခင်တွေရင်ဘတ်မှာစီးဆင်း
ဖြုတ်ထုတ်သတ်သတင်းဟာ
ခေါင်းစီးပိုင်းမှာစတိုင်ကျကျပဲလေ
ဘာမှငြင်းလို့မရတဲ့တလင်းမှာ
အမှန်တရားကိုစာလုံးမှန်အောင်ပေါင်းသူတွေက
မညှက်ညှက်အောင်အနင်းခံရတယ်
ဇန်နဝါရီကတော့
တိုးတိုးတိတ်တိတ်တောင်လက်တို့ဖော်မရဘူး
ငါတို့မှာ နံရံတွေနဲ့ပြည့်လို့။
နူတ်ကြောင့်သေရတာလည်းငါတို့
လက်ကြောင့်ကြေရတာလည်းငါတို့
အတိတ်ကိုပြန်ရစ်လို့
အကြီးမားဆုံးအပြစ်လို့ဆိုရင်
သမိုင်းဟာဘာသာရပ်ဖြစ်စရာမလိုဘူး
သီဟတင်စိုးမင်းသားဖြစ်စရာမလိုဘူး
၁၉ဇူလိုင်မှာပန်းခွေကိုင်စရာမလိုဘူး
အဖြစ်မှန်တွေဟာ
လက်တွေ့ကျန်ခဲ့ရတဲ့ပစ္စုပ္ပန်တစ်ခုပဲ
ကမ္ဘာလည်နေသရွေ့
အဖြစ်မှန်တွေပြန်ပြန်သစ်နေရတာမဟုတ်လား
ဇန်နဝါရီရေ မင်းဟာ
ပြက္ခဒိန် ထဲမှာတော့
ဝမ်းနည်းစရာတွေထပ်ဖြည့်လိုက်ပြန်ပြီ။
လက်ကြောင့်ကြေရတာလည်းငါတို့
အတိတ်ကိုပြန်ရစ်လို့
အကြီးမားဆုံးအပြစ်လို့ဆိုရင်
သမိုင်းဟာဘာသာရပ်ဖြစ်စရာမလိုဘူး
သီဟတင်စိုးမင်းသားဖြစ်စရာမလိုဘူး
၁၉ဇူလိုင်မှာပန်းခွေကိုင်စရာမလိုဘူး
အဖြစ်မှန်တွေဟာ
လက်တွေ့ကျန်ခဲ့ရတဲ့ပစ္စုပ္ပန်တစ်ခုပဲ
ကမ္ဘာလည်နေသရွေ့
အဖြစ်မှန်တွေပြန်ပြန်သစ်နေရတာမဟုတ်လား
ဇန်နဝါရီရေ မင်းဟာ
ပြက္ခဒိန် ထဲမှာတော့
ဝမ်းနည်းစရာတွေထပ်ဖြည့်လိုက်ပြန်ပြီ။
ပိုနီးလာသလားဇန်နဝါရီ
တိုင်ထိပ်ပေါ်ရောက်ဖို့ ခရုတစ်ကောင်လိုလျှောက်လာတာပါ
ရာစု နှစ်ခုကျော်ဝဋ်ကြွေးကို
မလောက်မငှကြေးနဲ့လည်းရေးခဲ့ပြီ
မဝရေစာပေးနေတဲ့ ပြည်ထောင်စုအဆိုအောက်မှာ
ငါတို့ငါးပါးမှောက်နေရ
ဒါဟာတရားမျှတလွတ်လပ်ခြင်းတွေလား
ပြည်ထောင်စုဆိုတဲ့အော်သံအောက်မှာ
ပြည်တွင်းစစ်တွေဖြစ်နေရ
ဒါဟာခွင့်တူညီမျှတဲ့ဝါဒတွေလား
တကယ်တော့
ခင်ဗျားတို့ဟာမိုက်ကြေးခွဲနေတဲ့
ရုပ်ရှင်ထဲကဗီလိန်တွေလိုပဲ
အာဏာရှိတုန်းတော့အစွမ်းကုန်ထုတ်သုံးပြလိုက်တာပဲမဟုတ်လား
ခင်ဗျားတို့ခေတ်ကျမှ ထောက်ခံမှုကိုပွဲလုပ်ပြလာရတာ ကြည်ညိုဖွယ်ပါပဲ
၂၀၁၈ရဲ့ဇန်နဝါရီဟာ
နှင်းမကြိုက်တဲ့ဆောင်းဖြစ်ကြောင်း
မြေကျခဲ့တဲ့သွေးတွေနဲ့
ထောင်နံရံတွေဟာက ငြင်းလို့မရတဲ့သက်သေပဲ။
တိုင်ထိပ်ပေါ်ရောက်ဖို့ ခရုတစ်ကောင်လိုလျှောက်လာတာပါ
ရာစု နှစ်ခုကျော်ဝဋ်ကြွေးကို
မလောက်မငှကြေးနဲ့လည်းရေးခဲ့ပြီ
မဝရေစာပေးနေတဲ့ ပြည်ထောင်စုအဆိုအောက်မှာ
ငါတို့ငါးပါးမှောက်နေရ
ဒါဟာတရားမျှတလွတ်လပ်ခြင်းတွေလား
ပြည်ထောင်စုဆိုတဲ့အော်သံအောက်မှာ
ပြည်တွင်းစစ်တွေဖြစ်နေရ
ဒါဟာခွင့်တူညီမျှတဲ့ဝါဒတွေလား
တကယ်တော့
ခင်ဗျားတို့ဟာမိုက်ကြေးခွဲနေတဲ့
ရုပ်ရှင်ထဲကဗီလိန်တွေလိုပဲ
အာဏာရှိတုန်းတော့အစွမ်းကုန်ထုတ်သုံးပြလိုက်တာပဲမဟုတ်လား
ခင်ဗျားတို့ခေတ်ကျမှ ထောက်ခံမှုကိုပွဲလုပ်ပြလာရတာ ကြည်ညိုဖွယ်ပါပဲ
၂၀၁၈ရဲ့ဇန်နဝါရီဟာ
နှင်းမကြိုက်တဲ့ဆောင်းဖြစ်ကြောင်း
မြေကျခဲ့တဲ့သွေးတွေနဲ့
ထောင်နံရံတွေဟာက ငြင်းလို့မရတဲ့သက်သေပဲ။
ပန်းသီကြိုး(ရသေ့တောင်)
၂၃.၁.၂၀၁၈
၂၃.၁.၂၀၁၈
No comments:
Post a Comment