Tuesday, September 10, 2019

ပါးလွှာတဲ့တောင်ပံတစ်စုံ


အပါးလွှာဆုံး အ​တောင်​ပံ​ရဲ့
တ၀ီဝီမြည်​​နေတဲ့အသံ

သင်းပျံ့ပျံ့ရနဲ့​တွေထဲ ခုန်​ဆင်း
စုပ်​ယူလိုက်​တဲ့ ရနံ့တစ်​ခုအတွက်
ငွေ့ရည်​ဖွဲ့လာမယ်​ ချိုမြိန်​မှုကိုစားသုံး
မျိုးဆက်​တစ်​ခုဆီ
သယ်​​ဆောင်​သွားမယ့်​ ခွန်​အားဆိုတာ
တောင်​ပံခတ်​သံ​တွေနဲ့ ။

အပါးလွှာဆုံး
တောင်​ပံ​လေးနဲ့
လေအဟုန်​ကို ထိုးခွဲပျံသန်းလိုက်​တယ်
တ၀ီဝီမြည်​သံကို ဘ၀လို့​ခေါ်ကြပါစို့။

                   ပန်းသီကြိုး(ရ​သေ့​တောင်​)
                   ၁.၇.၂၀၁၉



No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ