Sunday, March 3, 2019

မင်းဟာရေှ့မှာလဲကျတဲ့သူ



•••••••••••••••••••••••••••••••••

နွေ​လေ​ပြေကိုကြိုးတပ်​ပြီး
မင်းဆီဆွဲခဲ့မယ်​​လေ
စပယ်​​တွေ​ရေ​လောင်း​ပေါင်းသင်​ထားတဲ့ည​နေ​တွေနဲ့
ငါဘဝလက်​ယက်​တွင်း​လေးထဲမှာ
မင်းရဲ့အ​မော​တွေသွန်​ခဲ့ပါ။

စိမ့်​စမ်း​ရေလိုမျိုး
ခပ်​​လေထွက်​​လေဆို​ပေမယ့်
ဘဝဆိုတာ လိုအပ်​သ​လောက်​ပဲအဓိပ္ပါယ်​ရှိတာပါ
ဒီနည်းနဲ့
ငါဟာက​ဗျာ​တွေကို​ရေးခဲ့ပြီး
ငါရဲ့အ​မော​တွေသွန်​လိုက်​တယ်​။

အေးသည်​ဖြစ်​​စေ
ပူသည်​ဖြစ်​​စေ
အ​ကောင်းအဆိုးဆိုတာ
ဓာတ်​မတည့်​တဲ့အစားအစာလိုပဲ
တည့်​ခြင်းနဲ့မတည့်​ခြင်းမှာ
ကွဲပြားသလို​ပေါ့...

လမ်း​လျှောက်​လို့ခလုတ်​တိုက်​ကြတာပဲ
မင်းဟာငါ့​ရှေ့လာ​မှောက်​လျက်​လဲကျတာမြင်​​နေမှ​တော့
သေချာပါတယ်
ငါဟာကူညီချင်​ရုံသက်​သက်​ပါပဲ။

                 ပန်းသီကြိုး(ရ​သေ့​တောင်​)
                 ၁၃.၃.၂၀၁၈

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ