Friday, January 28, 2022

စောင်းနိန်ရေငါ

ကိုယ့်အတ္တနန့်ကိုယ်
ပြန်တည့်မရအောင်စောင်းလားရေ
ကိုယ်တယောက်တည်းမဟုတ်
ကမ္ဘာကြီးတောင် နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီ
စောင်းနိန်ရေ
ကိုယ့်အတ္တနန့်ကိုယ် ဗဟိုပြုလည်ပတ်နိန်ရေပတ်လမ်းထဲ
မမျှော်လင့်ဘဲဆောင့်ဝင်လာရေ ပုံဆောင်ခဲတိ။


အနီးအဝီးသီအိုရီထဲမာ
ခြောက်လက်မပေတံနန့် လိုက်တိုင်းနိန်ရေလူရာ
တဖက်စောင်းနိန်ကေလည်း မဆန်းယာ
လက်တကမ်းစာကို အနီးကြည့်မှန်ပြောင်းနန့်ထုတ်ကြည့်လိုက်တေပိုင် မြင်ကွင်းစွာ ဝေဝါးလွန်းရေ။ထားလိုက်ပါဖိ ။ကျန်နိန်ရေအစိတ်အပိုင်းတချို့အတွက်
အပြန်တရာလောက်ရပ်ကြည့်လိုက်ကေတောင်
စောင်းနိန်သိမ့်ရေကောင်ပါ
ကမ္ဘာမြီမာရပ်မိစွာကြောင့် ကမ္ဘာကိုချစ်ခရေ
မယိုင်မလဲ စောင်းနိန်ပါမေ။

ဘဝစွာ ခစောင်းစောင်းလားစွာလား
တည့်တည့်လားစွာလား အရေးမကြီး။
ပန်းတိုင်စွာ တည့်တည့် လား စောင်းစောင်းလား
အရေးမကြီး။
ခန္ဓာကိုယ်စွာ တည့်တည့်လား စောင်းကန်းလား
အရေးမကြီး
ပုလင်းကို စောင်းလို့ငှဲ့ရရေ။
ခွက်ကိုတည့်တည့်ထားရရေ။
ချစ်သူ မျက်စောင်းကို ရင်ခုန်ခရေ
အိမ်ရှင်မ မျက်စောင်းကို အမြင်ကပ်ခရေ
ကိုယ့်က စောင်းနိန်စွာ ကောင်းလားမကောင်းလား
ကိုယ်မသိ
အနိန်တကျဖြစ်မှုကိုမြတ်နိုးရေ။
ဟုတ်ပါယင့် မယိုင်မလဲစောင်းနိန်ပါမေ။

                       ပန်းသီကြိုး(ရသေ့တောင်)
                       5:11pm/27-1-2022


Tuesday, January 25, 2022

သာလီစွပါလို့နူတ်ဆက်ဖြစ်တေ



မျက်စိထဲမာမတရားမှုတိကအလုအယက်ဝင်လာရေ
သာလီစွပါလို့နူတ်ဆက်လိုက်ပြီးရေနောက်
သာစွာလီစွာတိ စွနိန်ယာပယေ။
အခန်းထဲမာချိတ်ဆွဲထားရေဓါတ်ပုံတချို့လည်း
စားပွဲအောက်မာ၊ဗီဒိုကြားမာ ပြာတက်နိန်ရေ
အစကိုဆွဲထုတ်လိုက်ကေ အဆုံးကိုဖောက်မြင်နိန်ရေ
ရုပ်ရှင်တကားပိုင် ကြည့်နိန်ရစွာရာ အဖြေကသိပြီးသား ဇာတ်လိုက်စွာ စွမ်းအားရှင်ဖြစ်တေ
စွမ်းအားရှင်စွာဇာတ်လိုက်ဖြစ်တေ လဆိုးစွာအဆုံးစွန်ထိပွင့်ပွင့်လင်းလင်း မိုက်တေ ဇာတ်လိုက်မစွာလူသားမဆန်ရေ အလှတရားကိုဗန်းပြရေ ။ငါရို့တိကတော့ဖြတ်လျှောက်ရာ သာလီစွပါလို့နူတ်ဆက်ဖြစ်တေ။

လောကစွာ ‌အလောတကြီးဖြစ်လာရေ။မိန့်ခွန်းတိကို တည်တည်ငြိမ်ငြိမ်ဖွင့်ပြထားရေ ရုပ်သံအစီအစိုင်ထဲမာ။အောက်ခြီမနှောင်းဘဲ ကျင်ကွင်းနိန်ရေကျင်သန်တိ ရွှေမောင်းရလို့။စစ်ရှောင်စခန်းကအချေငိုသံ။အများပြည်သူအပန်းဖြေစရာပန်းခြံထဲမာ ပန်းပင်တိမမြင်လို့ လိုက်ရှာကြည့်ရေ။မြက်ခင်းအတုထက်မာ အစာရှာနိန်ရေ နှံချေတစ်ကောင်ပိုင်။သာသနာတော်ကို
လှီကားမှတ်တေ ပညာတတ်ပုဂ္ဂိုလ်တိလည်း ဝင်္ကန္တာတီးလုံးနန့် စည်းလွတ်ဝါးလွတ်။ရာထူးကြီးကြီးရထားရေ ဒေါင့်ဒေးတိ။ငါရို့က ခြီသုတ်ခုံတိရာ သာလီစွပါလို့နူတ်ဆက်ဖြစ်တေ။

ရာသီပေါ်သီးနှံတိ မျက်နှာပန်းမပွင့်ရေ ရာသီ
လက်ထဲမှာဆုပ်ထားရေ လက္ခဏာ
ပြန်ကြည့်နိန်ရရေ မျက်နှာတိ
ဘဝကိုလမ်းပိုင်ခင်းပစ်တေ
မိုးရွာကေ ကျုပ်ပြင်
နီပူကေ ပြာဖုံဆဆောင်းထလို့။ဘဝကိုလမ်းပိုင်ခင်းပစ်တေ။မဟာဂရုဏာလက်သစ်ရို့၏ အနန္တမေတ္တာတော်ကိုချီးမွှမ်းဖို့လည်း ဘုရားရှင်ကိုတောင် ဗာရှင်းမြှင့်ရဖို့သိမ့်။ငါရို့က လမ်းတိရာ သာလီစွပါလို့နူတ်ဆက်ဖြစ်တေ။

မြင့်မြတ်သူရို့၏ အနိမ့်ဆုံးစိတ်ထားကိုလည်းကောင်း
မိုးမမြင်လီမမြင်ရို့၏ အမြင့်ဆုံးတေးသွားကိုလည်းကောင်း
တကိုယ်ကောင်းသမားရို့၏ အလိုက်သိတတ်မှုတိကိုလည်းကောင်း
ရာထူးဂုဏ်သိမ်ရို့၏ နတ်ယောင်ကားပညာရပ်တိကိုလည်းကောင်း
အခွင့်အာဏာရို့၏ ထင်ပေါ်ကျောဇောမှုကိုလည်းကောင်း
အတုအယောင်ရို့၏ ကြီးမြတ်မှုကိုလည်းကောင်း
သာလီစွပါလို့ နူတ်ဆက်ဖြစ်တေ။

                        ပန်းသီကြိုး(ရသေ့တောင်)
                        10:15/25-1-2022







Sunday, January 23, 2022

ခေတ်ကိုပီးခရေ ငါ့သန္ဓေ

ငါ့ခေါင်းထက်ကနှင်းတိကို
အသူဖန်ဆင်းပီးရေလည်း
နှင်းရည်စက်လက်နန့်ငါ့ခေါင်းစွာ
မအီးချမ်းနိုင်ခ။

ငါ့ရင်ဘတ်ထဲက ကဗျာကို
အသူဖန်ဆင်းပီးရေလည်း
စကာလုံးတိနန့်ငါ့နှလုံးသားစွာ
တိန်းမနိန်နိုင်ခ။

ကဗျာခေတ်ကိုအမီလိုက်ဖို့
ရုပ်ဝတ္ထုတိမလိုပါကား
နှလုံးသားတခုနန့်
မွီးဖွားမလာသိမ့်ရေ စကားလုံးတိကို
သန္ဓေပီးဖို့ပ
ငါက ကဗျာလား။
ငါက ကဘျာလား။

ခေတ်တခေတ်ထဲမြုပ်ဝင်ပျောက်ကွယ်လားရေ
မြှားတစင်း၏ အန္တိမရပ်ဝန်းမာ
ကဗျာမြစ်တစင်းစီးနိန်ကေ
ငါရို့ တောင်ဖြစ်ရကျိုးနပ်ပါရေ။

                       ပန်းသီကြိုး(ရသေ့တောင်)
                       7:06pm/23-1-2022


Wednesday, January 19, 2022

စစ်တွေလမ်းမကြီး(၇)-ပန်းသီကြိုး(ရသေ့တောင်)

                         ပန်းသီကြိုး(ရသေ့တောင်)
စစ်တွေလမ်းမကြီးစွာ
ဉာဉ့်နှစ်ချက်တီးကျော်မာတိတ်ဆိတ်စွာအနားယူလို့
ပလက်ဖောင်းမဟိမ့်ရေအကြောင်း
ကိုယ့်စွာကိုယ်မလုံမလဲပြန်စိုင်းစားလို့

စစ်တွေလမ်းမကြီး
လမ်း    မကြီး
လမ်း    မကြီး။

ခေတ်မီခြင်းဆိုစွာ ကျကျိတ်တိုးစွာလို့ တတိုင်ကနားလည်ထားရေ
စစ်တွေလမ်းမကြီးအတွေးကတော့
စစ်တွေလမ်းမကြီးပိုင် ရှုပ်ထွီးနိန်ယင်း
မကြာခင် သံစုံမြည်ပါလတ်တေ။

                   ၁၉-၁-၂၀၂၂/3:08am

Tuesday, January 18, 2022

အိမ်ခြံမြေရောင်းမည်

                           ပန်းသီကြိုး(ရသေ့တောင်)

ကမ္ဘာကို အကွက်ရိုက်ရောင်းရေကောင်တိ
လေးဆယ်ခြောက်ဆယ်လား
လေးပေခြောက်ပေလား
ဆက်သွယ်ဖို့ဖုန်းကို
နံပါတ်မှားနှိပ်သူပိုင်
ဘဝဆိုစွာ တပ်ဆင်ထားခြင်းမဟိမ့်ရေ
နံပါတ်တခုပိုင်
တတီတီမြည်နိန်ရေ။

‌ခြံထိုးခံရရေမြီကို
ခြံထိုးမခံသိမ့်ရေမြီကသနားလို့
မျဉ်းတစ်ကြောင်း၏အကျယ်အဝန်းအကြောင်းတိကို
ကျယ်ကျယ်ပြန်ပြန်ရှင်းပြလို့
တန်ဖိုးအကြောင်း
ပေါက်ဈီးအကြောင်း
ဆက်သွယ်ရေးအကြောင်းတိပြောလို့
ဦးတည်ချက်ဆိုစွာလမ်းမကြီးဖြစ်ကြောင်းတိပါရေ။

လူနန့်တိရစ္ဆာန်ကြားကဆက်သွယ်ချက်ကို
စုံစမ်းဖော်ထုတ်ဖို့ အချက်အလက်တိလိုက်စု
ပုဂ္ဂလိက ခံစားမှုစွာ
အရောင်းအဝယ်မဖြစ်ဆုံးရောင်းကုန်
လူကြိုက်နည်းခြင်း၏အားသာချက်ထဲမာ
လွတ်ခြင်းလပ်ခြင်းတိက ကခုန်ပျော်ပါးလို့

ကမ္ဘာမြီစွာအများပိုင်လား
ကိုယ်ပိုင်လား
နိုင်ငံခြားရုပ်ရှင်တိထဲကပိုင်ဂြိုလ်သားတိ
ကမ္ဘာကိုစစ်ချီဖို့ရောက်နိန်ယာလား
သမိုင်းမာတင်ကျန်နိန်ရေ
နယ်မြီလုစစ်ပွဲတိအကြောင်းနန့်
ကိုယ်ခြံကိုယ်ထိုးလို့ စကားများရေရန်ပွဲတိကို
ထပ်တူချ ထားလိုက်စွာကောင်းရေ

"အိမ်ခြံမြေရောင်းမည်"
ဆက်သွယ်ရန်-ဂဏန်းဆယ့်တလုံး။

           11:21 am/18-1-2022


Friday, January 14, 2022

အတွေးတိက ရစီးကြောင်းချေပိုင်


                          ပန်းသီကြိုး(ရသေ့တောင်)

လမ်းထဲကိုချိုးဝင်လိုက်ကေ
အမြင်ရရေ
ဒေမြင်ကွင်းတိပိုင်...

နီသားတကျ အဆင်မပြေစွာနန့်
အသားကျလွန်းရေ
လူနှစ်ယောက်ဖယ်မရရေလမ်းမာ
ထိပ်တိုက်ကျလားရေပိုင်
အကြည့်ကိုလွှဲထားရုံမှအပ
အခြားမရှိ

အလိမ္မာဆုံးလူးသားပြယုဂ်ထဲက
သမိုင်းဝင် လူသားတိက
ရရစားစားယာယေ

လာလမ်းအတိုင်းပြန်လည့်လိုက်ဖို့ယာ
ဥပက္ခာတရားစွာ နေရာတိုင်းမှန်ယင့်လားမပြောတတ်
အခြားလမ်းထက်ကအမှိုက်တိလည်း
ဒေလမ်းထဲမာရာလို့တွေးလိုက်တေ
မဆယ်ယူနိုင်ခရေ ရီခမ်းငါးချေတိတွက်စား
အကြည့်လွှဲဖြစ်ခရေအကြိမ်တိုင်းအတွက်
လပြာမလှုံဖြစ်ခရစွာရာအဖတ်တင်ရေ။

ဘီယာဗူးခွံတိမဟိမ့်ပါလား လတ်
အပြန်ပြန်ကြားယောင်နိန်မိရေ အချေတယောက်၏အသံ
အတွေးတိက ရစီးကြောင်းချေပိုင်ရာ
လမ်းထဲကိုချိုးဝင်လိုက်
ဒေမြင်ကွင်းတိ ကိုယ့်နန့်လက်တကမ်းမာ...။

                       ၁၄-၁-၂၀၂၁

Tuesday, January 11, 2022

အုန်းဘောင်ထက်ကဗလိချေတစ်ကောင်


                                       ပန်းသီကြိုး(ရသေ့တောင်)
                                       
မိုးကုတ်စက်ဝိုင်း၏အနားသတ်မျိုင်းကြောင်းထက်မာ
အလွယ်ကာသင့်ပန်းတိက
ရာသီမရွီးမွှီးလို့လည်း မဆုံးနိုင်။

အိမ်အိုချေလည်းအနွီးဓါတ်မဟိမ့်လိုက်ယာ
အလွယ်ကာသင့်ပန်းတိက
မွှီးလို့ရာသိမ့်။

မဂ်မရောက်ဖိုလ်မရောက်တိလည်း
ဘုရားလို့ဆိုလာရေ
ယုံလိုက်ကတ်ဖို့ယာပ
အသက်ထက်အရေးကြီးစွာဇာဟိမ့်လည်း

မပြည့်စုံသိမ့်ရေ
အပြည့်စုံဆုံးလူသားအဖြစ်
မျက်စိနှိတ်နားပိတ်လိုက်ကေ 
အစမသတ်နိုင်ခရေ ခြုပ်ရိုး
ပြုတ်လုပြုတ်ချင်ကို ဆွဲစိ
နရဗန်မပူမိဖို့ ဆင်ခြင်ရစွာလည်းအမော

ရွှေချင်ငွေချင်တိ‌များရေ
အလွယ်ကာသင့်ပန်းတိပွင့်ရေ
အုန်းဘောင်စီးနိန်ရေဗလိချေတစ်ကောင်ပိုင်
လှိုင်းပုတ်ကေတော့ မြုပ်လိုက်ပေါ်လိုက်နန့်
မိုးကုတ်စက်ဝန်း၏အနားသတ်မျိုးကြောင်းထက်မာ။

                               11-1-2022

Monday, January 10, 2022

အရိပ်မဲ့သစ်ပင်





 


                                 ပန်းသီကြိုး(ရသေ့တောင်)

ရှိပြီးသားရာမလားလို့တွေးကေ
ပေါပေါများများဟိမ့်ရေအရာတိရာယေ

စာချေတစ်ကောင်ပိုင်
အသိုက်ဆောက်ဖို့ မြက်တပင်ရှာကြည့်ရေ
ဇာကြားမာဖြစ်ဖြစ်
အသိုက်အမြုံဆိုစွာ လုံခြုံရေအမျိုးရာ။

အမှန်တရားနန့် ရှိဆိုင်မကျနိုင်ရေအရာကို
လောဘလို့ခေါ်ကတ်မေ
စစ်တလင်းမာတောင်
ခိုလှုံစရာ ကာဗာဟိမ့်သိမ့်ကေ
မြက်တပင်ဖြစ်ဖြစ်
ကောက်ရိုးမျှင်ဖြစ်ဖြစ်
လုံခြုံရေအရိပ်ကိုဖန်ဆင်းဖို့
မေတ္တာ ခေါင်းပါးလွန်းရေအရပ်မာ
ခိုလှုံစရာအရိပ်ဖြစ်တေ။

မင်းမကောင်းရေတိုင်းပြည်
တာဝန်မဲ့ရေ ခေါင်းဆောင်
ညှာတာမှုခေါင်းပါးရေ နှလုံးသား
ခေါင်းစားမခံပါကေ့ မိတ်ဆွေ
မြင့်လွန်းရေအပင်စွာအရိပ်မကောင်း။

                                ၉-၁-၂၀၂၂

Friday, January 7, 2022

အဝီးကကြယ်

    

                                  ပန်းသီကြိုး(ရသေ့တောင်)
ညဉ့်မှောင်လီ ကြယ်ရောင်မြင်ရလီယာမလား
အလွမ်းကို ဇကုန်မြှင့်ကြည့်လိုက်ကေ
မင်းနံပါးမာ ကြယ်ချေတစင်း...

နိရက်တိအတိုင်း
အချစ်ဆိုစွာ လင်းတလှည့် မှောင်တလှည့်ဆိုကေ
ဝီးနိန်ခြင်းဆိုစွာ နိလား ညဉ့်လား
ချစ်ခြင်းတရား၏ အလင်းအမှောင်ပီသဖို့
ဘဝဆိုရေကောက်ကြောင်းနောက်မာ
ငါစွာ အောက်ခံအရောင်ချေရာဖြစ်တေ။

ဆက်ထုံးမပြီရေလောဘနန့်
တသက်လုံးပါလို့ မပြောဖြစ်ကေတောင်
မျက်လုံးချေတနားနှိတ်ကေ
အိမ်မက်ဖြစ်လာရေ...

ဖျက်ခနဲလင်းလာရေ မီးရောင်တိပိုင်
တနားချေမျက်စိစူးစွာရာ
ချစ်ခြင်းတရားဆိုစွာ အစခါ
တစိမ်းဆန်ပြီးကေ
အချိန်ကြာလာစွာနန့်အမျှ
မုန်းမရရေ အဖြစ်မျိုးပယေ။

                    ၇-၁-၂၀၂၂




ခေတ်စားနိန်ရေလောက


တောခွီးတိပိုင်
အုပ်စုလိုက် အမဲလိုက်တေခေတ်

ဆင်လည်းဖင်အူနူတ်စားခံလိုက်ရစွာယာ
ဒေသျှင့်ကိုလူတိက နာမေအလှပချေပီးရေ
စည်းလုံးခြင်းသည် အင်အားလတ်။

မီးများမီးနိုင်ဆိုရေပိုင်
အများအားနန့်လောင်ကျွှမ်းနိန်ရေခေတ်
ဇာအရာလည်း ပြာမဖြစ်ဘဲလွတ်ဖို့။

တိုးတိုင်းမရွီ့ရေအရာထက်
ရွီ့တိုင်းတိုးနိန်ကတ်စွာလည်း အဆန်းမဟုတ်ယာ
တရက်စာ ချောင်လည်မှုကို
အနာဂတ်တခုလုံးရင်းလို့ ယူလီပါ

ဒေလောက မာယာတိအစား
ရရိုးသသားချေ စိုင်းစားကြည့်ကေ
လပြာလလုံ နန့်ရာ နိန်ကြည့်ချင်လို့။


                        ပန်းသီကြိုး(ရသေ့တောင်)
                        ၇-၁-၂၀၂၂







Saturday, January 1, 2022

ဆောင်းခိုငှက်ရို့၏ရာသီကြမ်း

ဩရမတောင်တန်းကြီးကိုငေးလို့
အတိတ်ကိုဆွဲထုတ်
မှိုင်းဝီညိုပြာ နိန်ရေတောင်တန်းတစ်လျှောက်
ငါရို့တိ မှီခိုစားသောက်ခရေနိရက်တိုင်းကိုလွမ်းလို့
သက်ပြင်းချမိစွာလည်းအခါခါ...

ငါရို့ဒေသက
စစ်တလင်းဖြစ်
ငါရို့တိက စစ်ဘေးရှောင်ဖြစ်
အစားပြန်မရနိုင်ရေ ရက်တိအတွက်
အလွမ်းရာတတ်နိုင်လို့
ရက်ပြတ်အောက်မိရေ...

ဘဝဆိုစွာ
အဆိုးနန့်အကောင်းပေါင်းလို့စီးရေမြစ်
လီထန်ရီဆန်မာ ကျည်ဆံတိမိုးပိုင်ရွာ
ပြန်လမ်းမမြင်အောင် မှိုင်းချုပ်နိန်လို့
နီသာရေတစ်ရက်
ငါရို့အလွမ်းတိ 
ဖွတ်လို့လှန်းကတ်ဖို့ပဝေ...

ဆယ်ပေပတ်လည်အရိပ်မာ
ကျကျစ်ထွီးနိန်ရရေသောက
ခြံ့နန့်လှောင်ထားရရေ အာသီသရို့ကိုဖွင့်ထုတ်
အနိန်စုတ် သရုပ်ဆောင်အဖြစ်
ဇာတ်ရုပ်တိမပီသ
စာနာစိတ်ဝယ်ထည့်ရဖို့လူတိကတော့
ငါရို့တိကယ်ဆယ်ရေးရလို့ ရွာမပြန်ချင်ယာလို့ပြောရေ
ကိုယ့်အိမ်မာနိန် ကိုယ့်စီးပွားကိုယ်လုပ်
အခြီမပြုတ်သိမ့်ရေ လူတိကပြောရေ

ပြောပတ်စီဖိ
ဆိုပတ်စီဖိ
အနိမ်ခံ အလွမ်းတိလည်း
အချိန်တန်ကေ အိမ်ပြန်ဖို့အတွေးနန့်
ရှင်သန်ခစွာရာ

ဩရမတောင်တန်းကြီးပိုင်
ငါရို့ တင်းခံကတ်မေ
ငါရို့က 
ဆိုက်ဘေးရီးယားအတွေးနန့်
ဆောင်းခိုငှက်တိရာ။


                        ပန်းသီကြိုး(ရသေ့တောင်)
                        ၃၁-၁၂-၂၀၂၁







နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ