Monday, February 11, 2019

ဘဝ ဖြစ် လာ ဖို့ရေး လိုက် တဲ့ ဝ ုံးး



************************

သောက​ခြေရာတစ်​ထပ်​ကိုဝှက်​ထားတတ်​တယ်
နှစ်​သက်​ခြင်းတိုင်းဟာမြတ်​နိုးမှုမပါ​လေ​တော့
စိတ်​ရဲ​ခြေရာ​တွေအတိုင်း လိုက်​ခဲ့မိတဲ့​နောက်
အဲဒီစိတ်​နဲ့ပဲအကြိမ်​ကြိမ်​​သေမိ​နေပြီ​ပေါ့။

စိတ်​ကစားခြင်းရဲ့​နောက်​မှာ
အသိမကြွယ်​​သေးတဲ့ကမ္ဘာရှိတယ်
မြူ ခိုး​တွေပိန်းပိတ်​​အောင်​​မှောင်​​နေတဲ့​ကောင်းကင်​ရှိတယ်
ပစ္စက္ခအမြင်​အ​ပေါ်သာယာ​နေမှု​နဲ့
အလင်းအား​ကောင်းတဲ့ မာကျူ ရီညတစ်​ညလို
ယစ်​မူးရီ​ဝေခဲ့ရခြင်းဟာ စိတ်​လိုလက်​ရရှိလွန်းတယ်​။


တကယ့်​ဘ၀ကိုပြန်​​တွေဖို့
အဖြစ်​အပျက်​​တွေဆိုတာ
မ​မေ့​ကောင်းတဲ့အရာဆိုရင်
အရွယ်​ငယ်​ငယ်​ကအချစ်​ကို
ပြန်​​တွေးကြည့်​လိုက်​ပါ
အချစ်​သက်​သက်​က​တော့ဖြူစင်​​နေတာပဲ

တကယ်​​တော့ ချစ်​ခြင်းနဲ့တပ်​မက်​ခြင်းဟာ
အနီးစပ်​ဆုံးကွဲလွဲမှုတစ်​ခု
ဘ၀တိုင်း ဘ၀တိုင်း
ရှင်​သန်​ခွင့်​ရှိခဲ့ရင်
ဘ၀တိုင်း ဘ၀တိုင်း
အချစ်​ခံခွင့်​ရှိသင့်​တာပဲ

စိတ်​ကစားခြင်းရဲ့​နောက်​မှာ
အချစ်​ကိုအမည်​ဆိုးမတပ်​လိုက်​ပါနဲ့
ဒီစိတ်​နဲ့အကြိမ်​ကြိမ်​မ​သေမိဖို့
ဒီအချိန်​မှာ ဘယ်​လိုပြန်​​တွေးသင့်​သလဲ
ရင်​ခွင်​ဆိုတာ အရိပ်​​ကောင်းရုံနဲ့မလုံ​လောက်​ပဲ
နွေး​ထွေးပျူ ငှါစွာလည်းရှိသင့်​တာပဲ
အရွယ်​မ​ရောက်​ခင်​ ဘ၀​ကိုတွေ့လိုက်​ရတဲ့သူတိုင်းအတွက်
သတ္တိ​တွေ​မွေးဖွားပါ​စေ။
                      ပန်းသီကြိုး(ရ​သေ့​တောင်​)
                      ၂၂.၈.၂၀၁၈

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ