...........................................................................
ဆောင်းအလာကိုစောင့်ရင်း
နေဟာရင်မှာပူလှပေါ့နွေရေ
လက်ပြစရာအတိတ်တစ်ခုထဲမှာ
ဘာတွေကိုအရောင်လက်အောင်ပွတ်တိုက်နေတာလဲ
ကျန်ခဲ့တဲ့အရာဟာချန်ခဲ့တဲ့အရာထက်သာတယ်
တောခွေးတစ်အုပ်လိုဝိုင်းကိုက်ဖို့
ယုံကြည်ရာကို အနာအဖြစ်ထွင်းထု
ဘ၀အတု...
အလှအတု...
လူဆိုတာကိုယ်နိုင်သလောက်ပါပဲ
မနက်စောစောမှာ
ငှက်တွေသာဆာလောင်နေတာမဟုတ်ဘူး
နားလည်မှုအစစ်ထက်
လက်ရောင်လိုက်နေတဲ့ ကောင်းကင်မှာ
မပျော်ပါနဲ့
ငါတို့
စိုင်းထီးဆိုင်သီချင်းထဲကလိုပဲကြိုးစားပါ။
သဘာဝအရတော့
လူတိုင်းလှဖို့ထက်
လူတိုင်းရဖို့ပဲလိုတယ်။
ခုတစ်လော တောခွေးတွေ
မေထုန်မှုပြုတဲ့ရာသီပဲ
ဒီစိတ်နဲ့ထမင်းမေ့ဟင်းမေ့နေတယ်
ငါတွေးတာတစ်ခုက
ဆာလောင်မှုတိုင်းဟာ အတိုင်းအတာနဲ့ဆိုရင်
လက်ထဲဘာမှဆုပ်ထားစရာမလိုဘူး။
တစ်လမ်းတည်းသွားကြသူချင်း
မျှစားလို့မရတဲ့စိတ်နဲ့ရူးနေတဲ့ဂြိုလ်ဟာ
ကမ္ဘာလို့ခေါ်တယ်။
ပန်းသီကြိုး(ရသေ့တောင်)
၂၄.၉.၂၀၁၈
No comments:
Post a Comment