Thursday, July 29, 2021

အလွမ်းတောင်ပံခတ်သံ

သတင်းပလင်းချေနားစွင့်
ပစ္စက္ခ နန့် အတိတ်ကိုပေါင်းကေ
မိုင်ပေါင်းဇာလောက်ရှိယာလည်း
ယလောက်ထိလွမ်းရေ။

ဒေသကိုချစ်ဖို့
အမှတ်တရတိကသင်ပီးရေ
ဘဝကိုချစ်ဖို့
ဒုက္ခတိကသင်ပီးရေ
မင်းကိုချစ်ဖို့
ရွာကသင်ပီးလိုက်တေ
အဝီးကညဉ့်တိထက်မာ
ကြယ်ရောင်တိကတော့
ပုံမှန်လင်းလက်လို့။

လမ်းပျောက်နိန်ရေ အနာဟောင်းတိက
တဆစ်ဆစ်နာတုန်း
ဖောင်တော်ဦးက ဆိုခရေတေးခြင်းတိ
ဖြားအတက်အကျမာ မျောလို့ဟိမ့်လီလား
ပြန်မပို့နိုင်ရေ ခွန်အားတိနန့် 
ပိတ်လှောင်နိန်ရေဘဝကို
ရွာကတော့
အဝီးက ငေးလို့ရှိလီဖို့။

ကမ္ဘာနန့်ချီလာရေအလွဲတိထဲမာ
အတိတ်တိ အရောင်မထွက်နိုင်ခသမျှ
ငါရို့စွာ
ဘဝကို အရစ်ကျပြန်ဆပ်နိန်ရရေ
မလွမ်းချင်ပါဝေလို့ဇာလောက်ပြောပြော
ထားခရရေဘဝတိအတွက်
ကြယ်ကြွီတိကို ထိုင်ကြည့်
အလွမ်းစိတ်ဆိုစွာ ငွေနောက်မာအိပ်နိန်ရရေ။

အိမ်မက်တိ...
မျှော်လင့်ချက်တိ...က
ညဉ့်ပိုးကောင်ချေတိပိုင်
အမှောင်မာမြည်နိန်ရေအသံတိကညံလို့။

မိသားစုဆိုစွာက
ပြက္ခဒိန်ထဲက ရက်တိကိုရွီ။

ရွာနန့်အဝီးမာ...
အသိုက်မဲ့ငှက်ရို့၏ နိရက်တိ
အသိုက်ပျောက်ငှက်ရို့၏ နိရက်တိ
ညောင်းနိန်ရေ အတောင်ပံတိကို ခတ်ရင်း
မနားတမ်းပျံသန်း။


                            ပန်းသီကြိုး(ရသေ့တောင်)
                            ၂၉-၇-၂၀၂၁

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ