Tuesday, February 12, 2019

ထမင်း တစ် နပ် ရဲ့ သမိုင်း


*******************
အ​တွေးတစ်​စကိုဆက်​​ရေးဖို့
အငြိုးနဲ့ရွာ​နေတဲ့​ကောင်းကင်​ကြီးဟာ
မိုးဖြစ်​​နေတာလား
ငါဟာဘာ​ကောင်​မှမဟုတ်
ရွက်​ဖျားကမိုးတစ်​စက်​ဆိုရင်​​တောင်
နစ်​မြုပ်​နိုင်​တဲ့အားနဲ့
ရသ​လောက်​တိုက်​စားနိုင်​တာက
အမှန်​တရားပါပဲ
ယုံကြည်​မှုရဲ့ပုံပန်းသဏ္ဍာန်​ကိုထုဆစ်​ဖို့
ရဲတင်းလိုက်​ရတဲ့အိပ်​ကပ်​​တွေ
အထွက်​ရဲသ​လောက်
အ၀င်​ကျဲပါတယ်
ဒါဟာ ​လောကကိုမိုက်​​ကြေးခွဲလိုက်​တဲ့
ထမင်းတစ်​နပ်​ရဲ့သမိုင်းပါပဲ
အသည်းတစ်​ခြမ်းရဲ့
ထောင့်​ကပ်​​နေတဲ့မျက်​၀န်း
ရှာ​ဖွေမှုရဲ့​ပျောက်​ဆုံး​နေဆဲ​ငွေ​ကြေး
ငါမျက်​လုံး​တွေ​မှေးလိုက်​တိုင်း
လှိုင်းဂယက်​​တွေ​အောက်​က
အနည်​ကျ​နေမယ့်​သဲတစ်​ပွင့်​သာဖြစ်​ပါ​စေ
ကိုယ့်​အ​လေးနဲ့ကိုယ်​ရတဲ့​နေရာဟာ
တန်​ပါတယ်​။
ဆက်​လက်​တည်​ရှိ​နေအုန်းမယ်
ကမ္ဘာ​မြေ။
      ပန်းသီကြိုး(ရ​သေ့​တောင်​)
       ၃၀.၇.၂၀၁၈

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ