Monday, February 11, 2019

မပီမှုန်​၀ါး​သောအလင်းစများဆီ


 လက်​​တွေ့ဘ၀ကို နိမိတ်​ပုံဖမ်း
ရင်​ဘတ်​မတူတဲ့စုံတွဲဘ၀ဟာ
မှိုင်းဝ​နေတဲ့မီးပုံးပျံကြီးကိုအတင်းဆွဲထားသလို
ကိုယ့်​အတ္တနဲ့ကိုယ်​ပဲ။

လူဆိုတာ
ကိုယ့်​အခွံနဲ့ကိုယ်​မာပြကြတာပဲမလား
လမ်းတိုင်းကိုလူတိုင်းမ​လျှောက်​ဖူးတာ
သေချာတယ်​။

အရသာ​တွေ့တဲ့လမ်း​ပေါ်မှာ
ငါဟာငတ်​​ပျော်
ဒါဟာပဲ ဘ၀ ဆိုရင်
လှံတံအဖျားလို
လက်​ညှိုး​တွေဝိုင်းထိုးကြမယ့်​ချွှန်​မြထက်​မြက်​မှုဟာ
ခွန်​အားဆိုတာဖြစ်​လာတယ်​။

               ပန်းသီကြိုး(ရ​သေ့​တောင်​)
               ၃၀.၈.၂၀၁၈


No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ