Sunday, February 10, 2019

ငါ့မေတ္တာတော်နဲ့ဆွတ်ဖြန်းမယ့် မနက်ဖြန်



--------------------------------------------

စာ​မေးပွဲခန်းဝင်​ရမယ့်​​ကျောင်းသားတစ်​​ယောက်​လိုခံစားရင်း
ငါဟာ ကိုယ်​မ​ဖြေရမယ့်​စာ​ဖြေခန်းထဲ
ငါဟာ ငါဝင်​ခွင့်​မရတဲ့စာ​ဖြေခန်းထဲ
မင်းတို့​တွေ ​ဖြေနိုင်​ကြပါ​စေ

ငါဟာမင်းတို့အတွက်
စိုးရိမ်​စိတ်​ကိုမျိုသိပ်​ပြီး
ကြိတ်​မှိတ်​အိပ်​မရတဲ့သူပါ
ပိုးသတ်​​ဆေးနံ့လှိုင်​​နေတဲ့အခန်းထဲ
ငါအသက်​ရှူ မ၀ခဲ့တာဟာ
အောင်​စီဂျင်​နည်းတာထက်
ဒီရင်​ဘတ်​က ဒဏ်​ဟာပိုပိုကြပ်​လာတယ်

ဘေးကင်းပါ​စေလို့နူတ်​ကမထွက်​​ပေမယ့်
ငါတတ်​သ​လောက်​ ဘုရားစာ​တွေရွတ်
အမြီးအ​မောက်​မတည့်​တဲ့တရားစာအတွက်
ကြိုမကျက်​မိတာ ​နောင်​တရတဲ့​နေ့​ပေါ့

ဘေးကင်းပါ​စေ
ငါ့​မေတ္တာ​တွေက စလို့
ကမ္ဘာ​လောကကြီးရဲ့​မေတ္တာ​တော်​​တွေအားလုံး
မင်းတို့သားအမိဆီဖြန့်​ကျက်​ပါ​စေ
မနက်​ဖြန်​မှာ​တော့ အားယူပြီးပြုံးတဲ့အပြုံးတစ်​ပွင့်
အားပြု ငို​ကြွေးမယ့်​ က​လေးငိုသံသဲသဲ
ငါကြားချင်​​နေပါပြီ
မင်းတို့ ​ဘေးကင်းကြပါ​စေ။

              ပန်းသီကြိုး(ရ​သေ့​တောင်​)
              ၂၆.၉.၂၀၁၈

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ