Tuesday, February 12, 2019

မျက်​၀န်းအိမ်​ဆီဦးတည်​ပျံသန်း


***********************
တိမ်​​တွေပြိုလွန်းပြန်​​တော့လည်း
ငိုကြရ
တိမ်​​တွေခိုလွန်းပြန်​​တော့လည်း
ငိုကြရ
မြတ်​ဗုဒ္ဓ တရားကိုလက်​ကိုင်​ထားကြတယ်​ဆိုတာ​သေချာသလား
ယုံကြည်​မှုဟာ အ​ရောင်​ပြယ်​တတ်​တဲ့အ၀တ်​တစ်​ထည်​လား
အ​ပေါစားပဲ။
ဖြစ်​ပျက်​ရှုရမယ့်​တရား​နေရာမှာ
ပျက်​သုန်းခြင်းတရားကိုပွါးများ
ဘယ်​ထားရမှန်းမသိတဲ့​လောဘ​တွေ ​...
နောက်​လာမယ့်​ election မှာ
မဲဆွယ်​မယ့်​တရားဟာ
အချိန်​မလုံ​လောက်​​ကြောင်း
ထပ်​မံယုံကြည်​ရန်​လို​ကြောင်း
ပြည်​သူ့ကိုယ်​စားလှယ်​​တွေဖြစ်​​ကြောင်း
အငှါးသမ​တွေဖြစ်​​ကြောင်း
ပြည်​သူ့ဝန်​ထမ်း​တွေဖြစ်​​ကြောင်း
ပြည်​သူကိုကိုယ်​စားပြုပါ​ကြောင်း
တိုင်းရင်းသား​တွေကိုချစ်​​ကြောင်း
ပြည်​​ထောင်​စုကိုချစ်​​ကြောင်း။
အမှတ်​မရှိတဲ့အသည်း
ပြည်​သူဆိုတာအမှတ်​မရှိတဲ့အသည်း
အလိမ်​ခံ​လေ ချစ်​​လေပါပဲ
ဒီလိုနဲ့ IDP​တွေပိုများလာမယ်
မိုး​ခေါင်​​ရေရှား​တွေပိုများလာမယ်
မိုးကြီး​ရေလျှံ​တွေပိုများလာမယ်
ဘင်္ဂလားပင်​လယ်​​အော်​မှာ
လေဖိအားနည်းရပ်​၀န်း​တွေပိုများလာမယ်
နိုင်​ငံ​ရေးအကျဉ်းသား​တွေပိုများလာမယ်
၆၆(ဃ)​တွေပိုများလာမယ်
၁၇(၁)​တွေပိုများလာမယ်
၁၂၁​တွေပိုများလာမယ်
အဂတိလိုက်​စားမှု​တွေပိုများလာမယ်​...
အခမဲ့ပညာ​ရေးစနစ်
အခမဲ့...
အခမဲ့...
အခမဲ့...
ဘယ်​​ကောင်​ကအဲ​လောက်​သ​ဘော​ကောင်း​နေရတာလဲ​လောကမှာအလကားရတာဘာရှိလဲ
အတိတ်​ဆိုတာသင်​ခန်းစာယူဖို့​လောက်​ပဲအသုံးဝင်​တယ်
ထားခဲလိုက်​​တော့
ငါတို့ဟာ မျက်​၀န်းအိမ်​ဆီဦးတည်​ပျံသန်းကြတဲ့
ဆိုက်​​ဘေးရီးယား​တွေပါပဲ
နားခိုရာအရပ်​ဆိုတာ
ငှက်​မုဆိုး​တွေအတွက်​​တော့
ပစ်​မှတ်ပဲ။
           ပန်းသီကြိုး(ရ​သေ့​တောင်​)
            ၂၆.၇.၂၀၁၈

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ