Thursday, May 9, 2019

သင်္ချိုင်းရေးတဲ့ကဗျာ




 ခြုံထူ​နေတဲ့ကြားကအုတ်​ဂူ​တွေဟာ

ထုံး​ရောင်​ညစ်​ညစ်​ကွဲအက်​ရာ​တွေ​ပေါ်
ဇရာ​ထောင်း​နေတဲ့လူအိုတစ်​​ယောက်​လို
ဟောင်း​မြေးငြိမ်​သက်​လို့​ပေါ့။
ဇရပ်​​ထဲကသရဏဂုံတင်​သံ​တွေကြားတိုင်း
သိက္ခာထပ်​လာ​တဲ့အုတ်​ဂူ​တွေဟာ
တည်​ငြိမ်​ရင့်​ကျက်​ခဲ့ပြီလား
ဟောင်နွမ်းခဲ့ရုံကာလတစ်​ခု​အောက်​မှာ
ဘဝဆိုတာအလျားအနံ​အ​ပြောင်းအပြန်​​လျှောက်
ဘယ်​​တွေ​ရောက်​ခဲ့မှန်းမသိရတဲ့
အတိတ်​​မေ့​ရောဂါသည်​​တွေဟာငါတို့ပဲ။

အချစ်​​တွေကိုဒီ​နေရာမှာမြင်​ရတယ်
ဒါ​ပေမယ့်​​ အတွင်းသားမလတ်​တဲ့ခန္ဓာ
ဘယ်​​လောက်​ပဲချစ်​ချစ်​ပစ်​ခဲ့ရတာပဲ
ဘယ်​​လောက်​ပဲငိုငို အသုံးမလိုတဲ့အပိုသက်​သက်​ပဲ
လေးဖြူ ရဲ့သီချင်းလို
တွေးရင်း​ငေးရင်း ခဏ​လေးပဲ​လေ။

အနားကသစ်​ရွက်​က​လေး
ဖြုတ်​ခနဲ​ကြွေသွား

များများစားစား​လောကသား​တွေ
အလှည့်​ကို​စောင့်​ရင်း
ဖုံထဲကဖဲကိုဆွဲလိုက်​သလို
ဘဝဆိုတာ တက်​ချင်​တာတက်​လာပြီး
အသုံးမတည့်​တာ​တွေ ပစ်​ချလိုက်​ဖို့ဝန်​မ​လေးသင့်​ဘူး။

                     ပန်းသီကြိုး (ရ​သေ့​တောင်​)



No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ