Friday, February 8, 2019

သဲ​သောင်ပြင်



************

ပင်​လယ်​ပြင်​ထဲငုပ်​လျှိုးဆင်းသွား
ဒါဟာ ကမ်းမည်​တဲ့ဆင်​​ခြေ​လျော​လေးရဲ့
နိစ္စဓူဝ
ရာဇ၀င်​ပဲ​ပေါ့...

အိတ်​​ဇောဖြုတ်​ထားတဲ့ဆိုင်​ကယ်​လို​ကောင်​​တွေ
ပုလင်း​တွေလာရိုက်​ခွဲတာကို
ဖွင့်​ထုတ်​ခြင်း လို​ခေါင်းစဉ်​တပ်​သွား​သေးတယ်

တောင်​​တွေဆီ​ငေးပြီး
လှိုင်းအူသံ​တွေနဲ့လွမ်း​တေးကိုသီကြူး​ပေးလိုက်​တိုင်း
သဲ​သောင်​ပြင်​ရဲ့မျက်​ရည်​ဟာစိုလိုက်​​ခြောက်​လိုက်​ပါပဲ...

မတန်​တဆကမ်းကပ်​ခြင်းခံရတဲ့ပုံပြင်​ထဲ
ဝင်​ကစွတ်​လို​ကောင်​​တွေဟာဇာတ်​လိုက်
ခရုခွံအ​ကြေအမွ​လေး​တွေရဲ့
အ​ရောင်​ဟာပျယ်​​နေခဲ့ရ
ဒီသဲ​သောင်​ပြင်​ကြီးနဲ့အတူ
ပင်​လယ်​ထဲငုပ်​လျှိုးလိုက်
လှိုင်း​တွေရိုက်​ရင်​ ကမ်း​ပေါ်ပြန်​လိုက်​​ပေါ့။

နေ၀င်​ချိန်​ကိုထိုင်​​ငေး​နေတဲ့ချစ်​သူစုံတွဲက​ပြောတယ်
နေ၀င်​ချိန်​ဟာသိပ်​လှတာပဲတဲ့
ပင်​လယ်​ဟာသိပ်​လှတာပဲတဲ့
ပြီး​တော့သူတို့ဟာသဲ​သောင်​ပြင်​ကိုနင်း​လျှောက်​ပြီး အိမ်​ပြန်​ခဲ့တယ်​။

                  ပန်းသီကြိုး (ရ​သေ့​တောင်​)
                  ၁၅.၁၁.၂၀၁၈

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ