ပြည်ထောင်စုစိတ်ဓာတ်ကိုပြဋ္ဌာန်း
ဒီမိုကရေစီဟာ ကမ္မဋ္ဌာန်းတရားတွေထဲ
နစ်နေတုန်း
ငါတို့ဟာ အိုင်ဒီကဒ်တွေရဲ့နောက်မှာ
ပုန်းနေရပြီပေါ့။
ခွင့်တူညီမျှ ၀ါဒ ဖြူ စင် လှချည့်ရဲ့
နိုင်ငံသားကဒ်တွေကိုင်ထားပြီး
ကျုပ်တို့ဟာနိုင်ငံတော်အလံကိုအလေးပြုကြ
နိုင်ငံတော်သီချင်းကိုဆိုကြ။
သွေးသားအလိုအတွက်
လင်ကောင်မပေါ်တဲ့သားတွေလို့
မျက်နှာငယ်နေရ။
အသက်ပေးချင်စရာပါပဲ
ကာကွယ်ချင်စရာပါပဲ
လေးစားချင်စရာပါပဲ
တန်းဖိုးထားစရာပါပဲ
ကြည်ညိုစရာပါပဲ။
ကျုပ်တို့ဟာ ပြည်မဆိုတဲ့ဖက်က ၂၀၀တန်ခရီးကို
၂၀၀၀၀ပေးပြီးလျှောက်ရတဲ့ကောင်တွေ
ပြည်မဆိုတဲ့ဖက်က နေ့ဝက်ခရီးကို
၎ရက်သွားနေရတဲ့ကောင်တွေ
ပြည်မဆိုတဲ့ဖက်က တန်ရာတန်ကြေးကို
မတန်မရာပေး ကြီးရတဲ့ကောင်တွေ...
ဒါတွေလား ကျုပ်တိုပြန်ရတဲ့ရလဒ်
ကြည်ညိုစရာကောင်းလိုက်ပုံများ
ရောင်ခြည်တော်တွေတောင်ကွန့်မြူးလို့။
အနီရောင်ကဒ်ချင်းအတူတူ
ဒီနိုင်ငံအလံတော်အောက်မှာပဲ
အများပြည်သူတွေဖြတ်နေတဲ့ဂိတ်
ကျုပ်တို့အတွက် ပိတ်လို့...
မိသားစုအရေးလှဖို့
ကျုပ်တို့ရှူ ရဖို့အောင်စီဂျင်ပမာဏထဲ
ကျုပ်တို့ရဲ့နောက်ကြောင်းတွေမျိုးစုံ
ထည့်ဖျော်ခဲ့ရ။
ဟုတ်ပါတယ်
ကျုပ်တိုဟာ ဆယ့်တစ်မျဉ်းစောင်းတွေပါပဲ
ဒီဂရီဘယ်လောက်ထိစောင်းမလဲ
နယူတန်ရဲ့နိယာမသဘောအတိုင်း
ပြည်ထောင်စုကြီးတည်ဆောက်ကြစို့။
ပန်းသီကြိုး(ရသေ့တောင်)
၂၉.၈.၂၀၁၈
No comments:
Post a Comment