တဖက်နန့်တဖက်ပေါင်းကေ
တဖက်တည်းဖြစ်လားရေသီအိုရီအဆွီးတိနန့်
အိမ်မက်တိ
ဘဝတိစွာ
အတောင်နှုတ်ခံထားရရေ ချိုးချေတကောင်ပိုင်
ရင်ကွဲအောင်ကူကေလည်း
အာကာမာပျံသန်းဖို့မဖြစ်နိုင်။
အလိုဆန္ဒထဲက
သွီးကြောတပင်ချင်းစီတိုင်းမာ
လွတ်လပ်မှုကို
အာဟာရတတ်တေစိတ်နန့်
ဇာတ်လမ်းကို
တခန်းချင်းကြည့်ပါလတ်စွာရာ...
ကြည့်နိန်တိုင်းလည်း
နားမလည်နိုင်ရေအပိုင်းတိကို
ကိုယ်အသိနန့်ကိုယ်
မကြာမကြာရောကျိုထားလိုက်တေ
လူဆိုစွာ အားလုံးကိုမသိနိုင်ရေပိုင်
အားလုံးကိုသိစွာလည်းမကောင်း။
အပြီးမသတ်သိမ့်ရေအတွေးတိ
လမသာရေညဉ့်မာ
ကြယ်ချေတိကို အကောင်းဆုံးမြင်ခွင့်ရစွာပင်
အလင်းစကိုမြတ်နိုးမှုရို့၏
အထင်ရှားဆုံး သက်သီပယေ။
ပန်းသီကြိုး(ရသေ့တောင်)
10:43
(26-7-2022)
No comments:
Post a Comment