Sunday, January 14, 2018

အ​ကြောင်း​ကြောင်း​ကြောင့်


••••••••••••••••••••••••••••••••••
ငါဟာ ​နေသာ​နေမှအ​ဖြေပါလာသူတစ်​​ယောက်​လည်းမဟုတ်​ခဲ့
ငါဟာ...ငါ့ကိုယ်​ထဲလက်​နှိုက်​ပြီးစမ်းလိုက်​တယ်
ဖီးနစ်​ငှက်​တစ်​​ကောင်​ဟာ
ငါရင်​အုံက​ဖောက်​ထွက်​ပျံတက်​သွားတယ်
ငါရင်​အုံရဲ့အနာ​ပေါ်
ဖီးနစ်​ငှက်​ရဲ့မျက်​ရည်​တစ်​စက်​လွင့်​ကျလာတယ်
ဒါဟာက​ဗျာပဲ...
အကြိမ်​ကြိမ်​​လောင်​ကျွမ်းဖူးသူ
အကြိမ်​ကြိမ်​​မွေးဖွားလာသူ
က​ဗျာဆရာဆိုတာ
ဖီးနစ်​ငှက်​လိုလူ​တွေ
မီးသင့်​ခံရသမျှ
မာချင်​တိုင်းမာပြရတာလည်းငါတို့
ပြာချင်​တိုင်းပြာကျရတာလည်းငါတို့ဆို​တော့
က​ဗျာဆရာ​တွေကို
နားလည်​ဖို့ဘာသာစကား
ဒီကမ္ဘာသား​တွေမတတ်​ကြဘူး
အ​ကြောင်း​ကြောင်း​ကြောင့်
ငါဟာက​ဗျာအဖြစ်​ရူးခဲ့သူ
အ​ကြောင်း​ကြောင်း​ကြောင့်
ငါဟာ...ဘုရားသခင်​နဲ့​သေသူကြား
တမန်​​တော်​ဖြစ်​ခဲ့
မနိုင်​ဝန်​​တွေကိုနိုင်​နိုင်​နင်းနင်းထမ်းခဲ့
ငါ့​တေးသီသံကြားရင်
စိတ်​ချမ်းသာကိုယ်​ချမ်းသာ ရှိပါ​စေ
အ​ကြောင်း​ကြောင်း​ကြောင့်​ ဘဝ
အ​ကြောင်း​ကြောင်း​ကြောင့်​ ခဏ
အ​ကြောင်း​ကြောင်း​ကြောင့်​ လှခဲပြီ။
                        ပိုး​အောင်
                        ၂၉.၁၀.၂၀၁၇

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ