Monday, January 15, 2018

ငွေမျက်​နှာ​ပေါ်ပေကျံ​နေ​သောယဉ်​​ကျေးမှုများ


*********************************
ဓနရှင်​ဆိုလိုက်​တာနဲ့
အ​နေအထားပျင်​လိုက်​မိပြီလား...
လက်​ထဲဆုပ်​ထားတဲ့တရားကို
ခရမ်းလွန်​​ရောင်​ခြည်​​တွေမစားနိုင်​​ပေမယ့်
ငွေမျက်​နှာဟာ
အတွင်းသားထိ​ဖောက်​ဝင်​သွားတယ်​။
သစ်​တစ်​ပင်​​ကောင်း​တော့
ငှက်​တစ်​​သောင်းနားနိုင်​ဆိုသလို
အကိုင်းတစ်​ကိုင်းအတွက်
စာရိတ္တ​တွေဘယ်​​လောက်​ဖဲ့​ပေးလိုက်​ရသလဲ
သစ်​​ကောင်းတစ်​ပင်​ဖြစ်​ဖို့
ရေတစ်​ခုတည်းနဲ့မရဘူးဆိုတာ
အ​ခြေခံကျကျသိရုံနဲ့
လူ​တွေဟာကိုယ်​ထမင်းကိုယ်​စား​ကြောင်း
သိနိုင်​ပါတယ်​။
လောကဟာဘာမှအလကား​ပေးရိုးထုံးစံမရှိ
တန်​ရာတန်​​ကြေးပါပဲ
ဗုဒ္ဓဘုရားရှင်​က​လေးသ​င်္ချေနဲ့ကမ္ဘာတစ်​သိန်း
ဆိုက​ရေးတီးကအဆိပ်​တစ်​ခွက်
.......
.....
.......
ယုံကြည်​ချက်​​အတွက်​​တောင်​​ပေးဆပ်​လိုက်​ရတာအ​မော
တကယ်​ပါ ဘဝနဲ့​လောကမှာ
အလကားရတာဘာမှမရှိဘူး။
အလကားမရတဲ့​ငွေကို
ဘယ်​​ငွေရှင်​​တွေအလကား​ပေးလို့လဲ
တန်​ရာတန်​​ကြေး​ပေါ့
ကိုယ့်​စိတ်​ထဲဝင်​လာတဲ့
အားငယ်​မှု
မျှော်​လင့်​မှု...
အားကိုးမှု...​တွေ
မျက်​နှာလိုမျက်​နှာရ​လောဘ​တွေနဲ့
လူ့ယဉ်​​ကျေးမှုကိုအ​ရောင်​ဆိုး
ကိုယ့်​လိပ်​ပြာကိုယ်​ပြန်​ပြန်​သတ်​​နေတာ
အသက်​ရှူရပိုမဆိုးဘူးလား?
လူက​ပေးတဲ့တန်​ဖိုးနဲ့
ဒီ​လူ​တွေပြန်​ပြန်​အသတ်​ခံ​နေရ
ဘယ်​သူကိုအပြစ်​​ပြောကြမလဲ
ကျောက်​​ခေတ်​မှာဖြစ်​တဲ့စစ်​ကို
ခေတ်​မီလက်​နက်​နဲ့ပြန်​ပစ်​လို့မရ​ပါဘူး
လူ​တွေဟာ သမိုင်းကိုလှည့်​လှည့်​ကြည့်​ပြီး
ဘဝကိုတည့်​တည့်​မ​လျှောက်​ချင်​ကြတာ
ကိုယ့်​အပြစ်​နဲ့ကိုယ်​ပဲ။
ငွေမျက်​နှာ​ပေါ်​ပေကျံ​နေတဲ့
အချိုး​တွေ...
အမျိုး​တွေ...
လူ့ယဉ်​​ကျေးမှုဟာ​ငွေ​ကြောင့်​ပဲ
အရိုး​တောင်​မကျန်​​တော့ဘူး။
သူ​ဌေးမြင်​တိုင်းပြုံးပြ​ပေါ့
ကိုယ်​လုံးလှလှနဲ့ညရဲ့ဝတ်​ဆံဟာ
ဘောက်​စ်​ဆူးဘယ်​​လောက်​ရရ
ပြန်း​ပေးလိုက်​ကြရတာပဲ။
ငွေမျက်​နှာ​ပေါ်​ပေကျံ​နေတဲ့ယဉ်​​ကျေးမှု​တွေ
ဘဝဟာ...ဘယ်​​ယဉ်​​ကျေးမှုမှမထွန်းကားဘူး
သမိုင်းဦးဘုံ​မြေ​ခေတ်​လို
ဆာ​လောင်​မှုပမာဏကိုမထိန်းနိုင်​ကြ​တော့
ယ​နေ့ကမ္ဘာဟာ
ငွေအစစ်​​တွေသာပိုပို​မွေးလာတယ်​။
                    ပန်းသီကြိုး(ရ​သေ့​တောင်​)
                    ၁၅.၁.၂၀၁၈

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ