******************
မိုးတွေအသည်းအသန်ရွာနေတာရပ်သွားတဲ့နေ့
မယူတောင်ဟာ နှင်းတွေခြုံပြီးနိုးထလာတယ်
ငှက်တွေရဲ့အသံကို ကျိကျိကြာကြာ
ပြန်ကြားလိုက်ရတဲ့အခိုက်
ဆယ့်နှစ်နှစ်စာ အလွမ်းကို
အတွေးနဲ့ရောကြို သောက်ချလိုက်တဲ့အခါ
ဘ၀ရဲ့ခြေရာတွေဟာ
ထွေပြားလွန်းတဲ့ခရီးတစ်ခုဆီသွားနေဆဲပေါ့။
နှင်းစက်တွေရဲ့သီအိုရီအတိုင်း
မတတ်သာလို့မာန်လျော့နေရတဲ့လူ့ဘ၀တွေများတယ်
နေမင်းကြီးဟာအေးခဲနေကျအတိုင်း
လောင်းကျွမ်းလို့လာတယ်
ဒါဟာနေ့ရက်တွေရဲ့အသက်ရှူ မှုတစ်မျိုးဆိုရင်
ဘ၀ဆိုတာအသက်ရှူ ကျပ်နေတဲ့
ရောဂါသည်ပဲ။
ပျက်စီးနေတဲ့ခေတ်ကို
ပျက်စီးတော့မယ့်ခေတ်သစ်ဟာခေါင်းထောင်ကြည့်တယ်
ဟုတ်ကဲ့...
ဒီကနေ့ကျရောက်တဲ့ ၇၉ နှစ်မြောက်
ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို
အလေးပြု လိုက်ပါရဲ့
ခေတ်ပျက်ကြီးထဲ ခေါင်းထောင်ကြည့်ရတာ
တိုက်ပွဲကြားထဲရောက်နေတဲ့
စစ်သားတစ်ယောက်လိုပါပဲ
တည်ဆောက်ထားရမယ့်စိတ်ထား
ဘ၀ဆိုတာအရိပ်သုံးပါးနားလည်ရမယ့်အရပ်
မယူတောင်ခြေရင်းမှာပေးဆပ်လိုက်တဲ့နောက်
ဘောက်ဖက်လိုကောင်တွေ ဓာတ်ပုံရိုက်ဖို့ရောက်တယ်
လွမ်းသူပမ်းခွေတွေသာယူသွားလိုက်တော့။
ပန်းသီကြိုး(ရသေ့တောင်)
၉.၉.၂၀၁၈
မီးကျောင်းရေသောက်ကျေးရွာ
၇၉နှစ်မြောက်ဆရာတော်ဦးဥတ္တမနေ့
အခမ်းအနားသို့
No comments:
Post a Comment