Sunday, February 10, 2019

စိတ်ဟာညညဆို ကဗျာတွေထရေးနေတယ်



----------------------------------------------
မှိတ်​ထားတဲ့မျက်​လုံးထဲ
ဘ၀ဟာခုန်​၀င်​လာတယ်
စေညွှန်​ရာလွင့်​​နေမယ့်​အ​တွေး
လက်​ထဲရှိတာချ​ရေးလိုက်​တဲ့​နောက်

ပြတင်းတံခါးဟာလ​ရောင်​ထဲခုန်​ထွက်​သွားတယ်
ငြိမ်​သက်​လွန်းတဲ့​လေ​ပြေဟာ
မလှုပ်​မညှက်​အိပ်​​မောကျ​နေဆဲ
အိပ်​မ​ပျော်​တာငါပါလား
ခေါင်းစဉ်​​ပျောက်​​နေတဲ့ညရဲ့နံရံ​တွေ​ပေါ်
ဒီစိတ်​နဲ့တွယ်​တက်​ခဲ့မိ

မနက်​ဖြန်​ဘာလုပ်​စရာရှိပါသလဲ
မျက်​စိစူးစရာမှန်​အိမ်​တစ်​လုံးဟာ
အ​ရောင်​ထလက်​လာတယ်
ကြက်​ဖတစ်​​ကောင်​ဟာ
ရာဂစိတ်​နဲ့ထတွန်​​လိုက်​တယ်
တစ်​​ကောက်​...ပြီး​တော့ ​နောက်​တစ်​​ကောင်
နောက်​တစ်​​ကောင်
ဒီလိုသာအသံကြားရာထတွန်​​ကြေးဆိုရင်
ညဆိုတာ တ​မှေးမှအိပ်​ခွင့်​မရနိုင်​ဘူး​ပေါ့။

အသက်​ရှူ သံပြင်းပြင်းနဲ့
မနက်​ခင်းကို လင်း​စေလိုက်​ဖို့
သွေးပူ​လေ့ကျင့်​ခန်း​လေးစမယ်
ကိုယ်​ဟန်​အမူအယာ
ပခုံး ​ခေါင်း ခါး ​ခြေ လက်
ရထား​တွေ လွန်းထိုးပြီး​တောင်​​ပေါ်တက်​ကြသလို
မနက်​ခင်းဟာ ဆာ​လောင်​မှု​တွေနဲ့နိုးထလာတယ်

မျက်​နှာ​ပေါ်ထိုးကျလာတဲ့​နေ​ရောင်​ခြည်
ငါဟာနိုး​နေရာကထပ်​နိုးခဲ့ရ​ပေါ့
ငါဖုန်းရဲ့ note book​ပေါ်မှာ
ငါဟာ ဘယ်​ကဗျာမှရှာမ​တွေ့ခဲ့
ငါစိတ်​ရဲ့ နံရံ​တွေမှာ
ကဗျာစာသား​တွေလိုက်​ဖတ်​ကြည့်​မိ​တော့
ဝေေ၀၀ါးဝါး ။

                  ပန်းသီကြိုး(ရ​သေ့​တောင်​)
                  ၁၉.၉.၂၀၁၈

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ