Tuesday, February 26, 2019

မျက်ရည်တာပေါ်အုပ်ဖွဲ့ပျံသန်း



••••••••••••••••••••••••••••••••••••
ပါး​ပြင်​​ပေါ်ခ​ဏ​လေးဖြတ်​စီးသွားတာ
ဝေဒနာ​တွေနဲ့စာရင်
တန်​ရဲ့လား....
သံ​ယောဇဉ်​ နွှယ်​ရက်
နာကြင်​စရာရဲ့တစ်​ဖက်​ကို
ငါတို့ မျက်​ရည်​ဘယ်​​လောက်​​ပေးပြီး
ဖြတ်​ရမလဲ...

အရူးကွက်​နင်း​နေတဲ့လူ့အခွင့်​အ​ရေးထဲ
နိုင်​ငံ​တော်​ဟာလက်​လုပ်​လက်​စားဆန်​ဆန်
ကိုယ်​ချင်းစာတရားရဲ့အထက်​ကို
အုပ်​ဖွဲ့ပျံသန်းကြ
လမ်းတိုင်းဟာအပျင်းဖျား​နေကြ...

သွေးနားထင်​​ရောက်​​နေကြတဲ့
ငါတို့ရဲ့မျက်​ရည်​​တွေ
သား​ပျောက်​သမီး​ပျောက်​မိဘ​တွေရဲ့
မျက်​ရည်​​တွေ
အမိ​ပျောက်​အဖ​ပျောက်​သား​တွေရဲ့
မျက်​ရည်​​တွေ....
လင်​​ပျောက်​မယား​ပျောက်​သူ​တွေရဲ့
မျက်​ရည်​​တွေ....
ရပ်​စွန့်​ရွာစွန့်​သူ​တွေရဲ့မျက်​ရည်​​တွေ
မျက်​ရည်​​တွေ....
တန်​ရဲ့လား
ငါတို့ရဲ့မျက်​ရည်​​တွေတန်​ပါရဲ့လား
ငါတို့မျက်​ရည်​​တွေကိုငါတို့အစိုးရ
ကိုယ်​ချင်းစာပါရဲ့လား
ငါတို့အစိုးရနားလည်​ပါရဲ့လား
မနိုင်​မနင်းဖြစ်​​နေတဲ့​လောဘသား​တွေက
တွံ​တွေးခွက်​မှာပက်​လက်​​မျောဖို့
အသက်​ကယ်​အင်္ကျီဝတ်​ထားတယ်​။

ငါတို့ရဲ့တွံ​တွေးဟာ
တကယ်​​ဆေးဖက်​ဝင်​တာပဲ
ငါတို့ရဲ့ပါး​ပေါ်ကမျက်​ရည်​စီး​ကြောင်းဟာ
စိုလိုက်​​ခြောက်​လိုက်​စီးလို့။

                  ပန်းသီကြိုး(ရ​သေ့​တောင်​)
                  ၁.၅.၂၀၁၈

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ