Wednesday, January 17, 2018

အမဲလိုက်ခံရတဲ့ငါတို့အလွမ်းတေွ


••••••••••••••••••••••••••••••••••••••••
နိုင်​ငံနဲ့​ဝေးရင်​နိုင်​ငံကိုလွမ်းတယ်
ပြည်​နဲ့​ဝေး​ရင်​ပြည်​ကိုလွမ်းတယ်
အိမ်​နဲ့​ဝေးရင်​အိမ်​ကိုလွမ်းတယ်
အ​မေနဲ့​ဝေးရင်​အ​မေကိုလွမ်းတယ်
အ​ဖေနဲ့​ဝေးရင်​အ​ဖေ့ကိုလွမ်းမယ်
ချစ်​သူနဲ့​ဝေးရင်​ကျုပ်​တို့ချစ်​သူကိုလွမ်းကြတာပဲ
အလွမ်း​တွေကိုကန့်​သတ်​ထား​ကြေးဆိုရင်
အာဇာနည်​​နေ့​တွေဖျက်​​ပေးပါ
အမျိုးသား​နေ့​တွေဖျက်​​ပေးပါ
ပြည်​​ထောင်​စု​နေ့​တွေဖယ်​​ပေးပါ
လွတ်​လပ်​​ရေး​နေ့​တွေဖျက်​​ပေးပါ
ခင်​​ဗျားတို့အလွမ်းတရားဝင်​​နေသ​လောက်
ကျုပ်​တို့အလွမ်း​တွေ​တောခို​နေခဲ့ရ
ကျုပ်​တို့အလွမ်း​တွေမီးရှို့ခံ​နေရ
ကျုပ်​တို့အလွမ်း​တွေဖမ်းဆီးခံ​နေရ
ကျုပ်​တို့အလွမ်း​တွေပစ်​သတ်​ခံ​နေရ
ကျုပ်​တို့အလွမ်း​တွေ​မြေမြုပ်​ခံ​နေရတာ
ခင်​​ဗျားတို့လွမ်းသလို
ကျုပ်​တို့လွမ်းတာပဲ
ခင်​​ဗျားတို့ရဲ့တရားဝင်​တဲ့အလွမ်း​တွေ
ခင်​​ဗျားတို့ရဲ့တရားဝင်​လွမ်းသူ့ပန်း​ခွေ​တွေ
ဘယ်​​ဈေးလဲ?
ကျုပ်​တို့ဆီကယူသွားတဲ့သယံဇာတ​တွေနဲ့
ခင်​​ဗျားတိုလွမ်းကြတယ်
ကျုပ်​တို့ကအသက်​ရင်းပြီးလွမ်းရတယ်
တရားပါတယ်​​ဗျာ...
လက်​ထဲရှိတာထုတ်​ထုတ်​ကြွားရုံနဲ့မပြီးတဲ့
ခင်​​ဗျားတို့ရဲ့အလွမ်းသတ်​နည်းအသစ်​​တွေ
လေးစားပါတယ်​​ဗျာ...
ရဲ့ရင့်​လိုက်​ကြတာ
ကျုပ်​တို့ရဲ့အလွမ်း​တွေ အမဲလိုက်​ခံရ
လက်​တည့်​လိုက်​ကြတာ
ကျုပ်​တို့ရဲ့အလွမ်း​တွေ ​သွေးသံရဲရဲ
ကျုပ်​တို့ရဲ့အလွမ်း​တွေ ငိုသံမစဲခဲ့ဘူး။
၂၀၁၈အဖွင့်​ရဲ့ဇန်​နဝါရီညတစ်​ည
ကျုပ်​တို့လက်​​ဆောင်​ရလိုက်​ကြတဲ့အလွမ်း​တွေ
နှစ်​ထပ်​ကွမ်း အလွမ်း
နှစ်​နှစ်​ရာ​ကျော်​လာတဲ့ရမ္မက်​စိတ်​နဲ့
အဲ့ဒီညကကျုပ်​တို့အလွမ်း​တွေဖွင့်​ပြဖို့
ခွင့်​ပြုချက်​မရဘူးတဲ့​လေ
ကျုပ်​တိုဘယ်​စိတ်​နဲ့​ဖြေပြီးအိပ်​ရမှာလဲ
ရွှေ​တောင်​စက္ကူ​လောက်​ပါးတဲ့ခင်​​ဗျားတို့အကွက်​​တွေက
ကျုပ်​တို့အလွမ်းကို​သွေး​မြေကျ​စေခဲ့တယ်​။
လွမ်းလို့လွမ်းတယ်​​ပြောတာအပြစ်​လား
လွမ်းတာကိုသစ္စာ​ဖောက်​တယ်​လို့သတ်​မှတ်​ရ​အောင်
ကျုပ်​တို့ကသစ္စာခံထားကြတာလဲမဟုတ်
ခင်​​ဗျားတို့မတရားလုပ်​လို့
ကျွန်​ဇာတ်​မှာမြုပ်​​နေရတာကကျုပ်​တို့ပါ
ကိုယ့်​ထီးကိုယ့်​နန်းကိုလွမ်းတာ အပြစ်​လား​ဗျ
အင်္ဂလိပ်​လက်​​အောက်​က
ခင်​​ဗျားတို့ဘဝကို
ကျွန်​ပီပီသသအဖြစ်​ ခံစားပြစမ်းပါ
ကျုပ်​တို့ကိုသတ်​လို့ရပါတယ်
ကျုပ်​တို့အလွမ်းကိုလာလာမသတ်​နဲ့
ကျုပ်​တို့အလွမ်းဟာ ခင်​​ဗျားတို့​ရှေ့​ထိ
ရောက်​​အောင်​​လျှောက်​လာတဲ့တစ်​​နေ့
အပြစ်​ဆိုတာ ​ကျေ​အေးခွင့်​မရှိ​ကြေး။
ု                 ပန်းသီကြိုး(ရ​သေ့​တောင်​)
                 ၁၇.၁.၂၀၁၈

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ