Monday, February 11, 2019

သွပ် ဇလား ထဲကခေါင်း ပြတ်နေ တဲ့ ငါးွေ



---------------------------------------------
အခြင်​အတွယ်​နဲ့​ရောင်းဝယ်​ဖို့
လေးဆယ်​သားမပြည့်​တဲ့သိုက်​​တွေရှိတယ်​။
သိုက်​ရိုးဟာ​ဈေးသည်​မရဲ့သမာဓိနဲ့
ကျွမ်းကျင်​တဲ့လက်​​တွေကြားက
တစ်​​နေ့စာတစ်​​နေ့ရှာစားတဲ့လူတန်းစားထဲ
ရွက်​လွင့်​ခဲ့တာ​ပေါ့။
ဆွဲခြင်း​တွေရဲ့အရွယ်​အစားအတိုင်း
နံနက်​​တွေဟာဆူဆူညံညံအမြဲလုပ်​​တယ်
ခွန်​အားတစ်​ခုအတွက်
ခွန်​အားတစ်​ခု
အလိုဆန္ဒတစ်​ခုအတွက်
အလိုဆန္ဒတစ်​ခု
နှစ်​ဆယ့်​​လေးနာရီစက်​၀န်းရဲ့
ဘယ်​အချိန်​ဟာအတိတ်​ဆိတ်​ဆုံးလဲလို့လိုက်​ရှာတယ်
ငါ့မှာ နား​တွေအူလို့။
          ပန်းသီကြိုး(ရ​သေ့​တောင်​)
           ၉.၈.၂၀၁၈

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ