....................
အဖြူ ရောင်နှောင်ကြိုးတွေနဲ့အိမ်ဖွဲ့ထားတဲ့ည
လမ်းမှားတဲ့စရိုက်ကို ဘွာခတ်ခွင့်မပေးဘူး
ငါဟာမှားခဲ့တာဆိုရင်
မင်းအတွက်ဝမ်းရေးပေါ့
လောကဆိုတာ မှားကွက်နင်းပြီးချဉ်းကပ်မှ
ပိုခရီးရောက်တာပါ။
အားရှိသမျှရုန်းကြည့်လိုက်တာပဲ
ခြေထောက်ရှစ်ချောင်းစာအင်းဆက်တစ်ကောင်နဲ့စာရင်
ခြောက်ချောင်းပဲပါတာ
ငါ့ကံဆိုရင်
အသွေးအသားကိုစုပ်ယူသောက်သုံးပါ
အခွံအောက်က
တဆစ်ဆစ်နာနေမယ့် အသားအရေဟာ
သံဗူးထဲကအချိုရည်လို
ခမ်းသွားပါလိမ့်မယ်
အနှစ်မရှိတော့တဲ့အခါ
ငါ့ခန္ဓာအဟောင်းဟာ
ပိုးမျှင်တန်းလန်းနဲ့
လေမှာလွင့်လို့နေလိမ့်မယ်။
ပန်းသီကြိုး(ရသေ့တောင်)
၁၉.၉.၂၀၁၈
No comments:
Post a Comment