မြို့ထက်ကိုဖုံးလွှမ်းဖို့
အချိန်မရွီးရွာသွန်းလိုက်ဖို့
အလိုက်ကာသင့်ယာယေ။
ဆန့်ထားရေလက်တိ
လမ်းတပိုင်းအရောက်မာ
ပန်းတိက တဖြုတ်ဖြုတ်ကြွီ...
နောက်ဆုံး အချိန်တိထက်က
ရစ်နှောင်ဖြတ်သန်းထားခရေ
ဆီးသားအသစ်စက်စက်တိလည်း
အရောင်မှိန်လွန်းနိန်ရေလို့ပြောဖို့လား
မကြားနိုင်ရေ နားတိနန့်
မကြားတကြားစကားတိကိုယူလား
မကြာမကြာရွာနိန်ရေ မိုးတိစွာ
မျက်ရည်စီးကြောင်းတိပိုင်
ဒရဝေါစီးလို့။
ဘဝကိုတိုက်စားထားသမျှ
အမှတ်တရဆိုစွာ တခါတရံအတွက်ပေါ်ဖို့
စကားရာ
လူဆိုစွာ
လမ်းဖြစ်လို့လျှောက်ကတ်ရရေ မဟုတ်လား
မဲမှောင်အုံ့ဆိုင်းလာရေ မိုးရိပ်တိနောက်က
ဘဝဆိုစွာ နီမပူခင် စီးခွင့်ရခရေ ရစီးကြောင်းချေရာ။
ပန်းသီကြိုး(ရသေ့တောင်)
28-7-2021
No comments:
Post a Comment