Monday, April 22, 2019

လွယ်ကြိုးပြတ်တဲ့အိတေွ


.........................................
အ​ကြောင်းမဲ့ပစ်​သတ်​ခံရတဲ့အရပ်​သား​တွေကို
ငါတို့ဟာ ​ကျောပိုးအိတ်​​တွေလိုသယ်​​ဆောင်​ထားတယ်​။
မုန်​တိုင်းပြီးခဲ့ရင်​​တောင်
ငါတို့ဆက်​သယ်​​နေအုန်းမှာပဲ
ဒါဟာ ​ခြောက်​​သွေတဲ့ရာသီထဲက
အမြဲစိမ်း​နေတဲ့သစ်​ပင်​လိုပဲ
တ​ဖြေး​ဖြေးပိုပိုအရွယ်​​ရောက်​လာတယ်​။
နောင်​တမရပါဘူး
အမှန်​တရားအတွက်
ဘယ်​အရာကမှ​နောက်​မကျ​သေး​ဘူး။
ဘ၀ဆိုတာ ချိုချဉ်​ဖန်​ခါးအရသာစုံ​နေတဲ့
ထမင်းဝိုင်းလို
ငါတို့ဟာ လက်​​ရေတပြင်​တည်းစားကြဖို့ပဲလိုတယ်​။
နွေဦးရဲ့ဂီတထဲ
ငိုသံ​တွေ​ရောပါသွားတဲ့အခါ
အငြိုးနဲ့ရွာမယ့်​မိုးဟာ ငါတို့ဖြစ်​ပါ​စေ
စိတ်​ဟာ မင်္ဂလာဦးညထက်​ကို
ပိုပိုဆာ​လောင်​​နေတယ်​။
                      ပန်းသီကြိုး(ရ​သေ့​တောင်​)
                      15.4.2019

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ