Tuesday, January 23, 2018

၂၀၁၈ရဲ့နှင်းမကြိုက်တဲ့ဆောင်း


••••••••••••••••••••••••••••••••••••••
၂၀၁၈ဟာဇန်​နဝါရီကိုလက်​ထိုးအန်​လိုက်​ပုံများ
ရုပ်​နဲ့နာမ်​ခွဲဖို့ဥာဏ်​ပါလာဖို့မလို​ဘူး
Norincoကို
ခရက်​တစ်​​ပေးဖို့မလိုဘူး
ဘယ်​​လောက်​မိုက်​တဲ့တရားလဲ
လက်​ညိုးတစ်​ချက်​အလှုပ်​မှာ
ငိုသံ​တွေဖုံးလွှမ်း
အေးစက်​စက်​နဖူးကို
တရားသ​ဘောနဲ့ရှုဖို့
ဇန်​နဝါရီဟာ နှင်း​ယောင်​​ဆောင်​ခဲ့တာ​ပေါ့။
မိုးပြာ​ရောင်​​အနားသတ်​မျဉ်း​တွေ
စပျစ်​ဝိုင်​​သောက်​ဖို့
ဇန်​နဝါရီဟာ​သွေးဆာ​နေတဲ့
သွေးစုတ်​ဖုတ်​​ကောင်​လို
သား​ကောင်​လိုက်​​ရင်း
ဆယ့်​ခုနှစ်​ရာစု​နှောင်းပိုင်းက
လက်​ကျန်​မျိုးဆက်​ကိုသွား​တွေ့တယ်​။
သစ္စာတရားကိုမုန်းတဲ့
အတိမာန နှလုံး​သွေး​တွေက
အရှင်​သခင်​​တွေရင်​ဘတ်​မှာစီးဆင်း
ဖြုတ်​ထုတ်​သတ်​သတင်းဟာ
ခေါင်းစီးပိုင်းမှာစတိုင်​ကျကျပဲ​​လေ
ဘာမှငြင်းလို့မရတဲ့တလင်းမှာ
အမှန်​တရားကိုစာလုံးမှန်​​အောင်​​ပေါင်းသူ​တွေက
မညှက်​ညှက်​​အောင်​အနင်းခံရတယ်
ဇန်​နဝါရီ​က​တော့
တိုးတိုးတိတ်​တိတ်​​တောင်​လက်​တို့​ဖော်​မရဘူး
ငါတို့မှာ နံရံ​တွေနဲ့ပြည့်​လို့။
နူတ်​​ကြောင့်​​သေရတာလည်းငါတို့
လက်​​ကြောင့်​​ကြေရတာလည်းငါတို့
အတိတ်​ကိုပြန်​ရစ်​လို့
အကြီးမားဆုံးအပြစ်​လို့ဆိုရင်
သမိုင်းဟာဘာသာရပ်​ဖြစ်​စရာမလိုဘူး
သီဟတင်​စိုးမင်းသားဖြစ်​စရာမလိုဘူး
၁၉ဇူလိုင်​မှာပန်း​ခွေကိုင်​စရာမလိုဘူး
အဖြစ်​မှန်​​တွေဟာ
လက်​​တွေ့ကျန်​ခဲ့ရတဲ့ပစ္စုပ္ပန်​တစ်​ခုပဲ
ကမ္ဘာလည်​​နေသ​ရွေ့
အဖြစ်​မှန်​​တွေပြန်​ပြန်​သစ်​​နေရတာမဟုတ်​လား
ဇန်​နဝါရီ​ရေ မင်းဟာ
ပြက္ခဒိန်​ ထဲမှာ​တော့
ဝမ်းနည်းစရာ​တွေထပ်​ဖြည့်​လိုက်​ပြန်​ပြီ။
ပိုနီးလာသလားဇန်​နဝါရီ
တိုင်​ထိပ်​​ပေါ်​ရောက်​ဖို့ ခရုတစ်​​ကောင်​လို​လျှောက်​လာတာပါ
ရာစု နှစ်​ခု​ကျော်​ဝဋ်​​ကြွေးကို
မ​လောက်​မငှ​ကြေးနဲ့လည်း​ရေးခဲ့ပြီ
မဝ​ရေစာ​​ပေး​နေတဲ့ ပြည်​​ထောင်​စုအဆို​အောက်​မှာ
ငါတို့ငါးပါး​မှောက်​​နေရ
ဒါဟာတရားမျှတလွတ်​လပ်​ခြင်း​တွေလား
ပြည်​​ထောင်​စုဆိုတဲ့​အော်​သံ​အောက်​မှာ
ပြည်​တွင်းစစ်​​တွေဖြစ်​​နေရ
ဒါဟာခွင့်​တူညီမျှတဲ့ဝါဒ​တွေလား
တကယ်​​တော့
ခင်​​ဗျားတို့ဟာမိုက်​​ကြေးခွဲ​နေတဲ့
ရုပ်​ရှင်​ထဲက​ဗီလိန်​​တွေလိုပဲ
အာဏာရှိတုန်း​တော့အစွမ်းကုန်​ထုတ်​သုံးပြလိုက်​တာပဲမဟုတ်​လား
ခင်​​ဗျားတို့​ခေတ်​ကျမှ ​ထောက်​ခံမှုကိုပွဲလုပ်​ပြလာရတာ ကြည်​ညိုဖွယ်​ပါပဲ
၂၀၁၈ရဲ့ဇန်​နဝါရီဟာ
နှင်းမကြိုက်​တဲ့​ဆောင်းဖြစ်​​ကြောင်း
မြေကျခဲ့တဲ့​သွေး​တွေနဲ့
ထောင်​နံရံ​တွေဟာက ငြင်းလို့မရတဲ့သက်​​သေပဲ။
                      ၂၃.၁.၂၀၁၈

Saturday, January 20, 2018

အနံ့အသက်ကင်းတဲ့ ကျုပ်တို့ရဲ့အလောင်းကောင်များနဲ့ ဒီမိုကရေစီ


•••••••••••••••••••••••••••••••••••••••••••••••
ငါတို့ဟာဇရာ​ထောင်း​နေတဲ့
အရွယ်​အိုလူကြီးများလိုပဲ
ကိုယ့်​အိမ်​မှာကိုယ်​​နေပါလျှက်​နဲ့
ဘာမှဝင်​စွက်​ဖက်​ခွင့်​မရှိဘူး
ခေတ်​​နောက်​ပြန်​ဆွဲ​နေတဲ့အ​တွေးမျိုး
ခု​ခေတ်​အ​နေအထားနဲ့ငါတို့ဟာအံ​ချော်​​နေရပြီလား
ဒီမိုက​ရေစီအစိုးရလက်​ထက်​မှာ
ရာဇသတ်​ကြီးထဲထပ်​တိုးလိုက်​တဲ့ပုဒ်​မ
အမြင်​ကပ်​ပုဒ်​မှာ
သမိုင်းအစစ်​ဟာသစ္စာ​ဖောက်​မှုဖြစ်​​ကြောင်းငြိတယ်
ဆန္ဒထုတ်​​ဖော်​သူ​ဟာကျည်​အစစ်​​တွေထိတယ်
စီစဉ်​သူ​တွေပံ့ပိုးသူ​တွေ
နောက်​ထပ်​ လာ​ရောက်​နား​ထောင်​သူ​တွေ
အလိုတူအလိုပါလုပ်​လာနိုင်​​ခြေအရ
ပုဒ်​မ ဟာလိုရာဆွဲလို့ရတဲ့သ​ရေကွင်းဖြစ်​​ကြောင်း
အထင်​အရှား​တွေ့လာရတာ
ဒီမိုက​ရေအ​ရေးကို
အသက်​စွန့်​တိုက်​ပွဲဝင်​လာသူ​တွေရဲ့
အန္တိမပန်းတိုင်​ဖြစ်​သွား​ပေါ့
အာဏာရှင်​ကို​တော်​လှန်​ရင်း
အာဏာသုံးတတ်​လာ​တော့လည်း
ယက်​ကန်​ယက်​ကန်​ရုန်း​နေရတဲ့ပြည်​သူဟာ
ကျား​ကြောက်​လို့ရှင်​ကြီးကိုးတဲ့အဖြစ်​လို
ဆိုးပြီးရင်း​ဆိုး​တော့တယ်​။
ရင်​ကြား​စေ့​ရေးဆိုလား
ပျဉ်​ပြား​စေ့​အောင်​ရိုက်​ထားတဲ့​ခေါင်းတလားထဲ
အပြစ်​မဲ​ကြောင်းဘယ်​လို​ပြောရမလဲ
ရခိုင်​အ​လောင်း​ကောင်​​တွေကို
ငါးသိန်းနဲ့တန်​ဖိုးဖြတ်​လိုက်​ပြန်​တယ်
ဘာ​တွေလဲ...
ဘာ​တွေလဲ​ဗျာ...
ကျုပ်​တို့ရဲ့​အောင်​စီဂျင်​ပမာဏဟာ
အချိန်​မတန်​ပဲရပ်​တန့်​ခဲ့ရတယ်
ငိုသံနဲ့မျက်​ရည်​ကို​ကျောခိုင်း
ခင်​​ဗျားတို့အာဏာဟာ
တ​ဖြေး​ဖြေးရိုင်းဖို့တတ်​လာတာပဲအဖတ်​တင်​တယ်
ဘယ်​မလဲ...ခင်​​ဗျားတို့ရဲ့ယုံကြည်​ချက်​​တွေ
နှစ်​နှစ်​ဆယ်​​ကျော်​တိုက်​လာတဲ့အ​ရေးကို
ခင်​​ဗျားတို့ပဲကိုယ့်​​ရေနဲ့ကိုယ်​​ဆေးကြပါ
ကျုပ်​တို့ဟာအနံအသက်​ကင်းတဲ့
အပုပ်​​ကောင်​​တွေပါပဲ။
တည်​ငြိမ်​​အေးချမ်း​ရေးဆိုတာရဖို့
ပြည်​သူကိုနူတ်​လုံ​အောင်​ပညာ​ပေးတဲ့​ဇာတ်​ကား​တွေ
စစ်​အစိုးရလက်​ထက်​ကလည်းကြည်​ဖူးပါတယ်
စနစ်​ပဲ​ပြောင်းသွားပြီး
ဒီ​နေ့ထိ ကျုပ်​တို့ဘဝ​တွေဟာ
ခေတ်​မ​ပြောင်းဘူးဆိုတာအ​သေအချာပဲ။
                     ၂၀.၁.၂၀၁၈

Wednesday, January 17, 2018

အမဲလိုက်ခံရတဲ့ငါတို့အလွမ်းတေွ


••••••••••••••••••••••••••••••••••••••••
နိုင်​ငံနဲ့​ဝေးရင်​နိုင်​ငံကိုလွမ်းတယ်
ပြည်​နဲ့​ဝေး​ရင်​ပြည်​ကိုလွမ်းတယ်
အိမ်​နဲ့​ဝေးရင်​အိမ်​ကိုလွမ်းတယ်
အ​မေနဲ့​ဝေးရင်​အ​မေကိုလွမ်းတယ်
အ​ဖေနဲ့​ဝေးရင်​အ​ဖေ့ကိုလွမ်းမယ်
ချစ်​သူနဲ့​ဝေးရင်​ကျုပ်​တို့ချစ်​သူကိုလွမ်းကြတာပဲ
အလွမ်း​တွေကိုကန့်​သတ်​ထား​ကြေးဆိုရင်
အာဇာနည်​​နေ့​တွေဖျက်​​ပေးပါ
အမျိုးသား​နေ့​တွေဖျက်​​ပေးပါ
ပြည်​​ထောင်​စု​နေ့​တွေဖယ်​​ပေးပါ
လွတ်​လပ်​​ရေး​နေ့​တွေဖျက်​​ပေးပါ
ခင်​​ဗျားတို့အလွမ်းတရားဝင်​​နေသ​လောက်
ကျုပ်​တို့အလွမ်း​တွေ​တောခို​နေခဲ့ရ
ကျုပ်​တို့အလွမ်း​တွေမီးရှို့ခံ​နေရ
ကျုပ်​တို့အလွမ်း​တွေဖမ်းဆီးခံ​နေရ
ကျုပ်​တို့အလွမ်း​တွေပစ်​သတ်​ခံ​နေရ
ကျုပ်​တို့အလွမ်း​တွေ​မြေမြုပ်​ခံ​နေရတာ
ခင်​​ဗျားတို့လွမ်းသလို
ကျုပ်​တို့လွမ်းတာပဲ
ခင်​​ဗျားတို့ရဲ့တရားဝင်​တဲ့အလွမ်း​တွေ
ခင်​​ဗျားတို့ရဲ့တရားဝင်​လွမ်းသူ့ပန်း​ခွေ​တွေ
ဘယ်​​ဈေးလဲ?
ကျုပ်​တို့ဆီကယူသွားတဲ့သယံဇာတ​တွေနဲ့
ခင်​​ဗျားတိုလွမ်းကြတယ်
ကျုပ်​တို့ကအသက်​ရင်းပြီးလွမ်းရတယ်
တရားပါတယ်​​ဗျာ...
လက်​ထဲရှိတာထုတ်​ထုတ်​ကြွားရုံနဲ့မပြီးတဲ့
ခင်​​ဗျားတို့ရဲ့အလွမ်းသတ်​နည်းအသစ်​​တွေ
လေးစားပါတယ်​​ဗျာ...
ရဲ့ရင့်​လိုက်​ကြတာ
ကျုပ်​တို့ရဲ့အလွမ်း​တွေ အမဲလိုက်​ခံရ
လက်​တည့်​လိုက်​ကြတာ
ကျုပ်​တို့ရဲ့အလွမ်း​တွေ ​သွေးသံရဲရဲ
ကျုပ်​တို့ရဲ့အလွမ်း​တွေ ငိုသံမစဲခဲ့ဘူး။
၂၀၁၈အဖွင့်​ရဲ့ဇန်​နဝါရီညတစ်​ည
ကျုပ်​တို့လက်​​ဆောင်​ရလိုက်​ကြတဲ့အလွမ်း​တွေ
နှစ်​ထပ်​ကွမ်း အလွမ်း
နှစ်​နှစ်​ရာ​ကျော်​လာတဲ့ရမ္မက်​စိတ်​နဲ့
အဲ့ဒီညကကျုပ်​တို့အလွမ်း​တွေဖွင့်​ပြဖို့
ခွင့်​ပြုချက်​မရဘူးတဲ့​လေ
ကျုပ်​တိုဘယ်​စိတ်​နဲ့​ဖြေပြီးအိပ်​ရမှာလဲ
ရွှေ​တောင်​စက္ကူ​လောက်​ပါးတဲ့ခင်​​ဗျားတို့အကွက်​​တွေက
ကျုပ်​တို့အလွမ်းကို​သွေး​မြေကျ​စေခဲ့တယ်​။
လွမ်းလို့လွမ်းတယ်​​ပြောတာအပြစ်​လား
လွမ်းတာကိုသစ္စာ​ဖောက်​တယ်​လို့သတ်​မှတ်​ရ​အောင်
ကျုပ်​တို့ကသစ္စာခံထားကြတာလဲမဟုတ်
ခင်​​ဗျားတို့မတရားလုပ်​လို့
ကျွန်​ဇာတ်​မှာမြုပ်​​နေရတာကကျုပ်​တို့ပါ
ကိုယ့်​ထီးကိုယ့်​နန်းကိုလွမ်းတာ အပြစ်​လား​ဗျ
အင်္ဂလိပ်​လက်​​အောက်​က
ခင်​​ဗျားတို့ဘဝကို
ကျွန်​ပီပီသသအဖြစ်​ ခံစားပြစမ်းပါ
ကျုပ်​တို့ကိုသတ်​လို့ရပါတယ်
ကျုပ်​တို့အလွမ်းကိုလာလာမသတ်​နဲ့
ကျုပ်​တို့အလွမ်းဟာ ခင်​​ဗျားတို့​ရှေ့​ထိ
ရောက်​​အောင်​​လျှောက်​လာတဲ့တစ်​​နေ့
အပြစ်​ဆိုတာ ​ကျေ​အေးခွင့်​မရှိ​ကြေး။
ု                 ပန်းသီကြိုး(ရ​သေ့​တောင်​)
                 ၁၇.၁.၂၀၁၈

ကြည်​ညိုဖွယ်​က​ဗျာ


*********************
စတုတ္ထ​မြောက်​နိုင်​ငံ​တော်​ဟာ
အစာအိမ်​တစ်​ခုတည်းပါတယ်
ဘာစားစား ဝမလာတဲ့​သွေးသားဟာ
သန့်​စင်​မရတဲ့သတ္တုတစ်​မျိုးအဖြစ်
နှစ်​၇၀​ကျော်​တည့်​တံ့လာပြီ။
ဘုရင်​မင်းမြတ်​ရဲ့ပညာရှိအမတ်​ကြီးဟာ
ရာသီမမှန်​တဲ့ အ​သွေးအသားနဲ့
လင်​​ကောင်​မ​ပေါ်တဲ့ က​လေး​တွေ​မွေးဖွား
အယူဝါဒနဲ့ဘာသာစကားလည်းခြားလာပြီ။
ငြိမ်းချမ်း​ရေးအတွက်
တိုက်​ပွဲ​တွေအထပ်​ထပ်​နဲ့
ကိုယ့်​သားကိုယ်​ပြန်​ပြန်​သတ်​ဖို့ဝန်​မ​လေးတဲ့
အမိအဖ​တွေရဲ့လက်​မှာ
ကျုပ်​တိုဟာလည်​စင်း​ပေးရုံနဲ့မလုံ​လောက်​​တော့ဘူး။
ပြည်​သူ​တွေဘက်​မှာ
ဘယ်​​ခြေ​ထောက်​​တွေပဲလာရပ်​ရပ်
အဖြတ်​ခံရတယ်​...
ကဲ​ဗျာ ...ကြည်​ညိုစရာပါပဲ
အာဏာရှင်​​တွေသက်​​တော်​ရာ​ကျော်​ရှည်​တာလည်း
ကြည်​ညိုစရာပါပဲ
သံဃာ​တွေကိုလူလုပ်
ဆန္ဒ​ဖော်​ထုတ်​သူ​တွေအပစ်​ခံရတာလည်းကြည်​ညိုစရာပါပဲ
ကိုယ့်​အမျိုးသား​တွေကိုအမျိုးသား​ရေးတရား​ဟောလို့အဖမ်းခံရတာလည်းကြည်​ညိုစရာပါပဲ
ပို​ပေါ့ဝင်​စားတဲ့
အုပ်​ချုပ်​သူလူတန်းစားများဟာကြည်​ညိုစရာပါပဲ
ဒီမိုက​ရေအစိုးရဟာကြည်​ညိုစရာပါပဲ
ငြိမ်းချမ်း​ရေးနိုဘယ်​ဆုဟာကြည်​ညိုစရာပါပဲ
ကဲဘာကျန်​​သေးလဲ
ကြည်​ညိုစရာအချက်​အလက်​​တွေအ​မြောက်​အမြားနဲ့
ကျုပ်​တို့နိုင်​ငံ​တော်​အလံဟာသုံး​ရောင်​ခြယ်​ထားတာလည်းကြည်​ညိုစရာပါပဲ။
                      ၁၇.၁.၂၀၁၈

Monday, January 15, 2018

ငွေမျက်​နှာ​ပေါ်ပေကျံ​နေ​သောယဉ်​​ကျေးမှုများ


*********************************
ဓနရှင်​ဆိုလိုက်​တာနဲ့
အ​နေအထားပျင်​လိုက်​မိပြီလား...
လက်​ထဲဆုပ်​ထားတဲ့တရားကို
ခရမ်းလွန်​​ရောင်​ခြည်​​တွေမစားနိုင်​​ပေမယ့်
ငွေမျက်​နှာဟာ
အတွင်းသားထိ​ဖောက်​ဝင်​သွားတယ်​။
သစ်​တစ်​ပင်​​ကောင်း​တော့
ငှက်​တစ်​​သောင်းနားနိုင်​ဆိုသလို
အကိုင်းတစ်​ကိုင်းအတွက်
စာရိတ္တ​တွေဘယ်​​လောက်​ဖဲ့​ပေးလိုက်​ရသလဲ
သစ်​​ကောင်းတစ်​ပင်​ဖြစ်​ဖို့
ရေတစ်​ခုတည်းနဲ့မရဘူးဆိုတာ
အ​ခြေခံကျကျသိရုံနဲ့
လူ​တွေဟာကိုယ်​ထမင်းကိုယ်​စား​ကြောင်း
သိနိုင်​ပါတယ်​။
လောကဟာဘာမှအလကား​ပေးရိုးထုံးစံမရှိ
တန်​ရာတန်​​ကြေးပါပဲ
ဗုဒ္ဓဘုရားရှင်​က​လေးသ​င်္ချေနဲ့ကမ္ဘာတစ်​သိန်း
ဆိုက​ရေးတီးကအဆိပ်​တစ်​ခွက်
.......
.....
.......
ယုံကြည်​ချက်​​အတွက်​​တောင်​​ပေးဆပ်​လိုက်​ရတာအ​မော
တကယ်​ပါ ဘဝနဲ့​လောကမှာ
အလကားရတာဘာမှမရှိဘူး။
အလကားမရတဲ့​ငွေကို
ဘယ်​​ငွေရှင်​​တွေအလကား​ပေးလို့လဲ
တန်​ရာတန်​​ကြေး​ပေါ့
ကိုယ့်​စိတ်​ထဲဝင်​လာတဲ့
အားငယ်​မှု
မျှော်​လင့်​မှု...
အားကိုးမှု...​တွေ
မျက်​နှာလိုမျက်​နှာရ​လောဘ​တွေနဲ့
လူ့ယဉ်​​ကျေးမှုကိုအ​ရောင်​ဆိုး
ကိုယ့်​လိပ်​ပြာကိုယ်​ပြန်​ပြန်​သတ်​​နေတာ
အသက်​ရှူရပိုမဆိုးဘူးလား?
လူက​ပေးတဲ့တန်​ဖိုးနဲ့
ဒီ​လူ​တွေပြန်​ပြန်​အသတ်​ခံ​နေရ
ဘယ်​သူကိုအပြစ်​​ပြောကြမလဲ
ကျောက်​​ခေတ်​မှာဖြစ်​တဲ့စစ်​ကို
ခေတ်​မီလက်​နက်​နဲ့ပြန်​ပစ်​လို့မရ​ပါဘူး
လူ​တွေဟာ သမိုင်းကိုလှည့်​လှည့်​ကြည့်​ပြီး
ဘဝကိုတည့်​တည့်​မ​လျှောက်​ချင်​ကြတာ
ကိုယ့်​အပြစ်​နဲ့ကိုယ်​ပဲ။
ငွေမျက်​နှာ​ပေါ်​ပေကျံ​နေတဲ့
အချိုး​တွေ...
အမျိုး​တွေ...
လူ့ယဉ်​​ကျေးမှုဟာ​ငွေ​ကြောင့်​ပဲ
အရိုး​တောင်​မကျန်​​တော့ဘူး။
သူ​ဌေးမြင်​တိုင်းပြုံးပြ​ပေါ့
ကိုယ်​လုံးလှလှနဲ့ညရဲ့ဝတ်​ဆံဟာ
ဘောက်​စ်​ဆူးဘယ်​​လောက်​ရရ
ပြန်း​ပေးလိုက်​ကြရတာပဲ။
ငွေမျက်​နှာ​ပေါ်​ပေကျံ​နေတဲ့ယဉ်​​ကျေးမှု​တွေ
ဘဝဟာ...ဘယ်​​ယဉ်​​ကျေးမှုမှမထွန်းကားဘူး
သမိုင်းဦးဘုံ​မြေ​ခေတ်​လို
ဆာ​လောင်​မှုပမာဏကိုမထိန်းနိုင်​ကြ​တော့
ယ​နေ့ကမ္ဘာဟာ
ငွေအစစ်​​တွေသာပိုပို​မွေးလာတယ်​။
                    ၁၅.၁.၂၀၁၈

Sunday, January 14, 2018

လိင်တံအရင်းမှာနေတဲ့ကဗျာ


••••••••••••••••••••••••••••••••••••
ဒီကိစ္စပဲ လူတိုင်းစိတ်​ဝင်​စားတာဒီကိစ္စပဲ
အနုပညာဟာလိင်​စိတ်​ဝင်​​နေတဲ့
ရမ္မက်​​ဇော​နဲ့မော​နေတဲ့​ကောင်​လား။
ဖာဖြစ်​လို့နိမိတ်​ပုံလှလာရတာလည်းဒီ​ခေတ်​ရဲ့
ရေပန်းအစားဆုံးဖက်​ရှင်​...
ဘဝဟာရုန်းထွက်​ရတဲ့အရာတစ်​မျိုးဆိုတာ
ဖာသည်​မ​တွေမသိဘဲ​နေလို့လား
ဖောက်​သည်​ကြီးဆီက ရှိသမျှမသွားတတ်​တာလည်း ဖာသည်​မ​တွေပဲ
ဒါကို နိမိတ်​ပုံလှဖို့ ဇာတ်​နာပြရမတဲ့
ဖာဖြစ်​ခွင့်​​တောင်​ ​နောက်​ဆိုဝင်​ခွင့်​​လျှောက်​ရမယ့်​ကိန်းမျိုး။
ဖာသည်​မတွေရဲ့အ​ပြော
ဘဝအ​မော​တွေတ​လျှောက်​ အ​သွေးအသားရင်း
လျှောက်​​နေတာတဲ့
အိပ်​ရာထဲ​​နေရင်းဝင်​​ငွေရတာ
ဖာသည်​မကလွဲပြီးဘယ်​သူရှိလို့တုန်း
နာမည်​​တွေအမျိုးမျိုး​ပေးတတ်​တဲ့
ခင်​​ဗျားတို့ရဲ့အသစ်​စက်​စက်​​တွေ
မာယာ​တွေအပြည့်​နဲ့
မိသားစုဘဝ​တွေ​ခြေမွပစ်​ကြတာမရှိဘူးတဲ့လား။
လိင်​အ​ကြောင်း​ရေးတဲ့က​ဗျာ​တွေဖတ်​ပြီး
ဖောက်​ထွက်​တယ်​​ပေါ့
ကမ္ဘာဟာနံရံအမျိုးမျိုးနဲ့
ကာရံထားတဲ့တွင်းထွက်​ပစ္စည်းပါ
လူဆိုတာလိင်​စိတ်​ရှိတာ​ပေါ့
လူပြိန်းလည်းလိင်​စိတ်​ရှိတယ်​​လေ
လူကြိုက်​များဖို့လိင်​အ​ကြောင်း​ပြောရမလား
ဖောက်​ထွက်​ဖို့လိင်​အ​ကြောင်း​ရေးရမလား
ဒါဆို​ဖောက်​ထွက်​ရတာ လွယ်​ပြီ​ပေါ့။
ဖောက်​ထွက်​ဖို့နံရံဟာပါးပြီ​ပေါ့။
ဒီက​ဗျာဟာ​ဖောက်​ထွက်​ခြင်းတစ်​မျိုး​ပေါ့။
ဒီက​ဗျာဟာသီအိုရီဂွင်​ကျ​ပေါ့။
ဒီက​ဗျာဟာလူကြိုက်​များ​ရော​ပေါ့။
ဒီက​ဗျာဟာကွန်​ဆာေ​ဗးတစ်​​ပေါ့။
အနုပညာဟာဘယ်​တုန်းကမှ​ခေတ်​အကြိုက်​မလိုက်​ခဲ့ဘူး
လူကြိုက်​များရုံနဲ့အနုပညာ​မြောက်​​ရောလား
လူကြိုက်​နည်းရုံနဲ့အနုပညာ​မြောက်​​ရောလား
အနုပညာဟာဘာလဲ
ဂေါ်ဂင်​က​တော့အနုပညာဟာ
မြင်းတပ်​တစ်​တပ်​ဒရိန်းပြ​နေတာမဟုတ်​ဘူးတဲ့
လိင်​တံဆိပ်​ကပ်​ထားတဲ့အရာ​တွေဟာအနုပညာလား။
ရှာ​နေတယ်​ ...
အနုပညာသမား​တွေ
အနုပညာကိုအဓိပ္ပါယ်​ဖွင့်​ရင်း​သေခဲ့ကြပြီ။
က​ဗျာဆရာ​တွေက​ဗျာကိုအဓိပ္ပါယ်​ဖွင့်​ရင်း​သေခဲ့ကြပြီ။
အမြင်​​တွေ အ​တွေး​တွေ
လိင်​အ​ကြောင်း...
ကြည့်​ပြီးသားsex videoကိုပြန်​ပြန်​ကြည့်​သလို
အနုပညာဟာရမ္မက်​ခိုး​တွေနဲ့ ဂျာ​အေးလား။
ဘဝဟာလိင်​ကိစ္စနဲ့တင်​ပြီး​ရောလား။
အသစ်​တင်​ဆက်​လိုက်​တဲ့
အနုပညာပြကွက်​ဟာလိင်​အ​ကြောင်း
ကျောက်​​ခေတ်​မှာကတည်းကဒီကိစ္စ​တွေ
ကောင်းမှန်းသိခဲ့ပြီးပြီ။
အသစ်​ဆိုတာဘာလဲ
အသုံးမပြုရ​သေးတာနဲ့အသုံးပြုပြီးသားဟာ
ဘာကွာလဲ
ကမ္ဘာဟာအမြဲတမ်း​ဟောင်း​နေတဲ့အ​ကြောင်း
Versionမြင့်​စရာမလိုတဲ့
Service center သာဖြစ်​​ကြောင်း
ခေါင်းကုတ်​စဉ်းစားကြည့်​တယ်​။
ဘာ​တွေသစ်​ပြီးဘာ​တွေ​ဟောင်းခဲ့ပြီလဲ
မိုးဇတ်​ရဲ့​တေးသွား​တွေ​ပျောက်​ကွယ်​ကုန်​ပြီလား။
ခေတ်​​နောက်​ကျခြင်းဟာ
ခေတ်​​ရှေ့​ရောက်​ခြင်း​လောက်​စမတ်​မကျဘူးလား။
ပစ္စုန်​ပ္ပန်​ တည့်​တည့်​မှာ
နောက်​ကျစရာဘာအ​ကြောင်းမှမရှိဘူး။
အ​ရွေ့ဟာ လိင်​တံအရင်းမှာလာလာစုတယ်
သတ္တ​လောကကြီးက လိင်​​အ​ကြောင်းသက်​သက်​ပြုစုထားတဲ့ကျမ်းကြီးတစ်​​စောင်​ဖြစ်​လို့။
                   ၉.၁၀.၂၀၁၇

အ​ကြောင်း​ကြောင်း​ကြောင့်


••••••••••••••••••••••••••••••••••
ငါဟာ ​နေသာ​နေမှအ​ဖြေပါလာသူတစ်​​ယောက်​လည်းမဟုတ်​ခဲ့
ငါဟာ...ငါ့ကိုယ်​ထဲလက်​နှိုက်​ပြီးစမ်းလိုက်​တယ်
ဖီးနစ်​ငှက်​တစ်​​ကောင်​ဟာ
ငါရင်​အုံက​ဖောက်​ထွက်​ပျံတက်​သွားတယ်
ငါရင်​အုံရဲ့အနာ​ပေါ်
ဖီးနစ်​ငှက်​ရဲ့မျက်​ရည်​တစ်​စက်​လွင့်​ကျလာတယ်
ဒါဟာက​ဗျာပဲ...
အကြိမ်​ကြိမ်​​လောင်​ကျွမ်းဖူးသူ
အကြိမ်​ကြိမ်​​မွေးဖွားလာသူ
က​ဗျာဆရာဆိုတာ
ဖီးနစ်​ငှက်​လိုလူ​တွေ
မီးသင့်​ခံရသမျှ
မာချင်​တိုင်းမာပြရတာလည်းငါတို့
ပြာချင်​တိုင်းပြာကျရတာလည်းငါတို့ဆို​တော့
က​ဗျာဆရာ​တွေကို
နားလည်​ဖို့ဘာသာစကား
ဒီကမ္ဘာသား​တွေမတတ်​ကြဘူး
အ​ကြောင်း​ကြောင်း​ကြောင့်
ငါဟာက​ဗျာအဖြစ်​ရူးခဲ့သူ
အ​ကြောင်း​ကြောင်း​ကြောင့်
ငါဟာ...ဘုရားသခင်​နဲ့​သေသူကြား
တမန်​​တော်​ဖြစ်​ခဲ့
မနိုင်​ဝန်​​တွေကိုနိုင်​နိုင်​နင်းနင်းထမ်းခဲ့
ငါ့​တေးသီသံကြားရင်
စိတ်​ချမ်းသာကိုယ်​ချမ်းသာ ရှိပါ​စေ
အ​ကြောင်း​ကြောင်း​ကြောင့်​ ဘဝ
အ​ကြောင်း​ကြောင်း​ကြောင့်​ ခဏ
အ​ကြောင်း​ကြောင်း​ကြောင့်​ လှခဲပြီ။
                        ပိုး​အောင်
                        ၂၉.၁၀.၂၀၁၇

လမ်း


•••••••••••••
အနင်းခံဖို့ဖြစ်​လာတာ
ဘယ်​သူ​တွေကုန်းနမ်းလို့လဲ။
               ၇.၁၁.၂၀၁၇

ခေတ်


•••••••••••
မှောင်​​နေသမျှ​တော့
ည​ပေါ့ကွာ။
               ၇.၁၁.၂၀၁၇

လောဘ


••••••••••••••
ဆန္ဒဟာ
တစ်​​နေ့၂၄နာရီထက်​ပိုတယ်​။
                  ၇.၁၁.၂၀၁၇

နိုင်ငံ ရေး


ဖြုတ်လိုက်တပ်လိုက်ပါပဲ။
                 ပန်းသီကြိုး(ရသေ့တောင်)

                  ၃၀.၁၂.၂၀၁၇

Saturday, January 13, 2018

အရေးပေါ် ခေြ နေ


•••••••••••••••••••••••••
ဘဝရဲ့အကြင်​နာတရားဟာ
မာသာထရီဆာ​နောက်​ပါသွား​လေသလား
အေး​အေးလူလူပဲ...
နှစ်​တိုင်း​တော့နိုဘဲလ်​ဆုရှင်​​တွေ​ပေါ်​ပေါ်လာတယ်
လမ်းရှင်းထားရတဲ့ဘက်​မှာ
မင်္သကာဖွယ်​​တွေ့ရှိတဲ့အခါ
ကျုပ်​တို့ကမ္ဘာဟာပျာယာခတ်​စမြဲ​ပေါ့။
                    ၁၃.၁.၂၀၁၈

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ