ဖတ်လက်စ စာအုပ်ထက်က
စာမျက်နှာတိပိုင်
အချိန်ဆိုစွာလည်း အခန်းဆက်မက်ထားရရေ
အိမ်မက်။
သူမဆိုင် ငါမဆိုင်နန့်
ပန်းတိုင်းမပွင့်နိုင်...ရေခါ
သူတနိုင် ငါတနိုင်
ဝင်ထမ်း ...
ဒေလမ်းကို
အရူးလမ်းလို့ခေါ်ရေလတ်
အရူးတိလျှောက်တေလမ်းမာ
အယစ်ရည်ဖတ်ရယ်သံတိမဟိမ့်
နတ်ယောင်ကားအပြုံးတိမဟိမ့်
ဘဝင်တခွဲသားနန့်
အပေါ်ယံ နှမ်းဖြူးသားမဟိမ့်
ပကတိ ရိုးသားခြင်းမာ
ဇာရညှိလာတတ်နိုင်ဖို့လည်း
အပြုံးတိစွာ ...
အလင်းနှစ်သန်းပေါင်းများစွာထိ မွှီးရေ။
အသူပင်ကောက်လို့ဖတ်ဖတ်
အကွာအဝီးကို
နှလုံးသားနန့်ရာသတ်မှတ်ပါ
ဘဝအသိတိနန့်
တွင်းဆုံးကျအောင်မိုက်မိလို့
အရူးလို့ခေါ်ကေ
လမ်းတစ်ဖက်မာ
ရပ်ကျန်ခသူတိကို သနားမိယင့်။
အရူးလို့ထင်ကေ ရူးပါရေ
အသွပ်လို့ထင်ကေ သွပ်ပါရေ
ယင်းပိုင်နန့် ငါရို့ ရူးသွပ်ကတ်တေ
အနုအရွ နန့် အလှအပတိအကြောင်း
အဆိုးအပျက်နန့် ဗရဗရေတိအကြောင်း
ရူးသွပ်လိုက်တေ
ဒေရူးခြင်း သီအိုရီထဲမာ
ငါရို့က
နိမိတ်ပုံ အကောင်းစားနန့်
ရူးခြင်းလှရေ ...။
ပန်းသီကြိုး(ရသေ့တောင်)
No comments:
Post a Comment