..................
သေချာသလောက်တော့မသေချာခဲ့ဘူး
နာမည်တွေရောင်းစားဖို့နာမည်ရဖို့လိုတယ်
ဆပွတ်တိုင်မလိုတဲ့ အာရုံတစ်ခုပဲ
အမိဖမ်းလိုက်ပါ
ဒီလောကကိုက...
ယောင်ဝါးဝါးကောင်တွေများတာ
အကောင်းသားပဲမလား
ဒီအကြောင်းကို ဆက်ဆွေးနွေးဖို့
အစိုးရကဘတ်ဂျက်ချမပေးဘူး။
အဓိပ္ပါယ်သက်ရောက်မှု
အကျိုးအမြတ်
ဘေးထွက်ဆိုးကျိုး
ဒါတွေထက် ပိုဆိုးတာကဘာလဲ
မွေးကတည်းကDateတပ်ပေးလိုက်တယ်
အမည်နာမဆိုတာ
ရှာဖွေမှုရဲ့ရှေ့ပြေးပုံစံပဲ
ထားပါတော့
တွေ့တွေ့မတွေ့တွေ့
ဖြစ်တည်လာရခြင်း အတိုင်းထက်
ပိုပိုထွားလာရတဲ့ပယောဂဟာ
ရှည်လျားလွန်းတယ်
ရှာဖွေမှုပုံစံသစ်ရဲ့ရလဒ်ကိုလွင့်ပစ်လိုက်ပါပြီ
မေးနေရတာတွေပဲများလွန်းတော့
ကိုယ့်ပုံစံကိုယ်ဖျောက်နေရတာကပဲ
စတိုင်ကျသလိုလို
မဆိုင်တာတွေးလိုက်
တံဆိပ်လာကပ်မယ့်ကောင်တွေရှိမှာပဲ
အာရုံတွေစုနေမယ့်အစား
အာရုံတွေလွတ်ထားလိုက်တယ်
ဒီကောင်တွေမျက်စိလည်လိုလည်ငြားပေါ့။
ပန်းသီကြိုး(ရသေ့တောင်)
၁၃.၇.၂၀၁၈
No comments:
Post a Comment