Friday, February 8, 2019

လူတစ်ယောက်အကြောင်း



အ​ကော်​ဒီယံကထွက်​တဲ့အသံလိုပဲ
ဆွဲဆွဲငင်​ငင်​ရှိတယ်
ရင်​ခွင်​ပိုက်​ထားတဲ့ဝင်​သက်​ထဲ
အရာရာဟာတိုက်​စား​ပျော်​၀င်​လာခဲ့ပြီ
အ​ကောင်းအဆိုးအားပြိုင်​မှုမှာ
လွယ်​ရာက​တော့ များ​သောအားဖြင့်​နိုင်​တဲ့
သ​ဘောပဲ။

လက်​ထဲမှာ...
ကျီး​ပေါင်းတက်​​နေတဲ့ ၀န်းကျင်​တစ်​ခုရှိပြီ
နီး​ဝေးနိမ့်​မြင့်
အာရုံခံမှုမြင့်​သ​ရွေ့
ရေကူးသူတစ်​​ယောက်​လို့​ရှေ့တိုးနိုင်​ဖို့
ရေကူးတတ်​ဖို့လို​နေပြီ။

လတ်​လတ်​ဆတ်​ဆတ်​ ကျရှုံး​နေရတဲ့​ခေတ်​အ​ကြောင်း
တီးတိုး​ပြောဆိုသံ​တွေဆူဆူညံညံပဲမလား
လူ​တွေဟာ လူလားမ​မြောက်​နိုင်​တဲ့ကီးနဲ့​တော့
အ၀င်​အထွက်​မှန်​မှန်​ပါပဲ
ဒီလိုနဲ့ပင်​လယ်​​ရေ​တွေအငံ​လျော့လာမယ်
သန်းမ​လောက်​တဲ့​ဦး​ခေါင်းထက်​ကဆံပင်​​တွေလို
တောင်​​တွေဟာ​လေ၀င်​​လေထွက်​​ကောင်းတဲ့
အလင်း​ရောင်​​ကောင်းစွာရတဲ့
စာသင်​ခန်းတစ်​ခုလို​ပေါ့။

တစ်​ကိုယ်​စာအတ္တနဲ့မလုံနိုင်​​တော့တဲ့
ငါတို့ရဲ့ မနုဿ    ​ ​ဗေဒအ​ကြောင်း
တွေ​ပြောရအုန်းမယ်​။
လူဆိုတဲ့တိရစ္ဆာန်​​တွေအ​ကြောင်း​ပြောရအုန်းမယ်​။
ယုံကြည်​ကိုးကွယ်​မှုဟာအလိမ်​အညာ​တွေဖြစ်​​ကြောင်း​ပြောရအုန်းမယ်​။
နိုင်​ငံ​ရေးဟာအာဏာတည်​မြဲ​ရေးဖြစ်​​ကြောင်း​ပြောရအုန်းမယ်​။
ဖွံ့ဖြိုးတိုးတက်​မှုဟာ ရုပ်​ပိုင်းဆိုင်​ရာဖြစ်​​ကြောင်း​ပြောရအုန်းမယ်​။
လူတစ်​​ယောက်​ဟာလူတစ်​​ယောက်​အ​ကြောင်း​ပြောရအုန်းမယ်​။
လူတစ်​​ယောက်​ဟာလူအများအ​ကြောင်း​တွေ​ပြောရအုန်းမယ်​။
လူတစ်​​ယောက်​ဟာ လူလားမ​မြောက်​မှုရဲ့​ကျေးကျွန်​ဖြစ်​​ကြောင်း​ပြောရအုန်းမယ်​။
လူတစ်​​ယောက်​ဟာအ​အေးမိ​နေ​ကြောင်း​ပြောရအုန်းမယ်​။
လူတစ်​​ယောက်​ဟာဒွိဟ​တွေအ​ကြောင်း​ပြောရအုန်းမယ်​။
လူတစ်​​ယောက်​ဟာ​ပြောစရာ​တွေအ​ကြောင်း​ပြောရအုန်းမယ်​။
လူတစ်​​ယောက်​ဟာ​သေဆုံးခြင်းအ​ကြောင်း​ပြောဖို့​တော့
လူပီသစွာ​နောက်​ဆုံးစာရင်းသွင်းလိုက်​တယ်
အဲ့ဒီ​နောက်​ လူတစ်​​ယောက်​​သေဆုံး​ကြောင်း
လူတစ်​​ယောက်​​ပြော​နေပြီ။
လူတစ်​​ယောက်​အ​ကြောင်း
လူတစ်​​ယောက်​အ​ကြောင်း
အဲ့ဒီလူတစ်​​ယောက်​အ​ကြောင်း
ပြောကြရ​အောင်​ပါ။


               ပန်းသီကြိုး(ရ​သေ့​တောင်​)
               ၂၁.၁၁.၂၀၁၈

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ