ပွဲခင်းထဲလည်ရဖို့အရွယ်မဟုတ်လား
လူငယ်ချေတိပါ
အဂင့် လူငယ်ချေတိပါရာ
အရွယ်နန့်အပျော်ကိုခေါက်သိမ်း
ချစ်သူကို ခစိမ်းစိမ်းထားလို့
ပရဟိတစိတ်သက်သက်နန့်
မင်းရို့ ပြိုင်တူယိမ်းခကတ်တေ။
အိမ်ပစ်ရွာပစ်အချေတိအတွက်
မင်းရို့က အပျော်နန့်အချိန်ကိုပစ်လို့ မေတ္တာထား
ဒေတရားချေတိကြောင့်
ခေတ်လူငယ်တိကြားမာ မင်းရို့ပိုလှလားကတ်ယာ။
ကိုယ်ချင်းစာတရားကို
ကိုယ်တိုင်ကြုံမှခံစားရစွာက သာမန်လူတိအလုပ်ရာ
ဘဝဆိုရေ အရှုပ်ထုပ်ထဲမာ
လူတဖက်သားဒုက္ခအတွက်
တတ်နိုင်သမျှစေတနာထားတတ်ဖို့
ရက်ရာဇာ ပြဿဒါးဆိုစွာမရှိ
နှလုံးသားအစစ်မာ စာနာစိတ်ဆိုစွာ
အရိပ်ပိုင်လိုက်နိန်လိမ့်မေ။
အဆိုးနန့်အကောင်းတွဲနိန်ရေ လောကမာ
ဇာပိုင်ဆိုရဖို့လည်း
အလှူခံနန့်ဈီးခ မှားကောက်စွာလည်းတမျိုး
ဇာပိုင်ဆိုရဖို့လည်း
အကူဟန်နန့်မြော့ပြ ဂွကျစွာလည်းတမျိုး...
ဇာပဲဖြစ်ဖြစ်...
လူ့သဘာစရိုက်ကို စိတ်မဆိုးတတ်ကေ
မင်းရို့အမြတ်ယာယေ။
ကိုယ့်လမ်းကိုယ်လျှောက်ဖို့
မင်းရို့နှလုံးသားတိ ကြံ့ခိုင်ဖို့ရာလိုရေ။
ပန်းသီကြိုး(ရသေ့တောင်)
၁၉-၁၂-၂၀၂၁
ဟင်းခင်းပြင်ကျောင်းအတွက် စေတီတောင်ပွဲမာတန်ပူလာလှုပ်လို့ ရံပုံငွေရှာသည့် လူငယ်များသို့
No comments:
Post a Comment