Thursday, February 10, 2022

"လ"ရည်မြစ်ထဲက နီတစင်း၏အတ္တ


ဉာဉ့်‌အာကာထဲမာ လ ရောင်မြစ်တစ်စင်းစီးဆင်း
အမှောင်စွာ အရောင်မှိန်ဆင်းလာရေအာသီသနန့်
ဉာဉ့်နံရံကို ကျားကန်ထားသိမ့်ရေ
ပတ်ဝန်းကျင်က
အရှက်မလုံရေ အပျိုမချေကို ထိုးရေမျက်စောင်းမျိုးနန့်
 မကောင်းကြောင်းပြောဖို့ရောက်လာရေ။
 
 သစ်ရွက်တိကြားကဖောက်ထွင်းစီးဆင်းလာရေ
 လရောင်တိက တသွင်သွင်မြည်လို့
 ဇာအကြောင်းနန့်ပင်ဖြစ်ဖြစ်
 ဉာဉ့်ဆိုစွာ အကောင်းမအိပ်ရကေပိုရှည်ရေပိုင်
 အနားမာဆမ်းထားရေ လ ရည်မြစ်ထဲ
 စီးမျောကူးခတ်နိန်လိုက်တေ။

သစ်ရွက်လှုပ်သံကြားရေ
ကမ္ဘာကြီးအကြောင်းထက်
ကိုယ့်အကြောင်းကိုယ်တွေးရေ
တလက်မဇာနှစ်မိုင်စကေးနန့်
ဘဝကိုထည့်ဆွဲရဖို့လည်း...

အခြီခံဥပဒေသတိထဲမာ
ဘဝကိုလက်တွိရွီးဆွဲဖို့ 
ကိုယ့်မီးစာနန့်ကိုယ်လောင်ကျွမ်းယင်း

လ ရည်ဆမ်းထားရေဉာဉ့်မာ
နီတစင်း၏အတ္တပုံဆောင်ခဲတိနန့်
ဘဝဆိုရေပင်လယ်ကို ဘေးသတ်ဖြတ်ကူးနိန်ရေ။

                                       ပန်းသီကြိုး(ရသေ့တောင်)
                                        10:15pm/10-2-202




No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ