ဇာတ်ထဲကလို့တော့မဟုတ်
ကမ္ဘာဟာကျယ်ဝန်းလှတဲ့
အကြမ်းဖက်ရာဒေသ
ဆိတ်ကွယ်ရာ
အရပ်မှာ
ဖောက်ပြန်တတ်တဲ့မိန်းမတစ်ယောက်လို့
လိပ်ပြာလုံပါရဲ့လား...
အရွက်တွေတစ်ပင်လုံးဝါထိန်နေခဲ့ပြီ
မင်းတို့သတိမထားမိလိုက်လို့
အရွက်တွေဝါထိန်နေခဲ့ပြီ
လေပွေအတိုက်မှာ
အမှိုက်တစ်စလို့လွင့်ကြပေါ့...
ဒီအိမ်ကြီးမှာပလူပျံနေတဲ့
သွေးတွေ
ဘယ်နံရံကိုပဲစင်ပစေ
ခေါင်မိုးကိုမရောက်နိုင်ဘူး
လူကြီး ကြက်သားစားချင်တော့
လူငယ်တွေ
ကြက်သတ်ပေးရတာမျိုးပဲ
တည်ဆောက်ထားမှုဟာ
ခေါက်ရိုးကျိုးနေတဲ့
ရှပ်တစ်ထည်လိုလှတယ်တဲ့
ဘာတွေလုပ်ခဲ့ပြီလဲ
ဘာတွေလုပ်နေတာလဲ
ဘာတွေဆက်လုပ်မှာလဲ
စေတနာအမှား
လုံးဝကို
မမှန်တဲ့စေတနာအမှားနဲ့
နှစ်တွေမနည်းပေါင်းခဲ့ပြီ
ဆက်သွယ်မှုဧရိယာထဲရောက်ဖြစ်ရင်
ကွာရှင်းပြတ်စဲကြောင်း
ကြေငြာမယ်။
အမှောင်ဟာ
အလင်းကိုထိုးဖောက်ဝင်သွား
လိမ့်မယ်
အလင်းရောင်မပျောက်ခင်
အမှောင်ကိုတွေးကြောက်နေတဲ့စိတ်ဟာ
ထင်ရာစိုင်းလို့ရိုင်းနေမှန်း
လူတိုင်းသိပါတယ်။
ပန်းသီကြိုး(ရသေ့တောင်)
၂၄.၆.၂၀၁၉
No comments:
Post a Comment