Sunday, December 19, 2021

တိမ်ရို့၏ဝေဒနာကောင်းကင်

                                       ပန်းသီကြိုး(ရသေ့တောင်)

ရွာကိုအောက်မိရေစိတ်နန့်
ရွာကြားပတ်လို့မရရေအရပ်
တပိုင်တနိုင် အမိုးအကာချေနန့်
ရွာကို အဝီးကထိုင်ကြည့်
ဇာခါလည်း---

ဆိုက်ဘေးရီးယားငှက်တိတောင်
အချိန်မှန်ပြန်နိုင်ကေ
ငါရို့လည်း
တနိတရက်တော့
လရောင်ကိုမော်ကြည့်
ဖောင်တော်ဦးက လပြည့်ညဉ်တိပိုင်
ရှိဟောင်းနှောင်းဖြစ်တိ ပြောကတ်မေ။

ခတ္တနိန်ထိုင်ရာအရပ်မာ
ကိစ္စတိ အပြီးမသတ်နိုင်သမျှ
အနိစ္စတရားကိုရှု...
ကြယ်ရောင်လရောင်နန့်အဖော်ပြု
နီဝင်လာရေအမှောင်အောက်မာ
မသိမသာမှောက်အိပ်လိုက်ရရေညဉ့်တိ...

ဝါရမ်းထုတ်မခံရကေလည်း
ငါရို့တိထွက်ပြီးနိန်ခရေ
ကျည်မသင့်ရာအရပ်မာ 
အသက်တခုအတွက် နိန်တတ်အောင်ကြိုးစား
အခြီခံအရေးသုံးပါးကိုရှု
ဒေထုံးတရားနန့်ကုန်ဆုံးလိုက်ရရေ ရက်တိ...

မုတ်သုတ်အဝင်နောက်ကျရေနှစ်တိပိုင်
နွီရက်တိရှည်လွန်းရေကားယေ
ဆောင်းခိုငှက်တိပိုင်
ခတ္တခိုနားရာအရပ်မာ
ဘဝကို ကြုံရေပိုင် ထိုးထည့်လိုက်ရကေလည်း
အိမ်အပြန်ခရီးအတွက်
ဇကုန်ပျံသန်းလိုက်ဖို့
အတောင်ပံတိရှိရေ...

ရွာနားကလယ်ပြင်တိ
မြရောင်လည်းမသန်း
ရွှေရောင်လည်းမဝင်း 
ယေကေ...
ရာသီတိပုံမှန်ပြောင်းလီယင့်လား

အိမ်အိုချေလည်း ပြိုယင့်မေ
ခြံတာချေလည်း ကြီယင့်မေ
မကြားတကြား လက်ခုပ်သံတိအောက်မာ
မိသားစုအသိုက်ချေတိ
နွယ်သိုင်းခြုံချုပ်လားယာ။

                        ၁၉-၁၂-၂၀၂၁












No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ