Wednesday, August 17, 2022

ပြဇာတ်




တောကြီးမျက်မည်းထဲမာ
အသားစားသတ္တဝါတိကအစွယ်ဝှက်ထားနိုင်ရေ
တိရစ္ဆာန်ဥပဒေစိုးမိုးရေ
နိုင်လိုမင်းထက်တိစိုးမိုးရေ
အဆိပ်မဲ့ပန်းဆိုကေ ကြွီ
ပုရွတ်ဆိတ်ချေတိပိုင်ယာ
မတော်တဆခြီမွခံလိုက်ရစွာမာ
အသက်ပါ ပါလားရေ
ဒေပြဇာတ်စွာ
နိဖြစ်ဖြစ် ညဉ့်ဖြစ်ဖြစ် အရေးမကြီး
ဘဝစွာဆိတ္ဆီကားထိုင်ကြည့်နိန်ရေပိုင်
မလုံခြုံရေစိတ်နန့် အသက်ရှူရရေ
အလောင်းကောင်တိထက်ကထိုးသွင်းဒဏ်ရာတိစွာ
လူတိနှလုံးသားကို အကြိမ်ကြိမ်ထိုးသတ်နိန်ရေ။

ဒေပြဇာတ်မာ
ဇာတ်လိုက်နန့်ဇာတ်လိုက်မ မပါ
ဇာတ်ပို့ ဇာတ်ရံ မပါ
မုဆိုးနန့်သားကောင်ရာပါရေ။

ဒေပြဇာတ်မာ
တရားခြင်းမတရားခြင်း မပါ
အကျိုးသင့်အကြောင်းသင့် မပါ
လောဘနန့်ဒေါသရာပါရေ။

ဒေပြဇာတ်မာ
ကိုယ်ချင်းစာတရား မပါ
မေတ္တာတရား မပါ
လူသားဆန်မှု မပါ


ဒေပြဇာတ်မာ
ဆိုင်းသံဗုံသံတိကတော့ တခြိမ့်ခြိမ့်
လက်ခုပ်သံ ‌တဖြောင်းဖြောင်း

ကာလကာနောက်ကွယ်က ငိုသံသဲသဲစွာ
မသဲမကွဲ 
မပီမသ
မထင်မရှား
မသိမသာ
မှုံ ဝါး တိုး တိမ် ပျောက် ကွယ်။

                     ပန်းသီကြိုး(ရသေ့တောင်)
                     ၁၆-၈-၂၀၂၂








Friday, August 5, 2022

ခရီးရှည်

မိုးတဖြောက်ဖြောက်ရွာရေ
ငါ့လမ်းတိစွာ ချောလို့
နပူရရဲ
ငါ့လမ်းတိစွာ ခြောက်လို့ကပ်လို့
တုန်ပါအောင်ချမ်းရေ
ငါ့လမ်းတိစွာ နှင်းရည်စွတ်လို့

ဇာလောက်ဝီးဖို့လည်း
ရာသီမိုးလီမျှတအောင်
ငါ့စိတ်ကိုပြင်ဆင်ထားယင့်

ထိုး...အဝီးမာ
မမှိန်ချေလင်းနိန်ရေ အလင်းတစအတွက်
ဆက်လျှောက်ခရေ

အလင်းနှစ်တိထဲမာ
အိမ်မက်တိပုန်းမနိန်အောင်
ထမင်းတထပ်စားရေ
အလင်းစချေကိုတခေါက်ကြည့်ရေ
ခြီတလှမ်းတိုးရေ...

ပင်လယ်ကိုလက်ပစ်ကူးရေပိုင်
ရှိမာ ကမ်းမမြင်နိုင်ကေလည်း
ငါ့နောက်မှာ မနည်းကျန်ခယာကားယေ။

                       ပန်းသီကြိုး(ရသေ့တောင်)
                       ၅-၈-၂၀၂၂

အထင်ရှားဆုံးသက်သီ

တဖက်နန့်တဖက်ပေါင်းကေ
တဖက်တည်းဖြစ်လားရေသီအိုရီအဆွီးတိနန့်
အိမ်မက်တိ
ဘဝတိစွာ
အတောင်နှုတ်ခံထားရရေ ချိုးချေတကောင်ပိုင်
ရင်ကွဲအောင်ကူကေလည်း
အာကာမာပျံသန်းဖို့မဖြစ်နိုင်။

အလိုဆန္ဒထဲက 
သွီးကြောတပင်ချင်းစီတိုင်းမာ
လွတ်လပ်မှုကို
အာဟာရတတ်တေစိတ်နန့်
ဇာတ်လမ်းကို 
တခန်းချင်းကြည့်ပါလတ်စွာရာ...

ကြည့်နိန်တိုင်းလည်း
နားမလည်နိုင်ရေအပိုင်းတိကို
ကိုယ်အသိနန့်ကိုယ်
‌မကြာမကြာရောကျိုထားလိုက်တေ
လူဆိုစွာ အားလုံးကိုမသိနိုင်ရေပိုင်
အားလုံးကိုသိစွာလည်းမကောင်း။

အပြီးမသတ်သိမ့်ရေအတွေးတိ
လမသာရေညဉ့်မာ
ကြယ်ချေတိကို အကောင်းဆုံးမြင်ခွင့်ရစွာပင်
အလင်းစကိုမြတ်နိုးမှုရို့၏
အထင်ရှားဆုံး သက်သီပယေ။

                     ပန်းသီကြိုး(ရသေ့တောင်)
                     10:43
                     (26-7-2022)



စိမ်ပြေနပြေ

မျက်စိတဆုံးအကြည့်တိအောက်မာ
ဘဝဆိုစွာ ဒူးထောက်ကျစရာလား
တရားမျှတရေနိုင်ငံတော်
တရားမျှတရေခေတ်စနစ်
ပြာပုံအောက်ကမဂျေ့
တတည့်ကြည့်လိုက်
ထိုး အဝီးမာလင်းနိန်ရေကြယ်တလုံးစွာ
ငါရို့တိအိမ်မက်ဖြစ်တေ။

သိုက်မပြည့်ပွါမပြည့်နန့်
ဟိတ်ထုတ်ဟန်လုပ် 
အာဏာတဆုပ်နန့် ဘဝကန်းနိန်စွာတိကိုမြင်တိုင်း
ငါ့စာသင်ခန်းချေကိုသတိရပါရေ
အားလုံးသူ အဆင့်တစ်ပီးလို့ကားမရ။

အချိန်တိကကုန်နလီဖို့
အမှန်တိက ကြာနလီဖို့
စာတန်းထိုးလိုက်တိုင်းလည်းဇာတ်လမ်းမဆုံးရေပိုင်
ဘဝဆိုစွာ အပိုင်းဆက်တိထက်
စိတ်ဝင်စားဖို့ကောင်းလာရေ။

ခွီးဟောင်တိုင်းလည်းရွာမဟိမ့်ယာ
ကြက်တွန်တိုင်းလည်း ယာမဟုတ်ယာ
လွမ်းစရာပန်းချီကားတချပ်ပိုင်
ဒေခေတ်စွာ
စိမ်ပြေနပြေထိုင်ကြည့်နိန်ဖို့ကောင်းရေ။

                      ပန်းသီကြိုး(ရသေ့တောင်)
                      ၂၃-၇-၂၀၂၂
                      





နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ