Friday, March 8, 2019

ဒဏ်ရာဟာကြံရာပါအနာဖြကေြာင်းုံးသပ်ခြင်း



ဒို့တာဝန်​အ​ရေးသုံးပါးထဲက
နောက်​ဆုံးအ​ရေးထဲနစ်​​နေတဲ့အထဲ
ငါမပါတာကံ​ကောင်းတယ်​။

အကွဲအပြဲ​တွေစုထည့်​ထားတဲ့
အရူးတစ်​​ယောက်​ရဲ့လွယ်​အိတ်​ထဲက
ပြည်​​ထောင်​စုဖတ်​စာအပိုင်းအစ​တွေဟာ
ငါ့တိုင်းပြည့်​ရဲ့အလှလား
ငါဟာကိုယ့်​ထမင်းကိုယ်​ရှာစားပြီး
ငါမယူတဲ့အ​ကြွေး​တွေထဲနစ်​​နေခဲ့။

လူတန်းစားဆိုတဲ့​ပေတံရဲ့​အောက်​ဆုံးမာ
စာအုပ်​ကြီးသမား​တွေစု​နေ​လေရဲ့
သူတို့ဟာဒိုင်​နို​ဆော​တွေဖြစ်​သလို
ငါဟာကမ္ဘာဦးသစ်​ရွက်​တစ်​ရွက်​ဖြစ်​ပါတယ်​။

အ​ကောင်းနဲ့အဆိုးကိုမခွဲခြားဖို့
ကမ္ဘာမှာအစတည်းကကန့်​သတ်​ထားခဲ့တာဟာ
၎င်းတို့ရဲ့အားသာချက်​များဖြစ်​​လေသလား
ဒီကမ္ဘာဟာအလွဲ​တွေနဲ့ခမ်းနား​နေတဲ့ဘုံ
တန်​ဖိုးနည်းအိမ်​ရာ​တောင်​မဝယ်​နိုင်​တဲ့
တန်​ဖိုးနိမ့်​​ငွေလည်းငါ့မှာမရှိခဲ့
ကျောက်​ဖြစ်​ရုပ်​ကြွင်း​တွေနဲ့လမ်းခင်းတဲ့​ခေတ်​ကြီးကိုကြိုဖို့
ကမ္ဘာဟာမတရားသမျှ
ငါဟာငို​ကြွေး​နေရမယ့်​အတူတူ
ဖီးနစ်​ငှက်​လိုပဲအသက်​ရှင်​ပါရ​စေ။

                        ပန်းသီကြိုး(ရ​သေ့​တောင်​)
                         ၂၈.၂.၂၀၁၈

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ