မယူမြစ်ကလှိုင်းတိကိုထိုင်ကြည့်
မဆီမဆိုင်...
မူးယစ်မိရေအတိတ်ထဲမာ
ဂုတ်မဖော်နိုင်အောင်မူးလို့
သွီးသားသန့်စင်ခြင်းအတွက်
လှိုင်းပုတ်သံတိကို ရွီးဆွဲ
ငါကတော့ ကမ်းခြေတစ်ခုထက်မာတင်လို့
အမှိုက်တခုပိုင်
မပြီးဆုံးနိုင်ရေချစ်ခြင်းကို
သံသရာအတွက်
သိက္ခာထပ်နိန်ရေအတ္တနန့်
ငါ့မာ လှလိုက်ရစွာလည်းအမော
အမှိုက်ဆိုးတိကိုချောင်းမာဝဲ
အဆိုးအညစ်မှန်သမျှနန့်
ဒေမြစ်ကို ဇာဖို့ချစ်ပြနိန်ရစွာလည်း
ရှည်လျားလွန်းရေ မျဉ်းတစ်ကြောင်းပိုင်
ကိုယ်အလုပ်နန့်ကိုယ် သက်ဆိုးရှည်ခစွာတိကို
စီးဆင်းပြလိုက်ပါယင့်
လက်တွိဘဝဆိုစွာထက်
သာလွန်ရေဘဝတစ်ခုထက်မာ
ဒေ အိမ်မက်သစ်ပင်တိလည်း
ကိုယ့်အစာကိုယ်ချက်
ဆီးဖြစ်ဝါးဖြစ်တော့
အရက်တခတ်ချေနှက်ရစွာကိုကြိုက်တေ။
ဘုရားအလောင်းတော်လက်သစ်ရို့၏
ဩဝါဒကထာ နန့်လည်းမအပ်
လူကိုလူပိုင်မှတ်ဖို့တတ်ခလို့
ကဗျာရွီးရေ...
ငါ့ကဗျာကို နတ်သားတိလာမဖတ်လီကေ့။
ပန်းသီကြိုး(ရသေ့တောင်)
၁၀-၉-၂၀၂၁
No comments:
Post a Comment