ငါကတိန်းလို့ဆိတ်လို့
လှုပ်ရှားမှုတိကြားမာ
ငါက ငြိမ်လို့သက်လို့
ပျံသန်းမှုတိကြားမာ
ငါကနားလို့ခိုလို့
ပေါ့ပျက်မှုတိကြားမာ
ငါကလေးလို့နက်လို့။
ပျံသန်းဝင်လာရေနံနက်စာတိကို အပြစ်ကင်းစွာသောက်မြိုယစ်မူး။အဆုံးသတ်ပြကွက်တစ်ခုပိုင် ရုန်းထွက်ရခက် နောက်လှည့်ရခက် အကြည့်လွှဲရခက် ။
အကြည့်တိစွာမြှားစူးပိုင်လာစိုက်တေ။
လက်ဖျားမာနှလုံးသားကိုပါဆယ်ပိုင်ဆွဲလာရေ
ပိုးမျှင်ကပ်ဘုံပိတ်နားမာ ကမ္ဘာစွာရုန်းလို့မလွတ်။
ပန်းသီကြိုး(ရသေ့တောင်)
10:51pm/3-2-2022
No comments:
Post a Comment