ပထမဆုံးအလင်းတန်းတန်းချေ
ဒေကမ္ဘာကိုကျရောက်တေနိ
ဖြစ်တည်မှုသီအိုရီနိဒါန်းအဖွင့်ကို
ဇာဘာသာစကားနန့်ဖြစ်ဖြစ်
ဘာဘာ နားလည်တတ်ယာသမီးချေ။
ရင်ကိုလာနှောင်ဖွဲ့ရေကြိုးတိုင်းထက်
အနောင်းဆုံးကြိုးတစ်ပင်အဖြစ်
ဒေသက္ကရာဇ်ထက်မာ လာကျစ်တေ။
ဘ၀ဆိုရေအတိမ်အနက်ကိုဖြတ်ဖို့
လက်နှစ်လုံးစာဖ၀ါးချေနန့်သမီးချေစလှမ်းနီရေ
ချစ်ခြင်းတရားကိုဗဟိုပြုတိုက်ခတ်နီရေ
လီညှင်းတိနန့် ရွက်ရွှင့်ပါလီ။
ပန်းသီကြိုး(ရသေ့တောင်)
၁၀.၁၀.၂၀၁၈
No comments:
Post a Comment