Wednesday, February 27, 2019

မင်းရဲ့ညာရင်ုံပေါ်နားကမှဲ့တစ်စင်းြောင်း



•••••••••••••••••••••••••••••••••••••••••••••
အနီ​ရောင်​ဇာထည်​​အောက်​က
အနက်​​ရောင်​ကြယ်​တစ်​စင်းရဲ့
တဖျတ်​ဖျတ်​အလင်းထဲ...
တည်​တည်​ငြိမ်​ငြိမ်​​လေးကျဆင်းလိုက်​တယ်​။

ချထားတဲ့မျက်​လွှာ​လေး
တစ်​ထပ်​ချင်းဆွဲခွာလိုက်​ဖို့
ငါမဝံ့ရဲခဲ့ပါဘူး​လေ။

နွေရဲ့ည​နေခင်း​လေ​ပြေထဲ
ငါဟာ​ကြွေပြီးရင်း​ကြွေ...။

တရားမဝင်​တဲ့ရနံ့​တွေကြား
လိုင်​စင်​မဲ့နှလုံးသားဟာ
ဇာ​ရောင်​စုံဖက်​ရှင်​တစ်​မျိုးရဲ့
အတွင်းဘက်​နံရံ​တွေဆီ​ပြေးတက်​သွားတယ်​။

မင်းဟာနွဲ့နွဲ့​လေးလင်းခဲ့တဲ့ အလင်းတန်း
နှလုံးသားကို နှစ်​သန်း​ပေါင်းများစွာ
ဖြတ်​သန်းခဲ့ပြီ​ပေါ့
မင်းရဲ့ညာရင်​အုံအ​ပေါ်နားကမှဲ့တစ်​စင်းရဲ့
အလင်းက တဖျတ်​ဖျတ်​လတ်​လို့။

                  ပန်းသီကြိုး(ရ​သေ့​တောင်​)
                  ၆.၄.၂၀၁၈

Tuesday, February 26, 2019

လောင်စာ



•••••••••••••••••••
ကမ္ဘာကြီးရဲ့အခွံမာမာ​ပေါ်ဖြတ်​​လျှောက်​ကြ
အတွင်းသားကိုလှမ်း​ခေါက်​ကြ
နိ​ဗ္ဗာန်​​ပျောက်​​နေတဲ့ပိုးမွှား​တွေ
သား​ပေါက်​အား​ကောင်းတယ်​။
အလုအယက်​ပဲ...
တရားဝင်​သတ်​မှတ်​ချက်​​တွေတိုင်း
တရားဝင်​သလား
ကမ္ဘာကြီးရဲ့အခွံမာမာ​ပေါ်ဖြတ်​​လျှောက်​ကြ
အတွင်းသားကို
နားရွက်​ရာထင်​​အောင်​နှိုက်​ထုတ်
ပါလာတဲ့မျက်​ရည်​​တွေကို
မူးယစ်​​အောင်​​သောက်​သုံး
လူမှန်းမသိ​အောင်​မူးပြီ
လူမှန်းမသိ​အောင်​ရူးပြီ
လူ​တွေဟာမှတ်​ဥာဏ်​အပို​တွေနဲ့ပြည့်​​နေတဲ့ တကယ့်​​လောင်​စာ။
ကုထုံး​အသစ်​တွေဘယ်​​လောက်​​ကောင်း​ကောင်း
လူ​တွေဟာအသက်​တရာ​ကျော်​မရှည်​ဘူး
ကမ္ဘာကြီးရဲ့အခွံမာမာ​ပေါ်ဖြတ်​​လျှောက်​ကြ
မှတ်​တမ်း​တွေများလာသ​လောက်
လိုအပ်​ချက်​​တွေဟာမ​လောက်​မငှဖြစ်​တုန်း
ဒါဟာတကယ့်​​လောင်​စာပဲ
ခေတ်​မီနိုင်​ငံ​တော်​ကြီးဟာ​လောင်​စာ
ဒီမိုက​ရေစီဟာ​လောင်​စာ
ဖက်​ဒရယ်​ပြည်​​ထောင်​စုဟာ​လောင်​စာ
ငြိမ်းချမ်း​ရေးဟာ​လောင်​စာ
ဆင်းရဲမွဲ​တေမှုဟာ​လောင်​စာ
စစ်​​ဘေးဒုက္ခသည်​​တွေဟာ​လောင်​စာ
ရွေး​ကောက်​ပွဲ​တွေဟာ​လောင်​စာ
အစိုးရဝန်​ထမ်း​တွေဟာ​လောင်​စာ
ခရိုနီ​တွေဟာ​လောင်​စာ
မီဒီယာ​တွေဟာ​လောင်​စာ
ယုံကြည်​ချက်​​တွေဟာ​လောင်​စာ
လောင်​စာ...လောင်​စာ...လောင်​စာ...
ဒီ​လောင်​စာ​တွေနဲ့
ကမ္ဘာဟာ ခု​တော့
Loading မလုပ်​နိုင်​ရှာဘူး။

                 ပန်းသီကြိုး(ရ​သေ့​တောင်​)
                  ၁၇.၄.၂၀၁၈

Loading50%



လူသားရဲ့ဝတ္တရားအတိုင်းပဲ
အချစ်​​တွေ​ဖောက်​ထည့်​လိုက်​တဲ့အခါ
ဘဝဟာရိုးရိုးစင်းစင်းလှလာပါတယ်​။
မေတ္တတရားကို Download ဆွဲဖို့
အပြန်​အလှန်​လိုအပ်​တဲ့ကရိယာများဟာ
ကျွန်​​တော်​တို့ရဲ့အ​သွေးအသားထဲ
Loadingလုပ်​​နေကြ
ကိုယ်​​တွေနဲ့ရင်းနှီးလိုက်​ရမှ
အဓိပ္ပါယ်​ပိုလှလာတဲ့အထဲမှာ
မေတ္တတရားဟာထိပ်​ဆုံးကပါလားဆိုတာ
နားလည်​လိုက်​တယ်
မမြင်​ဖူး​သေးတဲ့မျက်​နှာ​လေး
စိတ်​ထဲ​တွေးရင်း....
သမုဒ္ဒရာတစ်​စင်းကို စီးဆင်း​စေဖို့
အလိုလို​ရောက်​လာတဲ့ခွန်​အားဟာ
မေတ္တတရားပါပဲ။

                  ပန်းသီကြိုး(ရ​သေ့​တောင်​)
                  ၂၀.၄.၂၀၁၈

သူ့လက်ဖဝါးမှာအုတ်ပေလို့



••••••••••••••••••••••••••••••••••••••
လက်​ဖဝါးနုနုမှာ
အုန်​နီမှုန့်​​တွေ​ပေလို့
နဖူးကမြစ်​ဖျားခံလာတဲ့​ချွေးဟာ
ပါးမို့မို့​ပေါ်ကသနပ်​ခါးကိုတိုက်​စား
သူဟာ​နေ​လောင်​ခြင်းကိုကာကွယ်​ဖို့
အင်္ကျီလက်​ရှည်​ဝတ်​ထားတယ်​။
ဦးထုပ်​အနွမ်းကိုခပ်​ရွဲ့ရွဲ့​ဆောင်းပြီး
ဘဝကိုတစ်​ရက်​စာပဲ​ပေါင်းသင်း
အလုပ်​သိမ်းချိန်​အ​ရောက်
မျဉ်းတစ်​​ကြောင်းတည်း​အောက်​မှာ
ခြေလှမ်းမှန်​မှန်​​လျှောက်​တတ်​သူတစ်​​ယောက်​ဖြစ်​တယ်​။
ဘဝဟာ​နေ့တွက်​ခရလိုက်​သလိုပါပဲ
ပင်​ပန်းထားသမျှ ခဏ​တော့​ပျော်​လိုက်​ရသလိုလို
ပေးဆပ်​သမျှကို​မေ့ပြီး
ပစ္စက္ခကိုကြည့်​တတ်​ဖို့
ပညာတတ်​ဖို့လိုသလား
တစ်​ခါတစ်​ခါကြုံရတဲ့
အလုပ်​ရှင်​များက
သူ​ချွေး​တွေထက်​ပိုငန်​​နေတဲ့အခါ
ဖြေစရာရှာရင်းကိုယ့်​နှလုံးသားကိုပြန်​​တွေ့တဲ့သူ။
နေ့တိုင်းဟာအာမခံချက်​မရှိဘူးဆိုတဲ့
ဘဝဖြတ်​သန်းပုံခပ်​ကြမ်းကြမ်းကို
မျက်​လုံး​ပေါက်​ကျဉ်းကျဉ်းနဲ့
ကြည့်​တဲ့သူ​တွေဟာ
ချွေးကဖြစ်​တဲ့​ငွေရဲ့တန်​ဖိုးကိုမသိတဲ့
ခပ်​ပိန်းပိန်း​ကောင်​​တွေလို့သူ​တွေးတယ်​။
သဲ​ကျောက်​အုတ်​ဘိလပ်​​မြေ​တွေက
သူ့လက်​ဖဝါးနုနုကိုစားသလို
သူ့လုပ်​ရှင်​​တွေက
သဲ​ကျောက်​အုတ်​ဘိလပ်​​မြေ​တွေကိုပြန်​စားတယ်
ဒါဟာအလုပ်​ရှင်​​တွေရဲ့အလုပ်​သမားအ​ပေါ်ထားတဲ့​စေတနာပါပဲ
သူရဲ့လက်​ဖဝါးနုနုကိုကြည့်​လိုက်​တယ်
အသားမာတက်​​နေတဲ့ဂြိုလ်​ခုံ​တွေဟာ
အရိုးသားဆုံးပဲလို့​တွေးလိုက်​တယ်
သူ့လက်​ဖဝါးမှာ​တော့အုတ်​နီမှုန့်​​တွေ​ပေလို့...။

                  ပန်းသီကြိုး(ရ​သေ့​တောင်​)
                  ၂၄.၄.၂၀၁၈

မျက်ရည်တာပေါ်အုပ်ဖွဲ့ပျံသန်း



••••••••••••••••••••••••••••••••••••
ပါး​ပြင်​​ပေါ်ခ​ဏ​လေးဖြတ်​စီးသွားတာ
ဝေဒနာ​တွေနဲ့စာရင်
တန်​ရဲ့လား....
သံ​ယောဇဉ်​ နွှယ်​ရက်
နာကြင်​စရာရဲ့တစ်​ဖက်​ကို
ငါတို့ မျက်​ရည်​ဘယ်​​လောက်​​ပေးပြီး
ဖြတ်​ရမလဲ...

အရူးကွက်​နင်း​နေတဲ့လူ့အခွင့်​အ​ရေးထဲ
နိုင်​ငံ​တော်​ဟာလက်​လုပ်​လက်​စားဆန်​ဆန်
ကိုယ်​ချင်းစာတရားရဲ့အထက်​ကို
အုပ်​ဖွဲ့ပျံသန်းကြ
လမ်းတိုင်းဟာအပျင်းဖျား​နေကြ...

သွေးနားထင်​​ရောက်​​နေကြတဲ့
ငါတို့ရဲ့မျက်​ရည်​​တွေ
သား​ပျောက်​သမီး​ပျောက်​မိဘ​တွေရဲ့
မျက်​ရည်​​တွေ
အမိ​ပျောက်​အဖ​ပျောက်​သား​တွေရဲ့
မျက်​ရည်​​တွေ....
လင်​​ပျောက်​မယား​ပျောက်​သူ​တွေရဲ့
မျက်​ရည်​​တွေ....
ရပ်​စွန့်​ရွာစွန့်​သူ​တွေရဲ့မျက်​ရည်​​တွေ
မျက်​ရည်​​တွေ....
တန်​ရဲ့လား
ငါတို့ရဲ့မျက်​ရည်​​တွေတန်​ပါရဲ့လား
ငါတို့မျက်​ရည်​​တွေကိုငါတို့အစိုးရ
ကိုယ်​ချင်းစာပါရဲ့လား
ငါတို့အစိုးရနားလည်​ပါရဲ့လား
မနိုင်​မနင်းဖြစ်​​နေတဲ့​လောဘသား​တွေက
တွံ​တွေးခွက်​မှာပက်​လက်​​မျောဖို့
အသက်​ကယ်​အင်္ကျီဝတ်​ထားတယ်​။

ငါတို့ရဲ့တွံ​တွေးဟာ
တကယ်​​ဆေးဖက်​ဝင်​တာပဲ
ငါတို့ရဲ့ပါး​ပေါ်ကမျက်​ရည်​စီး​ကြောင်းဟာ
စိုလိုက်​​ခြောက်​လိုက်​စီးလို့။

                  ပန်းသီကြိုး(ရ​သေ့​တောင်​)
                  ၁.၅.၂၀၁၈

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ