Friday, March 8, 2019

ွေပေါမေယုမြစ်ကြီးပေြာင်းအလဲမြန်သလို


ပူလွယ်​​အေးလွယ်​ဖြစ်​လာတဲ့ကမ္ဘာကြီးထဲ
လောဘဟာလိုင်းဆွဲအားအ​ကောင်းဆုံး
ဆက်​သွယ်​​ရေးစနစ်​ဖြစ်​​တယ်​။

လောဘကြီးတတ်​ဖို့
ဘယ်​ဘုရားမှတရားမပြခဲ့
ချစ်​သားတို့ရကြ​စေသားလို့
ဗျာဒိတ်​​တော်​လည်းမထားခဲ့။

လူ​တွေဟာကမ္ဘာကိုသစ်​ဖို့
လူ​တွေဟာကမ္ဘာကို​ဟောင်းဖို့​ပေါ့
စိုးရိမ်​စရာမရှိပါဘူး
တစ်​ကိုယ်​စာအတ္တကို စက်​ဝိုင်းချဲ့ ကြ
မွေးဖွားခြင်းဟာ​သေဆုံးခြင်းမှန်​ရင်
ဖြစ်​ခြင်းဟာပျက်​ခြင်းမှန်​ရင်
စိုးရိမ်​စရာမရှိပါဘူး။

လောဘဟာ​လောကရဲ့ အဆင်​တန်​ဆာပဲ
နွေဦး​ပေါက်​မှာ​မေယုမြစ်​ကြီးအ​ပြောင်းအလဲမြန်​သလို
ငါတို့ဟာပူလွယ်​​အေးလွယ်​သတ္တဝါ​တွေပဲ
လက်​နှစ်​ဖက်​​ပေါင်းတိုင်းတစ်​ဆယ်​အတိဖြစ်​​နေရင်
ဘဝဟာပျင်းစရာ​ကောင်းတယ်​။

                  ပန်းသီကြိုး(ရ​သေ့​တောင်​)
                    ၁၅.၂.၂၀၁၈



No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ