*****************
ရှင်သန်မှုတွေကိုလွန်မြောက်ဖို့
ဗုဒ္ဓကနိဗ္ဗာန်ကူးခဲ့တာလား
ဖြစ်တည်မှုတွေပျောက်ကွယ်သွားစေတာ နိဗ္ဗာန်လား
စကြ၀ဠာ ကြီးထဲကအပြီးထွက်သွားတဲ့ အာရုံတွေဟာ
ယုံကြည်မှုအဖြစ်ကျန်ခဲ့တယ်။
အချိန်တွေဟာရပ်နေတာပါ
သွားနေတာကငါပဲ။
ပြောင်းလဲခြင်းဟာရပ်တန့်နေတာပါ
ပြောင်းလဲနေတာကငါပဲ။
လိုအပ်မှုတွေကပြည့်စုံနေတာပါ
မပြည့်စုံတာကငါပဲ။
ငြိမ်းချမ်းရေး
ဆူပူအကြမ်းဖက်မှု
ဒီနှစ်ခု ကြောင့်ပဲ
ငါ့ယုံကြည်မှုတွေတည်ဆောက်ခဲ့
ငါ့လောဘတွေဖန်တီး
ငါ့လောကတွေဖန်တီး
ပျောက်ကွယ်သွားဖို့ကြိုးရင်း
ငါတည်ဆောက်နေတာတွေများပြီ
ဘာမှမယုံကြည်ခဲ့ရင်
ဘာမှတည်ဆောက်စရာမလိုဘူး
ငါလုပ်နေတာတွေဟာ
သဘာဝတရားကြီးအတိုင်းပျောက်ကွယ်သွားပါစေ
မနက်ဖြန်ဆိုတာ
ကမ္ဘာလည်နေခြင်းသက်သက်ကြောင့်တော့မဖြစ်နိုင်ဘူး။
ငါဟာ လိုင်းပေါင်းများစွာပူးကပ်နေတဲ့
ဆက်သွယ်မှုဧရိယာထဲက
Wireless ကရိယာတစ်ခုလား။
ပန်းသီကြိုး(ရသေ့တောင်)
၁၃.၇.၂၀၁၈
No comments:
Post a Comment