Friday, March 1, 2019

ငါရယ်မင်းရနေွရယ်



••••••••••••••••••••••••••
နွေဦးရဲ့အခန်းထဲ
နှင်းဇာပါးပါးကိုဖယ်​လို့
ငါဝင်​လိုက်​တယ်​...
ငါဟာ ​နွေလား ငါဟာ ​နေလား
ငါဟာ​ကြွေကျလာတဲ့
မြယာရွက်​လား
သေချာတာဟာမ​သေချာခြင်းလား။
နှင်း​တွေကိုလက်​ပြန်​ကြိုးတုပ်​ပြီး
နွေဟာအကျဉ်းသားလုပ်​ခဲ့သလို
ပိ​တောက်​ဖူးထဲကထွက်​ကျလာမယ့်​​ရေစက်​​တွေ
နဲ့ မင်းဟာနှစ်​သစ်​ကူးဖို့တာဆူ​နေ​ရော့​ပေါ့
ငါ့ရဲ့ဆယ်​စုနှစ်​​တွေထဲ
မင်းနဲ့လူလား​မြောက်​လာတဲ့
ငါ့​ဝေဒနာ​တွေငါပြန်​ဖတ်​လိုက်​တယ်
မင်းရဲ့​နေ့ဟာငါရဲ့​နေ့​တွေကို
ဝါးမြို ​နေဆဲပါပဲ။
               ပန်းသီကြိုး(ရ​သေ့​တောင်​)
               ၂၁.၃.၂၀၁၈
               World poetry day

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ