Sunday, June 27, 2021

အချစ်နန့်ဆိုင်ကယ်စီးခြင်း

ရှေ့တတည့်ကိုကြည့်
ဂီယာနံပါတ်တိထက်အရေးပါစွာက
နင့်လက်ဖမိုးထက်မာ
ငါလက်ဖဝါး။

မင်းနှလုံးသား ဆောင့်ထွက်မလားဖို့
လီဗာကို အသာထိန်း
ရင်ခုန်သံတဒိန်းဒိန်းပြန်ကြားဖို့
ဆံနွယ်တိလီမာ တဖျတ်ဖျတ်လှုပ်ခတ်နိန်သံစွာ
အလှဆုံးတေးသွားဖြစ်လားရေ။

စိတ်ကိုအီးလို့ထား
ရှေ့တတည့်ကိုကြည့်
အကွေ့တိရောက်ကေအရှိန်လျော့ဖို့လိုရေပိုင်
ဘဝ ကိုလည်းအားနန့်မကွေ့မိစီကေ့

စိတ်ကိုအီးလို့ထား
ရှေ့မာပေါ်လာရေအရာတိုင်းကိုချန်ထားခဖို့
ငါရို့ခရီးလားကတ်စွာဖြစ်တေ
အချစ်ဆိုစွာ
မကုန်ခမ်းနိုင်ရေ လောင်စာ
ဘဝဆိုစွာက ဘောင်မပါရေအနား
ငါကတော့ နင့်အတွက် ခွန်အားရာဖြစ်ချင်ရေ။

                     ပန်းသီကြိုး(ရသေ့တောင်)
                     26-6-2021

Saturday, June 26, 2021

မျက်ဝန်းတစ်စုံနန့်ခရီးလားခြင်း

ဒေမျက်ဝန်းချေတိနန့်
နှလားသားကိုဇကုန်မြှင့်တင်လိုက်

အနီးဆုံးအရပ်ဆိုစွာ
အသက်ရှူနှုန်းအတိုင်းရွင့်ပါလာလိမ့်မေ

ငါကတော့
ဘဝ ဆိုစွာ ဒေမျက်ဝန်းတိနန့်
မကျွတ်မလွတ်နိုင်ရေ ရှင်သန်ခြင်းမြစ်တစ်ခုပိုင်
စီးမျောနိန်မိရေ။

အလှတရား၏အတိမ်အနက်ကို
ငါက ကူးခတ်လို့ရင်းနှီးချင်သူမဟုတ်
လရောက်ကိုသောက်တေ ပန်းတစ်ပွင့်ပိုင်
ယစ်မူးချင်ရေ
နွမ်းရဖို့လို့ ဆိုကေတောင်
မျက်စောင်းတစ်ချက်နဲ့ပြာကျ
လီမာရွင့်ခွင့်ရာရခကေ
ဒေမျက်ဝန်းတိအကြောင်း
ကမ္ဘာတစ်သောင်းက ကြားအောင်
ပြောပြလိုက်မေ။

              ပန်းသီကြိုး(ရသေ့တောင်)
              ၂၆-၆-၂၀၂၁

Friday, June 25, 2021

ရူးခြင်းလှသူများ


ဖတ်လက်စ စာအုပ်ထက်က
စာမျက်နှာတိပိုင်
အချိန်ဆိုစွာလည်း အခန်းဆက်မက်ထားရရေ
အိမ်မက်။

သူမဆိုင် ငါမဆိုင်နန့်
ပန်းတိုင်းမပွင့်နိုင်...ရေခါ
သူတနိုင် ငါတနိုင်
ဝင်ထမ်း ...
ဒေလမ်းကို 
အရူးလမ်းလို့ခေါ်ရေလတ်

အရူးတိလျှောက်တေလမ်းမာ
အယစ်ရည်ဖတ်ရယ်သံတိမဟိမ့်
နတ်ယောင်ကားအပြုံးတိမဟိမ့်
ဘဝင်တခွဲသားနန့်
အပေါ်ယံ နှမ်းဖြူးသားမဟိမ့်

ပကတိ ရိုးသားခြင်းမာ
ဇာရညှိလာတတ်နိုင်ဖို့လည်း
အပြုံးတိစွာ ...
အလင်းနှစ်သန်းပေါင်းများစွာထိ မွှီးရေ။


‌အသူပင်ကောက်လို့ဖတ်ဖတ်
အကွာအဝီးကို
နှလုံးသားနန့်ရာသတ်မှတ်ပါ
ဘဝအသိတိနန့်
တွင်းဆုံးကျအောင်မိုက်မိလို့
အရူးလို့ခေါ်ကေ
လမ်းတစ်ဖက်မာ
ရပ်ကျန်ခသူတိကို သနားမိယင့်။

အရူးလို့ထင်ကေ ရူးပါရေ
အသွပ်လို့ထင်ကေ သွပ်ပါရေ

ယင်းပိုင်နန့်  ငါရို့ ရူးသွပ်ကတ်တေ
အနုအရွ နန့် အလှအပတိအကြောင်း
အဆိုးအပျက်နန့် ဗရဗရေတိအကြောင်း
ရူးသွပ်လိုက်တေ
ဒေရူးခြင်း သီအိုရီထဲမာ
ငါရို့က 
နိမိတ်ပုံ အကောင်းစားနန့်
ရူးခြင်းလှရေ ...။

                      ပန်းသီကြိုး(ရသေ့တောင်)
                      ၂၅-၆-၂၀၁၂

စစ်တွေလမ်းမကြီး(၅)

လမ်းမကြီးတစ်လျှောက်
နာလာလည်းလမ်း
လမ်းလည်းနာလာ
ယကေ...
မိုးကျယာပယေ။

ရာသီချိန် ပုံရိပ်တိက
ဟောင်းလိုက်သစ်လိုက်နန့်
မိုးလာကေ အသက်ဝအောင်ရှူ

ကိုယ့်တာကိုယ်မလုံရေစိတ်နန့်
ကိုယ့်ဝန်ကိုယ်မနိုင်ရေစိတ်နန့် ကေလည်း
မိုးကြီးရေ ရက်တိမာ
လမ်းမထွက်လို့လည်း မလွတ်။

                   ပန်းသီကြိုး(ရသေ့တောင်)
                   ၁၉/၆/၂၀၂၁

စစ်တွေလမ်းမကြီး(၄)

တန်းစီတိုးရရေစနစ်သစ်အောက်မာ
ကော်မရှင်စားတိခြီချင်းလိမ့်လို့
အပူငွီတိစွာ အလိုဆန္ဒလောက်တော့ခါ
ပူပုံမရ...

အဆင်မပြေမှုဆိုစွာလည်း
လုပ်စားကွက်တစ်ခုယာမလား

ငါးရာတန်ခရီးကို
နှစ်ထောင်လောက်နန့်အရောက်ပို့ပီးသူကိုလည်း
ကျေးဇူးစကားပြောလိုက်ရသိမ့်ယင့်
ဒေလမ်းမကြီးစွာ
ယလောက်ထိဖော်ရွေစွာမျိုး။

               ပန်းသီကြိုး(ရသေ့တောင်)
               ၃၀-၅-၂၀၂၁

စစ်တွေလမ်းမကြီး(၃)

နီစွယ်ကျိုးလားကေတောင်
ရုန်းကန်မှုအစအနတိက
ခေါင်းထောင်နိန်တုန်း...

အာသွက်လျှာသွက်လာရေ
ရခိုင်သားအဘိဓာန်တိလည်း
အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုယ်စီနန့်
စီးမျောလို့...

ကမ်းတက်လီညှင်းတိနောက်မာ
ဖုန့်မှုန်တိပိုင်အကွန်ဆောင်လို့
လူငယ်အာဟာရကို
သောက်သုံး
လီဗာဇကုန်ဖွင့်သံအဆုံးမာ
ဂစ်တာသံစိုင်တိ ပြန်ကြားရရေ။

                  ပန်းသီကြိုး(ရသေ့တောင်)
                  ၁၇-၅-၂၀၂၁

စစ်တွေလမ်းမကြီး(၂)

ဒေလမ်းမကြီးတလျှောက်

လိုစွာထက်ပိုနီရေအသံတိက
နေရာတိုင်း
ထောင့်တိုင်းနားတိုင်း

တတိန်းချေနီ
တတိန်းချေနီ...ဆိုလို့
ကျယ်လာရေအသံတိ

လက်ဖက်ရည်တစ်ခွက်နန့်
နိုင်ငံရေးသုခမိန်တိ
မေယုဈီးမာပိုင်
ပြတ်နိုင်ကေ အတန်နန့်လည်းရရေမြင်ယင့်။

                ပန်းသီကြိုး(ရသေ့တောင်)
                ၁၄-၅-၂၀၂၁


စစ်တွေလမ်းမကြီး(၁)

တတိုင်က...
အိတ်စ်ဇောပိုက်တိ
အပူလွန်ကဲနီရေ အိတ်စ်ဇောပိုက်တိပိုင်
မျက်စိ နား နှာခေါင်း
အာရုံခံအင်္ဂါတိ လိုဘဦးဆောင်ရာနောက်
ဆစ်ဂနယ်မီးမပြဘဲ
ကွေ့ချလိုက်တေသူ။

တတိုင်က...
ခြူခြာမရသတ်နီရေ
ပတ်ဝန်းကျင်ကို ဂရုမထားနိုင်ရေစိတ်နန့်
ဝမ်းနန့်အား မမျှတရေအရပ်မာ
ခံယူချက် တချို့တဝက်နန့်
ဘဝကို ခေါင်းခုလုပ်ထားရေသူ။

တတိုင်က...
ပတ်ဝန်းကျင်ကို လဘောချ
ဘောရိရအထာနန့်
ကြက်ဥအကျင်ပိုင်
အနစ်နန့်အကာရောလားရေသူ။

ယင်းပိုင်နန့်...
ရပ်တန့်နီရေနာရီစင်ကြီးအောက်မာ
နာလာမြောင်းတိလည်း
အနံအဖြစ်ရာစီးလို့မြင်ယင့်။

                           ပန်းသီကြိုး(ရသေ့တောင်)
                            ၁၀-၅-၂၀၂၁


ဇွန်လမိုးစက်တိနန့်တတူ

နီအပူနန့်ညောင်းညာကိုက်ခဲ့နီခရေရက်တိ
ဇာလောက်ပင်ပန်းခယာလဲ
ဇာလောက်ဆင်းရဲခယာလဲ

မိုးစက်တိကတော့ မုတ်သုန်နန့်တတူရောက်လာရေ
အပစ်ရပ်ထားရေ စစ်အီးကာလတခုမာ
ကျောင်းတက်ခေါင်းလောင်းထိုးနိန်ယာကားယေ
ဒေကျောင်းဒေကန်တိ
စစ်စခန်းဖြစ်ခရေ
တချို့ကဂုထိ ဖြစ်တုန်းသိမ့်
အားလုံးကောင်းဖို့ အားလုံးကောင်းနီဖို့မလိုကြောင်း
ဇွန်လ မိုးစက်တိကပြောပြပါလိမ့်မေ

အပူနန့်အအီးကြားက
ထရံပပါးချေတချပ်ကိုခွာချဖို့
ဇာလောက်စောင့်လိုက်ရလဲ
ဘဝဆိုစွာ အဆင်သင့်မဖြစ်ဘဲရောက်နီရရေအရပ်
ဒေနှစ် ကျောင်းပြန်တက်ရရေ ရက်မာ
စာသင်ကျောင်းနံရံထက်က
ကျည်ကျရာတကွက်ကို ငါရို့တိ ဝိုင်းကြည့်ကတ်တေ
တရားခြင်းနန့်မတရားခြင်းနောက်မာ
ပုန်းနိန်ရေအရာတိကတော့
အားကောင်းမောင်းသန်နန့်ပြောကတ်တေ

ဒေအရပ်နန့်ဒေဇာတ်ကတော့
မိုးတလင်းဗျာယ်ယေ။

                    ပန်းသီကြိုး(ရသေ့တောင်)
                    ၂-၆-၂၀၂၁

စီးဆင်ခြင်းမဲ့ပင်လယ်

စီးဝင်လာသရွီ့ လက်ခံနိုင်ရေ
ဇာအရပ်ကဖြစ်ဖြစ်
ဇာပုံစံနန့်ဖြစ်ဖြစ်

မြင်နိန်ရေအတိုင်း
ခမ်းနားလိုက်တေဆိုစွာ

ကြားနိန်ရစွာက
လှိုင်းထန်ရေ
နစ်မြုပ်တေ
လီထန်ရေ

ကိုယ်တိုင်မစီးဆင်းရေပင်လယ်
ကမ်းနားမာ ခရုခွံချေလောက်တောက်
တင်ကျန်မနီပါကား။

                   ပန်းသီကြိုး(ရသေ့တောင်)
                   ၃၀-၅-၂၀၂၁

နောက်ပြန်စီးရေမြစ်

တဘဝစာ အသိတရားတိလည်း
ဖာသိဖာသာ
လားထားရေခရီးတိလည်း
ဖာသိဖာသာ
သက်တမ်းရင့်ဝိုင်ပျက် တခွက်ပိုင် နှလုံးသားတိ
ဇာခါလူလားမြောက်ဖို့လည်း။

                ပန်းသီကြိုး(ရသေ့တောင်)
                ၁၁-၅-၂၀၂၁


နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ