ရလိုမှုတစ်ခုတည်းနဲ့
ယုံကြည်မှုတွေချနင်းလိုက်ပြီပေါ့
ဆိုကရေးတီးလို
အဆိပ်ခွက်ကိုင်မြောက်ပြီး
ယုံကြည်မှုဖက်ကရပ်တည်လိုက်မလား
ငါတို့ဟာကျေးဇူးခံကျေးဇူးစားနဲ့
ဗျာများနေစရာမှမလိုတာပဲ
ရှေ့မဆက်ချင်ရင် ရပ်လိုက်ပေါ့
ရွေးချယ်မှုတိုင်းဟာ မှန်တဲ့ဘက်မှာဆိုရင်
သူမှန်တယ် ငါမှန်တယ်နဲ့
အငြင်းပွါးစရာလား
ငွေတစ်ခုတည်းအတွက်
မိတ်ဆွေတွေရဲ့နောက်ကျော့မှာသွေးစိမ့်ထွက်လာပြီဆိုရင်
သေချာတာကမိတ်ဆွေမဟုတ်ဘူး
ငါ့နောက်ကျောကသွေးတွေဟာ
ငါ့မိတ်ဆွေလက်ချက်မဟုတ်ဘူး
ငါနဲ့မိတ်ဆွေဖြစ်ခဲ့ဘူးသူတစ်ယောက်ရဲ့လက်ချက်တော့ဖြစ်နိုင်တယ်
အနာကျင်ရဆုံးဒဏ်ရာဆိုတာ
ရင်ထဲကတဆစ်ဆစ်မနာပါဘူး
ခံစားချက်ရဲ့ဦးတည်ရာအတိုင်း
တမြေ့မြေ့ နဲ့နာကျင်ရခြင်း...
ငါ...စိတ်ကုန်တယ်
ငါ...ဒီဆက်ဆံရေးတွေကိုစိတ်ကုန်တယ်
ငါ...ဒီဆက်သွယ်ချက်တွေကိုစိတ်ကုန်တယ်
ငါ...လူနဲ့ငွေကိုတစ်တန်းတည်းထားသူတွေကိုစိတ်ကုန်တယ်
ငါ...စိတ်ကုန်တယ်
ငွေမကြိုက်တဲ့လူတွေငွေစကားပြောတာစိတ်ကုန်တယ်
လူမကြိုက်တဲ့ငွေတွေလူစကားပြောတာစိတ်ကုန်တယ်
ငါ့ကို့လမ်းမှာတွေ့ရင်ပြုံးပြပါ
ငါ့ဆီဝင်လည်ပါ
ငါ့ရဲ့အသုံးမကျမှုတွေကိုပြောပါ
ငါ့ရဲ့အားနည်းချက်တွေကိုအပြစ်ရှာပါ
ငါတို့ဟာ သံသရာဝဲမှာ
မြုပ်ချည်ပေါ်ချည်လည့်နေတဲ့အမှိုက်တစ်စဆိုရင် မတော်တဆတိုက်မိခဲ့ကြရုံပဲမလား
ဘ၀ဆိုတာကိုနားလည်ဖို့
သင်ခန်းစာတွေဟာအခန်းပေါင်းများစွာ
မကြေလည်တာတွေထဲကတစ်ချို့ဟာ
ငွေနဲ့ဝယ်လိုက်ရတာတော့သေချာတယ်။
ပန်းသီကြိုး(ရသေ့တောင်)
၁၆.၉.၂၀၁၈
No comments:
Post a Comment